ကိုယ်မလုပ်ဖူးတာ တစ်ခုခု ကို လုပ်ရတာဟာ စွန့်စားခန်းတစ်ခု ဖွင့်တာနဲ့ တူပါတယ်။ ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီ သွားရတာဟာလည်း စွန့်စားခန်းတစ်ခုပါပဲ။ ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ စွန့်စားခန်းတိုင်းဟာ အနည်းနဲ့အများဆိုသလို စိုးရိမ်ပူပန်မှုကို ခံစားရစမြဲပဲ ဖြစ်ပါတယ်။ အများနဲ့မတူဘဲ စွန့်စားပြီး ရှေ့ဆောင်လုပ်ရတဲ့ စွန့်ဦးတီထွင်သမားတွေဆိုရင် ရင်တလှပ်လှပ် စိုးရိမ်ရတဲ့ Risk နဲ့ ရှေ့ဆက်နေရတာပါ။ လူအတော်များများက သူတို့ ထိတ်လန့်ရတဲ့အရာတစ်ခုခုကို လုပ်ရတဲ့အခါ အခုလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလေ့ရှိကြပါတယ်။

(၁) ငါ ဒါလုပ်ဖို့ အဆင်သင့်မဖြစ်သေးဘူး

Computer

Photo : Pexels

ကြောက်စိတ်ဟာ အခုမှ စွန့်ဦးတီထွင်မှုလောကထဲ ဝင်မယ့်သူတွေအတွက် အဓိကကြုံတတ်တဲ့ အတားအဆီးတစ်ခုပါပဲ။ ကြောက်စိတ်ကြောင့်ပဲ ငါတော့ လုပ်လို့ မဖြစ်သေးပါဘူးဆိုပြီး နောက်ဆုတ်သွားသူတွေ အများကြီး ရှိကြပါတယ်။ အကောင်းမြင်ပြီး မျှော်လင့်ချက်တောက်ပမှုသာ မရှိရင် ကြောက်စိတ်နဲ့ ကိုယ့်ပန်းတိုင်ကို လွှတ်ချတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

(၂) ငါ့မှာ အိုင်ဒီယာတွေ အများကြီး ရှိတာပဲ။ ဒီထက်ကောင်းတဲ့ ပန်းတိုင်ကျမှပဲ ကြိုးစားတော့မယ်

startup-photos

Photo : Pexels

တချို့ စိုးရိမ်ကြောက်စိတ်တွေက အချိန်ရွှေ့ဆိုင်းချင်အောင် ပုံပြောင်းလှုံ့ဆော်မှုအနေနဲ့ ကိုယ့်စိတ်ထဲ စကားလာပြောတတ်ပါတယ်။ စွန့်စားစရာ ပန်းတိုင်တစ်ခုခုနောက် လိုက်ဖို့ တွန့်နေတဲ့အခါ ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းကျမှ လုပ်တော့မယ်ဆိုပြီး အချိန်ရွှေ့ဆိုင်းတာမျိုး လုပ်တတ်ကြပါတယ်။ အိုင်ဒီယာကောင်းတွေက အများကြီး ရှိပါတယ်။ သတ္တိရှိရှိ စတင်ဖို့ကပဲ ရှားပါးပစ္စည်းဖြစ်ပါတယ်။

(၃) ဒါကြီးက လုပ်ပြီးသားကြီးပဲ။ လူတွေ မလိုအပ်တာကို လုပ်ပြီး ငါ့လုပ်အားကို မဖြုန်းသင့်ဘူး

Startup Stock Photos

Photo : Pexels

တချို့ အိုင်ဒီယာတွေ ၊ ပန်းတိုင်တွေက သွားနေကျလမ်းတစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒီလို လူသွားများတဲ့ လမ်းနောက်ကို လိုက်မယ်လို့ စဉ်းစားရာမှာလည်း “ဟာ ဒါကြီးက လူတိုင်းလုပ်နေတာပဲ။ ငါ့အတွက် အခွင့်အလမ်း ရှိတော့မှာ မဟုတ်ဘူး” လို့ တွေးပြီး လက်လျှော့ချင်စိတ်လည်း ဖြစ်သွားနိုင်ပါတယ်။

(၄) ဒီနေ့လုပ်ဖို့ နောက်ကျသွားပြီး နောက်နေ့မှ လုပ်တော့မယ်

Legs

Photo : Pexels

အချိန်ရွှေ့ဆိုင်းတယ်ဆိုတာ အချိန်မရလို့ချည်း ဖြစ်ချင်မှ ဖြစ်မှာပါ။ တစ်ခါတလေမှာ မတိုးရဲလို့ နေ့ရွှေ့ညရွှေ့လုပ်တာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီနေ့ အချိန်ရရဲ့သားနဲ့ နောက်နေ့ကို အချိန်ရွှေ့တတ်တဲ့ အကျင့်ဝင်နေတာ တွေ့ရရင် ဒီအချက်ကို ပြင်ဖို့ လိုပါတယ်။ အချိန်ရွှေ့ဆိုင်းတတ်သူဟာ ရှုံးနိမ့်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

Featured Photo : gaiaherbs