ဒီရက်ထဲ Covid-19 ဗီဇအသစ် တကြောပြန် ကူးစက်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေပါတယ်။ Covid-19 မျိုးကွဲ ဗီဇအသစ်ရဲ့ နာမည်ကိုတော့ NB.1.8.1 လို့ ပေးထားပြီး လက်ရှိ US မှာ ရောဂါ ကူးစက်ခံရတဲ့ လူနာအရေအတွက်ဟာ ဆက်တိုက်တိုးနေတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ US တင်မကပါဘူး ကမ္ဘာတဝှမ်းလုံး ရောဂါကူးစက်မှုရှိနေပြီး လက်ရှိ Covid-19 NB.1.8.1 ရဲ့ လက္ခဏာအသစ်တွေကို ကွီးတို့ သတိပြုနိုင်ဖို့ ဒီဆောင်းပါးကနေ တဆင့် ပြောပြပေးချင်ပါတယ်။

(၁) အပြင်းအထန် လည်ချောင်းနာခြင်း

Sore Throa

Photo : Cleveland Clinic Health Essentials

Covid-19 NB.1.8.1 ရဲ့ ထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ ပြင်းပြင်းထန်ထန် လည်ချောင်းနာတာပါ။ ဘလိတ်ဓား မြိုချထားသကဲ့သို့ အလွန်ပြင်းထန်တဲ့ လည်ချောင်းနာကျင်မှုကို ခံစားရစေတာ ဖြစ်ပြီး ရေသောက်တဲ့အချိန်မှာပင် ရေမျိုချဖို့ ခက်ခဲတယ်လို့ ကူးစက်ခံထားရသူတွေက ဆိုပါတယ်။

(၂) မေးရိုး နားနောက်နဲ့ ပခုံးနောက်ကျော နာကျင်ခြင်း

Pain in the jaw, behind the ear, and upper back

Photo : Amplifon

မူလပထမ Covid-19 ရောဂါပိုး ကူးစက်ခံရသူတွေမှာ ကိုယ်လက်နာကျင်တာတွေ ခံစားခဲ့ကြရပါတယ်။ အခုဗီဇအသစ်မှာတော့ မေးရိုး ၊ နားနောက် ၊ ပခုံးနောက်ကျောနဲ့ လည်ချောင်းနာခြင်းတွေဟာ သိသိသာသာ ပိုပြီး ခံစားရတာပါ။ သာမန်အအေးမိဖျားနာတဲ့ ကိုယ်လက်နာကျင်ကိုက်ခဲမှုမျိုးနဲ့ မတူပဲ နာကျင်ကိုက်ခဲမှုတွေဟာ ပိုမိုပြင်းထန်စွာ ခံစားရမှာ ဖြစ်ပါတယ်။

(၃) ရုတ်တရက် အစာစားချင်စိတ် ပျောက်ဆုံးခြင်း

 Sudden loss of appetite

Photo : St. Vincent’s Medical Center

Covid-19 ဗီဇအသစ် မှာ ကိုယ်လက်နာကျင် ကိုက်ခဲမှု လက္ခဏာတွေနဲ့အတူ ရုတ်ချည်းဆိုသလို အစာစားချင်စိတ် ပျောက်ဆုံးတာကို တွေ့ရပါတယ်။ အချို့ ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေမှာဆိုရင် လုံးဝ အစားစားချင်စိတ် မရှိတော့တာကြောင့် အားနည်းပြီး Weak ဖြစ်တဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ သိရပါတယ်။

(၄) နှာခေါင်းပိတ်ခြင်း

Persistent nasal congestion
Photo : Dr. Mustafa Kapadia

အရင်က Covid-19 ကူးစက်ခံရပြီဆိုရင် နှာရည်ယိုတာ ၊ နှာပိတ်တာတွေ ဖြစ်ကြပါတယ်။ အခုမျိုးကွဲ အသစ်မှာတော့ နှာရည်ယိုတာထက် ဆက်တိုက်ကြီး နှာခေါင်းပိတ်တဲ့ အခြေအနေ ဖြစ်ပေါ်တက်ပြီး အသက်ရှုမဝတာ ၊ အသက်ရှုကျပ်တာ စတဲ့ အခြေအနေတွေအထိ ကြုံတွေ့ခံစား နေကြရတယ်လို့ သိရပါတယ်။

Source : Healthshots

Featured Photo : The Economic Times