တက်တူး တွေဆိုတာကတော့ ကွီးတို့ရဲ့ ဖက်ရှင်ကို အပီလန်း သွားအောင် ကူညီပေးမယ့် နည်းလမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ တက်တူးအမိုက်စားနဲ့ အထာကျတဲ့ ဘဲကြီးတစ်ဗွေဖြစ်ဖို့ဆိုရင် ကိုယ် ထိုးတဲ့ တက်တူးက ဒီဇိုင်း မိမိုက်နေဖို့ လိုအပ်ပါတယ်။ ဒီဇိုင်းအမိုက်စား တက်တူးတွေကိုမှ ရွေးချယ် ရေးထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းများကို ရွေးချယ်နိုင်ပါတယ်။

သိမ်းငှက်ပုံ တက်တူး

တက်တူး အပီလန်း

ငှက်ပုံတက်တူးများကတော့ ၂၀၀၀ ဘီစီ အစောပိုင်းကာလများတုန်းက ရှေးဟောင်းအီဂျစ်လူမျိုးတွေ နှစ်သက်စွဲလန်းစွာ ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ၁၇၀၀ ပြည့်နှစ်များဆီ ရောက်တဲ့အခါ သင်္ဘောသားများက သူတို့ရဲ့ ပင်လယ်လမ်းကြောင်း ကျွမ်းကျင်မှုကို ပြသချင်တဲ့အတွက်ကြောင့် ပျံလွှားငှက် တက်တူးများကို ရေးထိုးခဲ့ကြပါတယ်။

တက်တူး အပီလန်း

ယနေ့ခေတ်မှာတော့ ငှက်ပုံ တက်တူးများကလည်း အမျိုးအစား စုံလင်လှပါတယ်။ ဖီးနစ်ငှက်၊ သိမ်းငှက်နှင့် ဇီးကွက်တို့ကတော့ အမျိုးသားများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းများပဲဖြစ်ပါတယ်။

မြေခွေးပုံတက်တူး

တက်တူး အပီလန်း

မြေခွေးတွေသည် အုပ်စုလိုက် နေထိုင်တတ်ကြတဲ့ သတ္တဝါတွေဖြစ်ကြပြီး သူတို့ရဲ့ မိသားစုကို အင်မတန်မှ ကာကွယ်တတ်ကြပါတယ်။ မြေခွေးပုံ တက်တူးများသည် မိသားစုအကြား နှောင်ကြိုး၊ သစ္စာ ကြီးမားမှု၊ ကာကွယ်ပေးလိုစိတ် အပြည့်ရှိခြင်းတို့ကို ဖော်ညွှန်းပါတယ်။ ကိုယ့် မိသားစုကို တန်ဖိုးထားကြောင်း ဖော်ပြချင်တဲ့ ကွီးတို့ကတော့ မြေခွေးပုံတက်တူးကို ရေးထိုးသင့်ပါတယ်။

သံလိုက်အိမ်မြှောင်ပုံ တက်တူး

တက်တူး အပီလန်း

သံလိုက် အိမ်မြှောင်ပုံ တက်တူးများသည် ခရီးလမ်းကြောင်းတစ်လျှောက် ဘေးကင်းလုံခြုံစွာ သွားလာနိုင်ပြီး အိမ်သို့ ဘေးမသီ ရန်မခဘဲ ပြန်ရောက်အောင် ကူညီပေးတယ်လို့ သင်္ဘောသားတိုင်း ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် ခရီးသွားရတာ နှစ်သက်သူများကလည်း သံလိုက်အိမ်မြှောင် တက်တူးဒီဇိုင်းကို နှစ်သက်ကြပါတယ်။

မြှားပုံတက်တူး

တက်တူး အပီလန်း

တက်တူး နဲ့ အပီလန်း ချင်သူများအတွက် မြှားပုံတက်တူးကလည်း မျက်စိရှင်းရှင်းနဲ့ အမိုက်စားပါပဲ။ ကွီးတို့အနေနဲ့ လက်တစ်ဖက်တည်းမှာပဲ မြှားတစ်ချောင်းလုံး အပြည့်ဆွဲလို့လည်း ရသလို မြှားနှစ်စင်းကို ကြက်ခြေခတ်ပုံသဏ္ဍာန် ရေးဆွဲလို့လည်း ရပါတယ်။ ကြက်ခြေခတ်ပုံ မြှားကတော့ မဟာမိတ် ဖွဲ့ထားခြင်းကို ဆိုလိုပြီး မြှားတစ်ချောင်းက ကျိုးပဲ့နေမယ်ဆိုရင်တော့ မကောင်းတဲ့နိမိတ်မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဆိုလိုခြင်းဖြစ်ပါတယ်။

အရိုးခေါင်းပုံ တက်တူး

အရိုးခေါင်းပုံ

အရိုးခေါင်းပုံ တက်တူးသည် သေခြင်းတရားကို ရည်ညွှန်းတယ်လို့ လူတော်တော်များများ ယုံကြည်ထားကြပါတယ်။ တကယ်တော့ အရိုးခေါင်းပုံ တက်တူးများတွင် မကောင်းတဲ့ အဓိပ္ပါယ်မျိုး မရှိပါဘူး။ အရိုးခေါင်းပုံ တက်တူးရေးထားသူအဖို့ ထိုတက်တူးသည် သေခြင်းတရားကို မကြောက်ရွံ့ဖို့ရန်နှင့် နေ့ရက်တိုင်းကို ပျော်ရွှင်မှုအပြည့်နဲ့ ဖြတ်သန်းဖို့အတွက် သတိပေးနေမယ့် တက်တူးတစ်ခုပဲ ဖြစ်ပါတယ်။

နဂါးပုံ တက်တူး

နဂါးပုံ

နဂါးပုံတက်တူးများသည်လည်း တက်တူးချစ်သူများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်ရိုးရာ ယဥ်ကျေးမှုအရတော့ နဂါးပုံတက်တူးများသည် ကံကောင်းခြင်း၊ ဉာဏ်အမြော်အမြင်ကြီးမားခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ကွီးတို့လည်း အထာကျကျနဲ့ မိမိုက်ချင်တယ်ဆိုရင်တော့ နဂါးပုံတက်တူးလေးကို ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးနိုင်ပါတယ်။​

ကွီးတို့ရော တက်တူးအမိုက်စားနဲ့ အပီလန်းဖို့ ဘယ်တက်တူးမျိုးကို ရွေးချယ်ထားပါသလဲ။

Source: Fashionbeans

Featured Image: Freepik