တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ဘေးကင်းပြီး လုံခြုံစိတ်ချရတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ၊ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ပြဿနာတွေ စိတ်ပူစရာမလိုပဲ လိင်စိတ် သာယာမှု ကို ရှာဖွေနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်ကိုယ်ရည် အာသာဖြေချိန်မှာ သာယာပျော်ရွှင်ဖွယ် ခံစားမှုကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ဖို့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။
(၁) လက်တွေကို သန့်စင်အောင် ဆေးကြောပေးပါ
Photo : Premier Family Medical
တစ်ကိုယ်ရည် အာသာဖြေချိန်မှာလည်း သန့်ရှင်းမှုရှိဖို့က အရေးကြီးပါတယ်။ ကွီးတို့ရဲ့ လက်တွေမှာ အညစ်အကြေးနဲ့ မမြင်နိုင်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေ ကပ်တွယ်နေနိုင်တာကြောင့် လိင်အင်္ဂါကို ထိတွေ့ကိုင်တွယ်မှု မပြုခင်မှာ လက်တွေကိုအရင်ဆုံး ဆေးကြောသန့်စင် ထားပေးပါ။ အလားတူပါပဲ တစ်ကိုယ်ရည် အာသာဖြေပြီးနောက်မှာလည်း ကွီးတို့ရဲ့ လက်တွေနဲ့ လိင်အင်္ဂါကို သန့်ရှင်းရေး သေချာလုပ်ပေးဖို့ကလည်း အရေးကြီးပါတယ်။
(၂) ချောဆီ အသုံးပြုပါ
Photo : JOUJOU
ချောဆီတွေကို လိင်ဆက်ဆံချိန်မှာပဲ အသုံးပြုနိုင်တာ မဟုတ်ပါဘူး။ တစ်ကိုယ်တော် သာယာမှု ရှာတဲ့ အချိန်မှာလည်း ချောဆီတွေကို အသုံးပြုနိုင်ပါတယ်။ ချောဆီတွေဟာ တစ်ကိုယ်ရည် အာသာဖြေချိန်မှာ ချောမွေ့တဲ့ ခံစားမှုနဲ့အတူ သက်တောင့်သက်သာ ပိုရှိစေပြီး လိင်အင်္ဂါတွေကို မတော်တဆ ပွန်းပဲ့တာ ၊ ထိခိုက်ဒဏ်ရာရတာ စတဲ့ အခြေအနေတွေမှလည်း ကာကွယ်ပေးပါတယ်။
(၃) အသက်ရှု လေ့ကျင့်ခန်း လုပ်ပေးပါ
Photo : Mindvalley Blog
စိတ်ခံစားမှုတွေ သက်တောင့်သက်သာ ဖြစ်နေမှလည်း တစ်ကိုယ်ရည် အာသာဖြေချိန်မှာ သာယာပျော်ရွှင်ဖွယ် အထွတ်အထိပ် ခံစားချက်ကို ကောင်းကောင်းရောက်ရှိ ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရည် အာသာမဖြေခင် မိနစ်အနည်းငယ်လောက် အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးဖို့ အကြံပေးချင်ပါတယ်။ အသက်ကို ဖြည်းဖြည်းနဲ့မှန်မှန် ရှုသွင်းရှုထုတ်လိုက်တာဟာ စိတ်ရဲ့တင်းကြပ်မှုတွေ ၊ ဖိအားတွေကို ပြေလျော့သက်သာစေပြီး တစ်ကိုယ်ရည် အာသာဖြေနေချိန်အတွင်းမှာ ကျေနပ်စရာ ခံစားမှုကို ကောင်းစွာ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
(၄) လူကြီးကစားစရာ အရုပ်တွေသုံးပါ
Photo : NewsBytes
အမြဲတမ်း ကွီးတို့ရဲ့ လက်ချောင်းလေးတွေနဲ့ပဲ လက်သိုင်းကျင့်ရတာ ငြီးငွေ့စရာ ဖြစ်နေပါလိမ့်မယ်။ မတူညီတဲ့ သာယာပျော်ရွှင်ဖွယ် ခံစားမှုအတွေ့အကြုံအသစ်တွေကို ရှာဖွေချင်တယ်ဆိုရင်တော့ လူကြီးကစားစရာ အရုပ်တွေနဲ့ ပေါင်းစပ်လို့ ရပါတယ်။ လူကြီးကစားစရာ အရုပ်တွေက လိင်စိတ်အာသာဖြေချိန်မှာ မတူညီတဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်ပြီး အထွတ်အထိပ် ခံစားမှုကိုကောင်းကောင်း ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ပါတယ်။
Source : Healthshots
Featured Photo : PRATAP Institute Of Technology & Science