တစ်ကိုယ်ရည် အာသာဖြေခြင်း ဆိုတာဟာ အရွယ်ရောက်ပြီး သူတိုင်းရဲ့ဘဝမှာ တစ်စိတ်တစ်ပိုင်း ပါဝင်လာတဲ့ လိင်မှုကိစ္စတစ်ခု ဖြစ်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းက အခြားသော လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ ထက်စာရင် ဘေးကင်းပြီး လုံခြုံစိတ်ချရမှုရှိတယ်လို့ သတ်မှတ်ယူဆလို့ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ကိုယ်ရည် အာသာဖြေခြင်း နဲ့ ပတ်သတ်ပြီး ကွီးတို့ မသိသေးတဲ့ ကောင်းကျိုးဆိုးပြစ် အချက်တွေ အများကြီး ကျန်ရှိနေပါသေးတယ်။ ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) အန္တရာယ်ရှိနိုင်တယ်

masturbation

Photo : Khokar Dispensary

တစ်ကိုယ်ရည် အာသာဖြေခြင်းကနေ ကွီးတို့ လိင်မှတဆင့် ကူးစက်ပြန့်ပွားတက်တဲ့ ရောဂါအန္တရာယ်တွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ပြဿနာတွေကို စိတ်ပူဖို့ မလိုအပ်တာတော့ အမှန်ပါ။ သို့သော်လည်း အခြားစိတ်ပူရမယ့် အန္တရာယ်အချို့ ရှိနိုင်ပါတယ်။ အဓိကအားဖြင့် ဖွားဖက်တော် လိင်တံကို ပြင်းပြင်းထန်ထန် လှုပ်ရှားပြီး တစ်ကိုယ်ရည် အာသာဖြေမိမယ်ဆိုရင် အရေပြားပွန်းပဲ့တာ ၊ ယားယံတာ ၊ ယောင်ရမ်းနာကျင်တာတွေအပြင် ဒီထက်ပိုပြင်းထန်တဲ့ လိင်တံမှာဒဏ်ရာအနာတရ ရတာ ၊ လိင်တံကျိုးတာ စတဲ့ အခြေအနေတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

(၂) တန်ဆေးလွန်ဘေး သက်ရောက်မှုတွေ ရှိတယ်

masturbation

Photo : Sober Sidekick

ကိစ္စတိုင်းဟာ အလယ်အလတ်ပဲ ကောင်းတယ်ဆိုတဲ့ စကား ကွီးတို့ ကြားဖူးမှာပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းမှာလည်း အလားတူပါပဲ။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို အလွန်အကျွံ လုပ်ဆောင်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ အကယ်၍ ကွီးတို့နဲ့ သင့်တင့်မျှတတဲ့ အကြိမ်အရေအတိုင်း လုပ်ဆောင်မယ်ဆိုရင်တော့ စိတ်ဖိစီးမှုနည်းစေတာ ၊ အိပ်ပျော်စတာအပါအဝင် အခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ Harvard Medical School နဲ့ Brigham and Women Hospital တို့ရဲ့ လေ့လာမှု မှတ်တမ်းတွေရဲ့ အဆိုအရ တစ်လလျှင် ၂၁ ကြိမ်နဲ့အထက် သုတ်လွှတ်တဲ့ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ ဆိုပါတယ်။

(၃) စွဲလမ်းမှု ပြဿနာ ရှိလာနိုင်တယ်

masturbation

Photo : Man Matters

တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ စွဲလမ်းစေတက်ပါတယ်။ စွဲလမ်းမှုရဲ့နောက်ကွယ်မှာ ဆိုးကျိုးပြဿနာတွေလည်း အများကြီးပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းအပေါ် စွဲလမ်းလာတာနဲ့အမျှ ကွီးတို့ ရဲ့ နေ့စဉ်ဘဝ အလုပ်တာဝန်တွေ ၊ မိသားစုအရေး ၊ ပေါင်းသင်းဆက်ဆံရေးကဏ္ဍတွေမှာ ဆိုးကျိုးတွေ ရှိလာနိုင်သလို ကွီးတို့ရဲ့ ပါတနာနဲ့ ပြင်ပလက်တွေ့ လိင်မှုဘဝ အပေါ်မှာပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

(၄) အိပ်ရာထဲမှာ စွမ်းဆောင်ရည် ပိုကောင်းပြီး ယုံကြည်မှုပိုရှိစေတယ်

couple

Photo : www.outsideonline.com

တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ အမျိုးသားတွေအတွက် အိပ်ရာထဲက လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကို တိုးမြင့်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ တစ်ကိုယ်ရည် အာသာဖြေတဲ့အခါ ကိုယ့်ရဲ့ နှစ်သက်မှုတွေ ၊ ကိုယ့် ခန္ဓာကိုယ်အကြောင်းနဲ့ ကိုယ့်ရဲ့ လိင်စိတ်ခံစားချက်တွေကို ပိုမိုသိရှိနားလည် လာစေနိုင်သလို ပါတနာနဲ့ ချစ်တင်းနှောချိန်မှာ ပိုမိုကောင်းမွန်တဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံ ၊ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်စေဖို့ ကူညီပေးပါတယ်။

Source : Times of India

Featured Photo : LADbible