တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အရွယ်ရောက်ပြီးသား အမျိုးသားတွေကြားမှာတော့ သိပ်မစိမ်းလှတဲ့ လိင်မှုဆိုင်ရာ အလေ့အထတစ်ခုပါပဲ။ လေ့လာမှုတွေအရ အမေရိကန်နိုင်ငံမှာ အမျိုးသား ၉၂ ရာခိုင်နှုန်းလောက် အဲ့ဒီအလေ့အထကို ပြုလုပ်လေ့ရှိတယ်လို့ ဝန်ခံထားကြပါတယ်။ တစ်ကိုယ်တော် သိုင်းကျင့်တာဟာ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ခံစားမှုပိုကောင်းစေကာ ကောင်းမွန်စွာအိပ်ပျော်စေတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ သို့သော် တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ တစ်ကိုယ်ရည် အာသာဖြေခြင်းကို အလွန်အကျွံ ပြုလုပ်မိမယ်ဆိုရင်တော့ ဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတွေအနေနဲ့ ကောင်းမွန်စွာ Orgasm ရစေဖို့ တစ်ကိုယ်ရည် အာသာဖြေတဲ့အခါ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးပါမယ်။
(၁) စိတ်ခံစားမှုကို သေချာပြင်ဆင်ပါ
Photo : VistaCreate
တစ်ကိုယ်တော် သိုင်းကျင့်တဲ့အခါ ရေချိုးခန်းထဲမှာ မြန်မြန်ဆန်ဆန် ပြီးပြီးရောလုပ်ဖို့ မလိုပါဘူး။ စိတ်ခံစားမှုကို သေချာအချိန်ပေးပြီး ရယ်ဒီဖြစ်နေအောင် ပြင်ဆင်ဖို့ လိုပါတယ်။ အခြေခံအားဖြင့် စိတ်ဖိစီးမှုကင်းကင်း စိတ်အေးလက်အေးနဲ့ နေရာထိုင်ခင်း သက်တောင့်သက်သာရှိသင့်ပါတယ်။ အိပ်ခန်းမီးတွေကို ခပ်မှိန်မှိန်လေး ထားတာ ၊ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုတွေပြေလျော့ဖို့ သာယာတဲ့ တေးသံစဉ်လေးတွေ ဖွင့်ထားတာ ၊ ရနံ့ဖယောင်းတိုင်လေးတွေ ထွန်းတာစတာလေးတွေ လုပ်ပြီး နေ့စဉ်ဘဝထဲက ပူပန်စရာတွေကို ခဏတာမေ့ဖျောက်ထားဖို့ လိုပါတယ်။ ဒါမှသာ အမှန်တကယ် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အခိုက်အတန့်တစ်ခုကို ရနိုင်မှာပါ။
(၂) လူကြီးကစားစရာ အရုပ်တွေနဲ့ ဆော့ပေးပါ
Photo : Dezeen
အမြဲတမ်းလိုလို လက်ချည်းသပ်သပ် တစ်ကိုယ်တော် သိုင်းကျင့်နေတဲ့အခါ ငြီးငွေ့လာတက်ပါတယ်။ အသစ်အဆန်း ခံစားမှုလေးတွေရဖို့ဆို လူကြီးကစားစရာ အရုပ်တွေကိုလည်း မေ့မထားပါနဲ့။ Sex Toy တွေဟာ တစ်ကိုယ်ရည် အာသာဖြေချိန်မှာ ဆန်းသစ်တဲ့ လိင်စိတ်ခံစားမှုကို ရစေပြီး Orgasm အပြည့်အဝ ခံစားရစေဖို့ အကူညီပေးနိုင်ပါတယ်။
(၃) မတူညီတဲ့ အာရုံခံစားမှုတွေကို နှိုးဆွပါ
Photo : Fatherly
တစ်ကိုယ်တော် သိုင်းကျင့်တယ်ဆိုတာ လိင်အင်္ဂါတစ်ခုတည်းအပေါ်ကိုပဲ အာရုံစိုက်ထားဖို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ အာရုံခံစားမှုအမြင့်ဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အများကြီး ရှိပါသေးတယ်။ ဥပမာအားဖြင့် နားအနောက်ဘက် ၊ လည်တိုင် ၊ ရင်ဘတ်နဲ့ နှုတ်ခမ်းလို နေရာတွေကိုလည်း ပွတ်သပ်နှိုးဆွ ပေးနိုင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အာရုံခံစားမှု နေရာတွေကို နှိုးဆွပေးတာကြောင့် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အထွတ်အထိပ် ခံစားချက်ကို ရစေနိုင်ပါတယ်။
(၄) အတင်းအလျော့ ကစားနည်း Try ကြည့်ပါ
Photo : Medical Academic
တစ်ကိုယ်ရည် အာသာဖြေတဲ့အခါ ပြီးမြောက်ဖို့ တစ်ခုတည်းကိုပဲ အာရုံမစိုက်ပြီး စိတ်မလောပါနဲ့။ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားနည်းတစ်ခုရှိပါတယ်။ ဒါကတော့ တစ်ကိုယ်ရည် အာသာဖြေမှု အရှိန်ကို အတင်းအလျော့ ပြုလုပ်ပေးတာပါ။ ပြီးမြောက်ခါနီး ရောက်လာချိန်မှာ အရှိန်ပြန်ထိန်းပြီး လိင်တံကို ပွတ်သပ်ကာ ချော့မြူပေးပါ။ ပြီးမြောက်ချင်စိတ် လျော့လာပြီဆိုမှ နောက်တစ်ကြိမ် ဖြည်းဖြည်းချင်း အရှိန်ပြန်တင်ပေးပါ။ ဒါဟာ အထွတ်အထိပ် ခံစားမှုကို ပိုမိုရရှိစေသလို ပါတနာနဲ့ ချစ်တင်းနှောချိန်မှာလည်း အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
Featured Photo : MensXP