Earbuds ကို Device တစ်ခုတည်းပဲ ချိတ်ရတာ အားမရဘူးဆိုတဲ့ ကွီးတို့အတွက်တော့ Multipoint Connection ပါတဲ့ Dual Device Pairing Earbuds တွေ ရှိပါတယ်။ Device နှစ်ခုကို တစ်ပြိုင်နက်တည်း ချိတ် ဆက်အသုံးပြုလို့ ရတဲ့အတွက် ဂိမ်းကစားတဲ့သူတွေ ၊ သီချင်းနားထောင်ရင်း အလုပ်လုပ်ရတာ ကြိုက်တဲ့သူတွေအတွက် အဆင်ပြေဆုံး ဖြစ်စေမှာပါ။ ဒီဆောင်းပါးမှာတော့ Dual Device Pairing Earbuds တွေထဲက အမိုက်စား အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Sony WF-1000XM5

Sony WF-1000XM5

Photo : Tech Reviews

Device ၂ ခု တပြိုင်တည်း ချိတ်ဆက်အသုံးပြုလို့ရမယ့် Earbuds တွေထဲမှာ အသံပိုင်းဆိုင်ရာလည်း ရှယ်မိုက်သလို ကျစ်ကျစ်လစ်လစ်နဲ့ ပေါ့ပါးအကြမ်းခံတဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတဲ့ Sony WF-1000XM5 ကတော့ ဦးစားပေး ရွေးချယ်သင့်တဲ့ List ထဲမှာ ပါပါတယ်။ ဆူညံသံတွေကို ဖယ်ရှားပေးမယ့် Noise Cancelling နည်းပညာပါဝင်ပြီး ဘက်ထရီကတော့ ၈ နာရီခန့် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) Bose QuietComfort Ultra Headphones Earbuds

Bose QuietComfort Ultra Headphones Earbuds

Photo : Stereo Guide

ပြင်ပဆူညံသံတွေကို အကောင်းဆုံး ဖယ်ရှားပေးပြီး ကြည်လင်ပြတ်သားတဲ့ အသံကွာလတီကို ထုတ်ပေးနိုင်တဲ့ Bose QuietComfort Ultra Headphones Earbuds ကိုလည်း ကွီးတို့ စဉ်းစားသင့်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းက နားထဲမှာ သက်တောင့်သက်သာနဲ့ အံဝင်ခွင်ကျဖြစ်အောင် ထုတ်ထားပြီး Multipoint Bluetooth ချိတ်ဆက်မှု ပါလို့ လက်ပ်တော့ကနေ ဖုန်း ဒါမှမဟုတ် ဖုန်းကနေ တက်ဘလက်တို့ကို တစ်ပြိုင်တည်း Device ၂ ခု ချိတ် သုံးလို့ ရမှာ ဖြစ်ပါတယ်။

(၃) Google Pixel Buds Pro 2

Google Pixel Buds Pro 2

Photo : Mashable

Google ဖန်တွေကတော့ Pixel Buds Pro 2 ကို ရွေးချယ်လို့ ရပါတယ်။ သူ့ရဲ့ Case ဒီဇိုင်းကိုက တစ်မျိုးလေးဆန်းတာကို မြင်တွေ့ရမှာပါ။ အတွင်းက နားကြပ်ပုံစံလေးတွေကလည်း နားထဲမှာ ကွက်တိကျကျ ၊ သက်တောင့်သက်သာ ဖြစ်ဖြစ် ဝတ်ဆင်လို့ ရအောင် သေချာ ဒီဇိုင်းထုတ်ထားပါတယ်။ ဖုန်းပြောတဲ့အချိန်မှာရော သီချင်းနားထောင်တဲ့ အချိန်မှာပါ ကြည်လင်ပြတ်သားတဲ့ အသံကွာလတီကို ခံစားရမှာဖြစ်ပြီး Noise Cancelling နဲ့ Google Assistant လည်း ပါပါတယ်။

(၄) Jabra Elite 8 Active Gen 2

Jabra Elite 8 Active Gen 2
Photo : Mashable

အကြမ်းခံ အထာကျတဲ့ Earbuds လို့ ပြောရင် Jabra Elite 8 Active Gen 2 ကိုပဲ ညွှန်းချင်ပါတယ်။ ရေစိုခံ ၊ ဖုန်ဒဏ်ခံ IP68 အဆင့်သတ်မှတ်ချက် ပါရှိပြီး Multipoint Bluetooth ချိတ် လို့ရသလို Dolby Audio နည်းပညာလည်း ပါဝင်တာကြောင့် အသံပိုင်းဆိုင်ရာကတော့ လုံးဝရှယ်ပါပဲ။ Case နဲ့ တွဲသုံးမယ်ဆိုရင် ဘက်ထရီသက်တမ်းက ၁ ရက်ကျော်ကျော် ၃၂ နာရီ ဝန်းကျင်ခန့် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Source : Analytics Insight

Featured Photo : Sony Singapore