မျှတတဲ့ အစာအာဟာရဟာ ကျန်းမာတဲ့ လူမှုဘဝတစ်ခုရဖို့အတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒါတင်မကသေးပါဘူး။ လိင်မှုဘဝအပေါ် အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ ကွီးတို့ သိထားရပါမယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးပေးတာဟာ လိင်စိတ်ဆန္ဒကို တိုးပွားစေသလို သွေးလည်ပတ်မှု ကောင်းစေပြီး နှလုံးကျန်းမာရေးနဲ့ သက်လုံစွမ်းအား မြင့်မားစေပါတယ်။ ဒီတစ်ခေါက်မှာတော့ ချစ်သူစုံတွဲတိုင်း ပုံမှန် စား ပေးသင့်တဲ့ လိင်မှုဘဝအတွက် အကျိုးပြုစေမယ့် အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

Couple Sexual Passion

Photo : Qraa men

ပထမဆုံး အစားအစာတစ်ခုကတော့ ပင်လယ်စာထဲက နာမည်ကြီး Oyster လို့ခေါ်တဲ့ ကမာပါ။ ကမာကို ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကာမခွန်အား တိုးပွားစေတဲ့ အစားအစာတစ်ခု အဖြစ် စားသုံးခဲ့ကြပါတယ်။ အဓိကအားဖြင့် ကမာမှာ ဇင့်ဓာတ်ပါဝင်မှုများပြီး ၎င်းက လိင်အင်္ဂါတွေဆီ သွေးစီးဆင်းမှုကို တိုးစေပါတယ်။ ဒါ့အပြင် ဇင့်ဟာ အမျိုးသားတွေရဲ့ မျိုးပွားမှုဆိုင်ရာအတွက် အရေးကြီးတဲ့ ကျားဟော်မုန်း Testosterone ပမာဏကို ထိန်းညှိပေးပါတယ်။ ကမာ တစ်ပန်းကန်မှာ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လိုအပ်တဲ့ ဇင့်ဓာတ်ရဲ့ ၆၇၃ ရာခိုင်နှုန်းခန့်ကို ရနိုင်မှာ ဖြစ်ပါတယ်။ ကမာဟာ အနည်းငယ် ညှီနံရှိတာကြောင့် ကမာ စားဖို့ အဆင်မပြေသူတွေအနေနဲ့ ပုဇွန် ၊ ဂဏန်း ၊ အမဲသား ၊ ပဲအမျိုးမျိုးနဲ့ အခြား ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စား သုံးပေးနိုင်ပါတယ်။

ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ပြီး လိင်မှုခွန်အား တိုးစေဖို့အတွက် ပရိုတင်းဓာတ်မြင့်မားတဲ့ အစားအစာတွေကိုလည်း မေ့ထားလို့ မရပါဘူး။ ပရိုတင်းကြွယ်ဝတဲ့ အသားတွေမှာ ကာနီတင်း ၊ L-arginin နဲ့ ဇင့် ဓာတ်တွေ ပါဝင်ပါတယ်။ ဒီဒြပ် ၃ မျိုးလုံးဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ လိင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေကို ပေးစွမ်းပြီး သွေးစီးဆင်းမှုအတွက် အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အချို့လေ့လာမှုတွေအရ L-arginin ခေါ် အမိုင်နိုအက်ဆစ်ဓာတ် ပြည့်ပြည့်ဝဝ စားသုံးပေးတာဟာ အသေးစားကနေ အလယ်အလတ် ပန်းသေပန်းညိုး ပြဿနာ Erectile Dysfunctions ကို သက်သာစေဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။

Couple Sexual Passion

Photo : Vijesti

သတိထားရမှာ တစ်ခုကတော့ အနီရောင် အသားတွေကို အလွန်အကျွံစားမယ်ဆိုရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အကယ်၍ ကွီးတို့က အသားမစားတဲ့သူဆိုရင် နွားနို့ ၊ ဒိန်ခဲနဲ့ Whole Wheat အစားအစာတွေကနေ အမိုင်နိုအက်ဆစ်နဲ့ ဇင့်ဓာတ်ကို ရနိုင်ပါတယ်။

ငါးထဲမှာဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး Omega-3 Fatty Acids ဓာတ် ကြွယ်ဝတဲ့ ဆယ်လမွန်ငါးကို စားဖို့ အကြံပြုချင်ပါတယ်။ ဆယ်လမွန်ငါးမှာ ကျန်းမာတဲ့ အဆီဓာတ်တွေ ပေါပေါများများ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှုကို တိုးမြှင့်ပေးပါတယ်။ Omega-3 ဓာတ်ဟာ သွေးကြောအတွင်းမှာ အစိုင်အခဲတွေ စုပုံလာခြင်းကို ကာကွယ်ပေးပြီး သွေးစီးဆင်းမှု မကောင်းခြင်းကြောင့် ဖြစ်နိုင်တဲ့ လိင်မှုဆိုင်ရာချို့ယွင်းမှု ပြဿနာတွေကို လျှော့ချပေးပါတယ်။ ဆယ်လမွန်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ပရိုတင်း ၊ ဗီတာမင် B12 ၊ ဗီတာမင် D နဲ့ သံဓာတ် တို့ကိုလည်း အလုံလောက်ရနိုင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။

Couple Sexual Passion
Photo : Times Food

ဆယ်လမွန် နည်းတူ ကျန်းမာတဲ့ အဆီဓာတ်တွေ ပါဝင်တဲ့ ဆာဒင်းငါး ၊ တူနာငါးနဲ့ အချို့သော ပင်လယ်ငါးတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။ အမေရိကန် အစာအာဟာရဗေဒဆိုင်ရာ ပညာရှင်တွေကတော့ ခန္ဓာကိုယ်နဲ့ နှလုံးကျန်းမာရေးအပြင် လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် တစ်ပတ်မှာ အနည်းဆုံး ငါး ၂ ကြိမ်ခန့် စား သုံးပေးဖို့ အကြံပြုထားပါတယ်။

Source : VOI

Featured Photo : OAD