မိမိခန္ဓာကိုယ်ပေါ်မှာ တက်တူးရေးထိုးခြင်းသည် လှပတဲ အနုပညာတစ်ရပ်ဖြစ်ပြီး ကွီးတို့အနေနဲ့ ထိုအနုပညာကို သဘောကျတယ်ဆိုရင်တော့ ကွီးတို့ခန္ဓာကိုယ်ပေါ်မှာလည်း တက်တူးရေးထိုးနိုင်ပါတယ်။ အခုမှ တက်တူး စထိုးမယ့် ကွီး တို့အနေနဲ့ သိထားသင့်တဲ့ အရေးကြီးတဲ့အချက်များလည်း ရှိပါတယ်။

တက်တူးရဲ့သမိုင်းကြောင်း

တက်တူး ကွီး

အခုမှ တက်တူး စထိုးမယ့် ကွီး တို့ရော တက်တူးရဲ့သမိုင်းကြောင်းကို သိပါသလား။

Tattoo ဆိုတဲ့ စကားလုံးသည် Tahitian စကားလုံးတစ်လုံးဖြစ်တဲ့ Tatu (အမှတ်အသားပြုလုပ်သည်) ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ တကယ်တော့ တက်တူးထိုးခြင်းသည် ရှေးဟောင်းဂရိလူမျိုးများ၊ Celt လူမျိုးများနှင့် အီဂျစ်လူမျိုးများလည်း ကျင့်သုံးခဲ့ကြကြောင်း သမိုင်းကြောင်း အထောက်အထားများအရ သိရှိနိုင်ပါတယ်။ သူတို့ခေတ်တုန်းက ထိုအမှတ်အသားများသည် စွမ်းအင်များကို ပိုင်ဆိုင်ထားကြောင်းနှင့် သဘာဝတရားနှင့် နှီးနွယ်မှုရှိတယ်လို့ ဖော်ပြနေတာ ဖြစ်ပါတယ်။

ဒီဘက်ခေတ်ရောက်လာပြန်တော့ တက်တူးများကို ဘယ်သူတွေ စထိုးခဲ့သလဲဆိုတော့ သင်္ဘောသားများနှင့် စူးစမ်းရှာဖွေသူတွေပဲဖြစ်ပါတယ်။ သူတို့ကနေတဆင့် တက်တူးဆိုပြီး လူအများက ထိုးလာကြတာဖြစ်ပါတယ်။

တက်တူးထိုးခြင်းက နာကျင်မှာလား

တက်တူး ကွီး

တက်တူး စထိုးမယ့် ကွီး တိုင်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါပဲ။

တက်တူးထိုးခြင်းသည် နာကျင်ပေမယ့် ထိုနာကျင်မှုကို တောင့်ခံထားနိုင်ပါတယ်။ မခံမရပ်နိုင်အောင် နာကျင်နေမယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ တက်တူးထိုးမယ့်သူတွေ ရှိမှာမဟုတ်တော့ပါဘူး။ ကိုယ် ရွေးချယ်မယ့် နေရာပေါ်လိုက်ပြီးလည်း နာကျင်မှုဒီဂရီသည် ကွာခြားနိုင်ပါတယ်။ လက်ချောင်းနှင့် နံရံပေါ်မှာ တက်တူးထိုးခြင်းသည် ရင်အုပ်နှင့် လက်မောင်းပေါ်မှာ တက်တူးရေးထိုးခြင်းထက် ပိုမိုနာကျင်လေ့ရှိပါတယ်။

အကျွမ်းကျင်ဆုံးနှင့် အကောင်းဆုံး တက်တူးပညာရှင်များကို ရွေးချယ်ပါ

တက်တူး ကွီး

ဒီအချက်သည်လည်း အရေးကြီးပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ တက်တူးပညာရှင်သည် အမှန်တကယ် တတ်ကျွမ်းသူဖြစ်မှသာလျှင် ကျန်းမာရေးအသိပညာအပြင် တက်တူးနှင့် ပတ်သက်တဲ့အရာများအတွက် အကြံဉာဏ်ကောင်းများ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

တက်တူးပညာရှင်ရဲ့ စကားကို နားထောင်ပါ

တက်တူး ကွီး

တက်တူးထိုးခါနီး ၊ တက်တူးထိုးနေစဉ်နဲ့ တက်တူးထိုးပြီးချိန်မှာ ကိုယ့်ရဲ့တက်တူးပညာရှင် ညွှန်ကြားထားတဲ့ စကားအတိုင်း လိုက်နာတာက အကောင်းဆုံးပါပဲ။ ဒါမှ ကိုယ့်ရဲ့တက်တူးသည်လည်း အချိန်အကြာကြီး ခံမှာဖြစ်ပါတယ်။

မိမိထိုးမယ့် တက်တူးအရောင်ကို သေချာစဉ်းစားပါ

တက်တူး ကွီး

ယနေ့ခေတ်မှာ တက်တူးအရောင်သည် အမဲရောင်တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ အရောင်စုံရှိပါတယ်။ သို့သော် အခြားသောအရောင်တွေက အရောင်မှိန်လွယ်တဲ့အတွက်ကြောင့် မကြာခဏ Touchup ပြန်လုပ်ပေးဖို့တော့လိုအပ်ပါလိမ့်မယ်။

ဈေးနှုန်းကိုလည်း ထည့်တွက်ပါ

money in the wallet

တစ်သောင်းတန်တက်တူးဆိုရင် ထိုဈေးနှုန်းဒီဇိုင်းနှင့် ထိုဈေးနှုန်းဝန်ဆောင်မှုကို ရရှိမှာဖြစ်ပါတယ်။ ကိုယ်က ပိုက်ဆံဘယ်လောက်အထိ သုံးချင်သလဲဆိုတာကို သေချာစဉ်းစားပါ။ ကိုယ် ထိုးချင်တဲ့ တက်တူးဒီဇိုင်းကရော ဈေးနှုန်း ဘယ်လောက် ကုန်ကျနိုင်သလဲဆိုတာ ထည့်တွက်ပါ။

အချိန်ပေးဖို့လည်း လိုအပ်ပါတယ်

man with tattoos

တက်တူးဒီဇိုင်းကြီးလေ အချိန်ပိုပေးရပြီး တက်တူးပညာရှင်သည်လည်း အာရုံပိုစိုက်ရပါမယ်။ ထိုးနေရင်း လမ်းတစ်ဝက်ကျမှ စိတ်ပြောင်းပြီး မထိုးချင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ရင်တော့ သင့်ရဲ့ တက်တူးဒီဇိုင်းသည် တစ်ဝက်တစ်ပြတ်နှင့် ဂန္တဝင်မြောက်ဒီဇိုင်းမျိုး ရရှိတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးနိုင်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်ပါတယ်။

ဒီအချက်များကတော့ အခုမှ တက်တူး စထိုးမယ့် ကွီး တို့အတွက် သိထားသင့်တဲ့ အရေးကြီးအချက်များပဲ ဖြစ်ပါတယ်။

Source: Ties

Featured Image:  Pexels