တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ နေထိုင်တတ်ခြင်းက ကောင်းပါတယ်။ သို့သော် တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်းပဲ ခေတ်မီတိုင်းလည်း မကောင်းပါဘူး။ လူငယ်တွေကြားမှာ Nightlife သည် တဖြည်းဖြည်း ရေပန်းစားလာသည်နှင့်အမျှ ကိုယ့်ရဲ့ တစ်ခဏတာ ပျော်ရွှင်မှုအတွက်နဲ့ တစ်ဘဝစာ လုံး မလဲပစ်ဖို့တော့ လိုအပ်ပါတယ်။

ကျွန်တော်တို့လူသားတွေသည် စူးစမ်းသိလိုစိတ်၊ လက်တည့်စမ်းချင်စိတ်များ အင်မတန်မှ များပါတယ်။ ကိုယ့်ရဲ့ ဆန္ဒကို အသိဥာဏ်နဲ့ သေချာထိန်းချုပ်နိုင်မှသာလျှင် ဘဝကြီးက ရေစုန်မျောကာ ပျက်စီးမသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် One Night Stand လို အသုံးအနှုန်းတွေ ခေတ်စားလာတဲ့အချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ကိုယ်ကိုယ်တိုင်က ပြန်လည်ထိန်းချုပ်ရမှာပဲ ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကနေတဆင့် ကွီးတို့အတွက် အကြီးအကျယ် နောင်တရစရာတွေကို လက်ဆောင်အဖွဲ့ ပေးကမ်းနေမှာပါ။ ဒါ့ကြောင့် တစ်ခဏတာ ပျော်ရွှင်ဖို့အတွက် တစ်ဘဝစာ လုံးနဲ့ မလဲလိုက်မိဖို့ လိုပါတယ်။

ဦးထုပ်ကို မဖြစ်မနေ အသုံးပြုပါ

condom

ကွန်ဒုံး ဝယ်ရမှာ ရှက်လို့၊ ဘေးက လူတွေ မြင်မှာစိုးလို့၊ ဆိုင်က အရောင်းဝန်ထမ်းက အထင်သေးမှာစိုးလို့ စတဲ့ စိုးရိမ်စိတ်ကြောင့် မဝယ်ဘူးဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ၊ HIV AIDS ရောဂါများ ကူးစက်ခံရတဲ့အခါ ဘယ်လိုလုပ်မလဲ။ ကွန်ဒုံးသည် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးပြီး ရယ်ဒီမဖြစ်သေးဘဲ ကိုယ်ဝန်ရလာခြင်းမှလည်း ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ဦးထုပ် မသုံးဘူးဆိုရင်တော့

တစ်ခဏတာ တစ်ဘဝစာ

ကာလသားရောဂါ၊ HIV AIDS တွေက ခန္ဓာကိုယ်ထဲသို့ အတားအဆီးမဲ့စွာ ဝင်ရောက်လာမှာပဲဖြစ်ပါတယ်။ ထိုရောဂါတွေသည် ချက်ချင်း ရောဂါ လက္ခဏာ ပြတာမဟုတ်ပါဘူး။ စစ်ကြည့်လို့ HIV-Negative ထွက်ရင်တောင်မှ စိတ်ချရတာမဟုတ်ပါဘူး။ ထိုအခြေအနေမျိုးမှာတောင် လူတစ်ယောက်ကနေ အခြားလူတစ်ယောက်ဆီသို့ ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒါ့ကြောင့် ဦးထုပ် မသုံးဘူးဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားရမှာပဲဖြစ်ပါတယ်။

ဦးထုပ်နှင့် အရေးပါပုံနှင့် လိင်ဆက်ဆံပုံ အမျိုးအစားများ

တစ်ခဏတာ တစ်ဘဝစာ

HIV ကူးစက်နိုင်ခြေ များခြင်း၊ နည်းခြင်းသည် လိင်ဆက်ဆံပုံ အမျိုးအစားများပေါ်လည်း ကွဲပြားသွားပါသေးတယ်။ ဥပမာအားဖြင့် Anal Sex သည် Oral Sex ထက် HIV ကူးစက်နိုင်ခြေ ပိုများပါတယ်။ ကွန်ဒုံး မသုံးတဲ့ အခြေအနေမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စအိုနံရံတွေသည် ပွတ်တိုက်မှုကြောင့် သွေးထွက်ခြင်း၊ အရေပြား ပြဲသွားခြင်းမှတဆင့် HIV သည် သွေးကြောထဲသို့ ဝင်ရောက်သွားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဒုံး မသုံးဘဲ Vaginal Sex ပြုလုပ်တဲ့အခါမှာလည်း ကူးစက်နိုင်ခြေ အနည်းငယ် ရှိပါသေးတယ်။ သို့သော် သားအိမ်နံရံသည် စအိုနံရံထက် ပိုမိုထူထဲတဲ့အတွက်ကြောင့် Anal Sex ထက်စာရင်တော့ ကူးစက်နိုင်ခြေ နည်းပါတယ်။ ကူးစက်နိုင်ခြေ နည်းရုံ နည်းတာပါ။ ကူးစက်နိုင်ခြေ မရှိတာမဟုတ်ပါဘူး။

မှန်မှန်ကန်ကန် အသုံးပြုမှသာ အကျိုးရှိမှာ

တစ်ခဏတာ တစ်ဘဝစာကွန်ဒုံးသည် HIV နှင့် အခြားသော လိင်မှတဆင့် ကူးစက်တဲ့ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ သို့သော် နည်းမှန် လမ်းမှန် အသုံးပြုမှသာ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အသုံးပြုမယ်ဆိုရင် Sexual Contact မစခင်ကတည်းက အသုံးပြုထားရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များသည် အစပျိုးနေချိန် ထွက်လာတဲ့ အရည်များကနေတဆင့် ကူးစက်နိုင်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဒုံး အသုံးပြုတဲ့အခါ Water-Based Lubricants မျိုးကိုသာ အသုံးပြုသင့်ပါတယ်။ Oil-Baed Lubricants များသည် ကွန်ဒုံးကို ပေါက်ပြဲသွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့သည် Anal Sex ၊ Vaginal Sex နှင့် Oral Sex စသည်ဖြင့် ပုံစံအမျိုးမျိုး ပြောင်းလဲတိုင်းမှာ ကွန်ဒုံးကို တစ်ကြိမ်စီ လဲပေးဖို့ လိုအပ်ပါတယ်။

ဒီကျန်းမာရေး အချက်တွေကို သိသွားပြီဆိုရင်တော့ ကွီးတို့လည်း တစ်ခဏတာ ပျော်ရွှင်ဖို့အတွက် တစ်ဘဝစာ လုံးနဲ့ လဲမိတဲ့အဖြစ်မျိုးကနေ ရှောင်ကြဥ်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Healthline

Featured Image: Freepik