ခရီးသွားခြင်းက ပျော်ရွှင် စိတ်လှုပ်ရှားစရာကောင်းပြီး အတွေ့အကြုံအသစ်တွေ၊ ခံစားမှုရသတွေကို ပေးစွမ်းနိုင်တယ်ဆိုတာ ကွီးတို့သိပြီးသားဖြစ်မှာပါ။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ အုပ်စုလိုက် ခရီးသွားခြင်းက အမှတ်တရတွေနဲ့ ပျော်စရာကောင်းသလို တစ်ကိုယ်တော်ခရီးသွားခြင်းကလည်း ခံစားမှုရအသစ်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်ကိုယ်တော် ခရီးထွက်ဖို့ တွန့်ဆုတ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ အောက်မှဖော်ပြပေးမယ့် အချက်လေးတွေသိပြီးသွားရင် ကွီးတို့ တစ်ယောက်တည်း ခရီးသွားဖို့ လုံးဝ တွန့်ဆုတ်နေတာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး။

ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝ ရရှိတယ်

တစ်ကိုယ်တော် ခရီးထွက်ဖို့

Photo : Travel + Leisure

အုပ်စုလိုက် ခရီးသွားခြင်းက ပျော်ရွှင်စရာကောင်းသော်လည်း ညှိနှိုင်းမှုတွေ၊ အချင်းချင်းတိုင်ပင်ပြီး လုပ်ဆောင်ရတာတွေ ရှိပါတယ်။ တစ်ကိုယ်တော် ခရီးသွားခြင်းကတော့ ကွီးတို့စိတ်ကြိုက် သွားချင်တဲ့နေရာတွေ၊ လုပ်ချင်တာတွေကို စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။ ခရီးစဉ်အတွင်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ညှိုနှိုင်းစရာမလို၊ စောင့်ဆိုင်းစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် စီမံလို့ ရတာက အားသာချက်ပါပဲ။

မိတ်ဆွေအသစ်များ ရရှိနိုင်ပါတယ်

တစ်ကိုယ်တော် ခရီးထွက်ဖို့

Photo : DIY Photography

ကွီးတို့ရေ တစ်ကိုယ်တော် ခရီးသွားခြင်းက အုပ်စုလိုက်ခရီးသွားခြင်းနဲ့ မတူဘဲ ခရီးထွက်တဲ့ဒေသမှ တစိမ်းများနဲ့ မိတ်ဆွေဖွဲ့ဖို့ ပိုလွယ်ကူနိုင်ပါတယ်။ ကွီးတို့အနေနဲ့ အခြားသူများနဲ့ ယုံကြည်ချက်ရှိရှိ စကား‌ပြောပြီး မိတ်ဆွေဖွဲ့ပါ။ ဒါက ကွီးတို့ရဲ့ ပြောဆိုဆက်ဆံမှု စွမ်းရည်ကို တိုးတက်စေပြီး ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ဖို့ နည်းလမ်းကောင်းပါပဲ။

အတွေ့အကြုံအသစ်တွေ ရရှိနိုင်တယ်

တစ်ကိုယ်တော် ခရီးထွက်ဖို့

Photo : Single Parents on Holiday

ကွီးတို့ရေ တစ်ကိုယ်တော် ခရီးထွက်ပြီဆိုကတည်းက ကိုယ့်အားကိုကိုးရပါပြီ။ ကြုံတွေ့လာနိုင်တဲ့ ပြဿနာအားလုံးကို ကိုယ်တိုင်ဖြေရှင်းရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုမိုရရှိကာ ဘဝအတွေ့အကြုံအသစ်တွေကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ အခက်အခဲနဲ့ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းလည်း ပိုမြင့်လာပါလိမ့်မယ်။ ဒီအချက်က ကွီးတို့ရဲ့ ကိုင်ပိုင်ဘဝနဲ့ လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်တဲ့ အခွင့်အရေးကောင်းပါပဲ။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်

Photo : Hello

တစ်ကိုယ်တော် ခရီးသွားခြင်းက အနည်းငယ် ခက်ခဲနိုင်ပေမဲ့ အတွေ့အကြုံများမှ ပျော်ရွှင်မှုကို ရရှိစေပါတယ်။ ဒါ့အပြင် တစ်ကိုယ်တော် ခရီးသွားခြင်းက ကျွန်တော်တို့ စိတ်ဝိညာဉ်အတွက် ကောင်းမွန်ပြီး စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုပြဿနာများကို လျော့ပါးသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဖိအားများသော ပတ်ဝန်းကျင်မှာ အလုပ်လုပ်သူများအနေဖြင့် ရက်အနည်းငယ်လောက် အချိန်ယူကာ ခရီးထွက်ပြီး ပတ်ဝန်းကျင်ပြောင်းလိုက်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အတွက်သာမက ကျန်းမာရေးအတွက်လည်း ကောင်မွန်စေပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာစေပါတယ်

Photo : Sondaland.com

ကွီးရဲ့ Comfort Zone ထဲကနေ ရုန်းထွက်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့ ဖြစ်လာပါလိမ့်မယ်။ ကိုယ်တိုင် အမှန်တကယ်ဖန်တီးဖို့နဲ့ အခြားသူများကို မစောင့်ဘဲ တက်ကြွစွာလုပ်ဆောင်ပြီး ဘဝကိုပုံဖော်ရန် လိုအပ်သည့်သင်ခန်းစာကို သင်ယူဖို့ အရေးကြီး ခြေလှမ်းတစ်ခုဖြစ်ပါမယ်။ ဒါတွေအားလုံးက ကွီးအတွက် ကြီးမားတဲ့ ယုံကြည်မှုကို မြှင့်တင်ပေးမှာ ဖြစ်ပြီး အနာဂတ် ခရီးစဉ်တွေကို ကောင်းကောင်း လုပ်နိုင်ပါလိမ့်မယ်။ ခရီးစဉ်ပြီးတာနဲ့ ပရော်ဖက်ရှင်နယ်ဘဝအတွက်ပါ ကူညီပေးပါလိမ့်မယ်။

တစ်ကိုယ်တော် ခရီးထွက်ခြင်းက ကွီးတို့အတွက် ဒီလိုမျိုး အကျိုးပြုတဲ့ အချက်တွေ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် တစ်ကိုယ်တော် ခရီးထွက်ဖို့ ဘာအကြောင်းနဲ့မှ မတွန့်ဆုတ်ပဲ ယုံကြည်ချက်ရှိရှိထွက်ဖို့ အားပေးလိုက်ပါတယ်။

Source : Oyster Worldwide

Featured Photo : Trip Zilla