စလော့ဂိမ်း တွေက စွဲလွန်းလို့ တချို့ဆိုရင် ဟိုပေါင်ဒီပေါင်တွေအထိ ဖြစ်နေကြရတယ်လို့ လူပြောများနေပါတယ်။ ဒီလို အချိန်ကုန် ငွေကုန် လူစိတ်ပင်ပန်းရတဲ့ ဆုံးရှုံးများတဲ့ လောင်းကစားဂိမ်းတွေကို စွဲစွဲလမ်းလမ်း ဆော့နေမယ့်အစား ပျော်စရာကောင်းတဲ့ Mobile ဂိမ်းလေးတွေ ပြောင်းဆော့ကြည့်ပါ။ ဒီဆောင်းပါးမှာတော့ ဆော့ရမိုက်လွန်းလို့ တစ်ခါဆော့တာနဲ့ တစ်ခါဆိုတစ်ခါပဲ စွဲလမ်းသွားစေမယ့် Offline ဂိမ်းလေးတွေကို ပြောပြပေးပါမယ်။
(၁) Grand Mountain Adventure
Source : Grand Mountain Adventure
စွန့်စွန့်စားစား နှင်းလျှော စီးလို့ရမယ့် အထာကျတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းလေးမှာက လှပတဲ့ တောင်တန်းရှုခင်းတွေကို ခံစားရင်း Challenge ဖြစ်တဲ့ ပြိုင်ပွဲတွေ ၊ လျို့ဝှက်လမ်းကြောင်းတွေနဲ့ အထာကျကျ ယှဉ်ပြိုင်ကစား ရမှာပါ။ Graphics တွေ Smooth ဖြစ်တယ် ၊ Controls တွေကလည်း ရိုးရှင်းတယ်။ Offline ဆော့လို့ရတာဆိုတော့ ကွီးတို့ Try ကြည့်လိုက်ပါ။
(၂) Limbo
Source : Playdead
ပဟေဠိဆန်ဆန် ၊ ထူးဆန်းတဲ့ အကောင်တွေနဲ့ ပြည့်နှက်နေတဲ့ အမှောင်ထုကြားက ခြောက်ခြားစရာ ကမ္ဘာတစ်ခုကို အခြေပြုထားတဲ့ ဂိမ်းပါ။ ဒီဂိမ်းက လျို့ဝှက်ဆန်းကြယ်တဲ့ Vibe ရအောင် Black And White Visuals တွေကို သုံးထားပြီး ခြေသံတွေအစ ခပ်ခပ်ပြင်းကြားရတဲ့ Quiet ဖြစ်တဲ့ နောက်ခံ Sounds တွေကို ထည့်ပေးထားပါ။ ထောင်ခြောက်တွေ ၊ လှည့်ကွက်တွေကို ရှောင်ရင်း Puzzles တွေကို ဖြေရှင်းသွားရမယ့် စိတ်လှုပ်ရှား စွဲမက်စရာ ဂိမ်းဖြစ်ပါတယ်။ စလော့ဂိမ်း ထက် ရင်ခုန်ချင်ရင် Limbo ဂိမ်းလေး ကစားကြည့်ပါ။
(၃) Kingdom Rush Vengeance
Source : Ironhide Game Studio
Tower Defense ဂိမ်းတွေ ကြိုက်ရင် Kingdom Rush Vengeance ကစားကြည့်ပါ။ ဒီဂိမ်းလေးက ထင်မထားလောက်အောင် တော်တော်လေး ဆော့လို့ကောင်းလို့ အချိန်ကုန်လို့ ကုန်မှန်းမသိ ဖြစ်ရပါတယ်။ ဒီဂိမ်းလေးမှာက Players တွေအနေနဲ့ ထူးထူးခြားခြား Villain Side ကနေ တိုက်ခိုက်ရမှာဖြစ်ပြီး ပျော်စရာကောင်းတဲ့ Moments တွေပါသလို Levels တစ်ခုစီအလိုက် Challenging ဖြစ်ဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။
Source : Analytics Insight
Featured Photo : Łowcy Gier