ပုံမှန်အားဖြင့်တော့ တက်တူး အသစ်တစ်ခု ထိုးပြီးချိန်မှာ အရေပြားယားယံ မှု ခံစားရတာက ပုံမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် တက်တူးအနာကျက်ချိန်မှာ တက်တူးထိုးထားတဲ့ အရေပြားတဝိုက်မှာ နေမထိထိုင်မသာ ဖြစ်အောင် ယားယံတာ ၊ နီမြန်းတာတွေ ဖြစ်တက်ပါတယ်။ ဒါပေမယ့် တက်တူးထိုးပြီး ရက်သတ္တပတ်အတွင်းမှာ ယားယံမှုက ပိုဆိုးလာတာ သို့မဟုတ် အခြား အရေပြားဆိုင်ရာ လက္ခဏာတွေပြနေပြီဆိုရင်တော့ သတိထားဖို့ လိုပါတယ်။ တက်တူးထိုးပြီးချိန်မှာ ကွီးတို့ရဲ့ အရေပြားကို ယားယံစေနိုင်တဲ့ အခြားသော အကြောင်းအရင်းတွေကတော့…….

Photo : Freshbodycoupons.com
- ရောဂါပိုးဝင်ခြင်း
- တက်တူးဆေးမင်များနဲ့ ဓာတ်မတည့်မှုဖြစ်ခြင်း
- နေရောင်ခြည်နဲ့ ဓာတ်မတည့်ခြင်း
- နှင်းခူနဲ့ အနီပိမ့်များထခြင်းကဲ့သို့ အရေပြားဆိုင်ရာ ပြဿနာများရှိခြင်း
- အရေပြား ကင်ဆာရှိခြင်း
စတဲ့အချက်တွေကြောင့် တက်တူးထိုးထားတဲ့ အရေပြားတဝိုက်မှာ ဆိုးရွားတဲ့ ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။
Photo : TatRing
တက်တူးထိုးထားတဲ့ အရေပြားဟာ ပုံမှန်ထက် ဆိုးဆိုးရွားရွား ယားယံလာတာ ၊ နီးမြန်းပြီး အဖုအပိမ့်တွေ ထလာတာ ၊ ရက်သတ္တပတ်အနည်းငယ်ကြာသည်တိုင် ယားယံမှုဆက်ဖြစ်နေတာ ၊ တက်တူးထိုးထားတဲ့ အရေပြားတဝိုက်မှာ ရောင်ရမ်းလာတာ ၊ ကိုယ်ပူတာ ၊ ဖျားတာတွေ ဖြစ်လာပြီဆိုရင် မပေါ့ဆပဲ ဆရာဝန်နဲ့ ချက်ချင်း စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
Featured Photo : PS I Love You

