အားလပ်ရက်မှာ ခရီးထွက်ဖို့ပဲ ချောင်းနေတဲ့ ကွီးတို့ရှိပါသလား။ ခရီးသွားခြင်း က ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို အကျိူးပြုပြီး ပျော်ရွှင်မှုပေးနိုင်တဲ့ နည်းလမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ခရီးထွက်ခြင်းကနေ နေရာအသစ်များ၊ စွန့်စားမှုများနှင့် အတွေ့အကြုံသစ်များ၊ အမှတ်တရများကို ရရှိနိုင်ပြီး ဘာနဲ့မှမလဲနိုင်တဲ့ ခံစားမှုရသကို ပေးစွမ်းနိုင်ပါတယ်။ ခရီးထွက်ခြင်းကြောင့် ဘဝရဲ့ အဓိပ္ပါယ်ကို ပိုပြီးပြည့်စုံလာစေပါတယ်။ ဒါ့ပြင် ခရီးထွက်ခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးတွေလည်း အများကြီးရှိပါသေးတယ်။ ဒါ့ကြောင့် တစ်နှစ်မှာ တစ်ခေါက်‌လောက်တော့ ကွီးတို့ ခရီးထွက် ဖြစ်အောင် ထွက်ပါ။

ခရီးသွားခြင်းကနေ ကွီးတို့ စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်

တစ်နှစ်မှာ ခရီးထွက်

Photo : Vista Create

ခရီးသွားခြင်းမှ ကွီးတို့အတွက် အထင်ရှားဆုံး အကျိုးကျေးဇူးမှာ စိတ်ကိုပျော်ရွှင်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုတာပဲ ဖြစ်ပါတယ်။ လူသစ်များ၊ နေရာသစ်များနှင့် အစားအသောက်အသစ်များ စတဲ့ အသစ်အသစ်သော အရာတွေကို ထိတွေ့ခံစားရခြင်းက ကွီးတို့စိတ်ကို လှုပ်ရှားစေပြီး ကောင်းမွန်သော ခံစားချက်ကို ရရှိစေပါတယ်။ တကယ်လို့ ကွီးတို့မှာ စိတ်ဖိစီးမှုများနဲ့ ပူပန်မှုများ ရှိနေလျှင် ခရီးသွားလိုက်ပါလို့ အကြံပေးပါရစေ။ ခရီးသွားခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့ကျကာ စိတ်သစ်၊ လူသစ်နဲ့ ကွီးတို့ကို ပိုမိုကောင်းမွန်သော ခံစားချက်တွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ပေါင်းသင်းဆက်ဆံရေးကို ‌ကောင်းမွန်လာစေပါတယ်

တစ်နှစ်မှာ ခရီးထွက်

Photo : Cordillera Lodge

ခရီးသွားခြင်းဖြင့် ကွီးတို့အနေနဲ့ နေရာသစ်များမှ လူသစ်များကို တွေ့ဆုံရပြီး ထိတွေ့ဆက်ဆံရတဲ့အတွက် မတူညီကွဲပြားမှုများကို ပိုမိုနားလည်သိရှိလာနိုင်ပါတယ်။ ဒီအချက်က ကွီးတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပိုမိုကောင်းမွန်စေတဲ့ အချက်တစ်ချက်ပါပဲ။ ဒါ့အပြင် ပြောဆိုဆက်ဆံရာမှာ ကိုယ့်ကိုယ်ကို ပိုမိုယုံကြည်မှု ရှိလာနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ဘာသာစကားအသစ်တွေကို သင်ယူဖို့အတွက်လည်း အခွင့်အလမ်းတွေ အများကြီး ရရှိလာနိုင်ပါတယ်။

ကွီးတို့ကို တတ်ကြွလန်းဆန်းစေပါတယ်

Photo : Vista Create

ကွီးတို့ရေ နေ့စဉ် အလုပ်များတဲ့နေရာကနေ ဒါမှမဟုတ် ငြီးငွေ့ဖွယ် ခံစားနေရတယ်ဆိုရင် လက်ရှိနေရာကနေ ခဏ ထွက်ခွာပြီး စိတ်ခံစားချက်များ ပြန်လည်ကောင်းမွန်စေရန်နဲ့ စိတ်အား၊ လူအား ပြန်လည်ဖြည့်သွင်းဖို့အတွက် ခရီးသွားခြင်း က အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ ခရီးသွားခြင်းကြောင့် လူသစ်များနဲ့တွေ့ဆုံပြီး အခြေအနေသစ်များနဲ့ လိုက်လျောညီထွေအောင် လုပ်ဆောင်ရခြင်းက တစ်ဦးနဲ့တစ်ဦး တစ်နေရာနဲ့တစ်နေရာ ယဉ်ကျေးမှု၊ မတူညီကွဲပြားမှုတွေကို သိရှိလာစေပါတယ်။ ထို့အပြင် ခရီးသွားခြင်းကြောင့် စိတ်နဲ့ကိုယ်ကို ကြည်လင်လန်းဆန်းစေကာ ကွီးတို့ခရီးကပြန်လာလျှင် အားအင်အပြည့်နဲ့ လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

တစ်သတ်တာ မမေ့နိုင်စရာ အမှတ်တရတွေကို သယ်ဆောင်လာပေးပါတယ်

Photo : Vista Create

ကွီးတို့ရေ ခရီးသွားခြင်းကနေ ကွီးတို့ရဲ့ ဘဝကို ပိုပြီး အဓိပ္ပါယ်ပြည့်စုံအောင် ဖန်တီးပေးနိုင်ပါတယ်။ ကွီးတို့ လျှောက်လှမ်းတဲ့ခရီးတိုင်းဟာ ကွီးတို့ရဲ့ ဘဝဇာတ်ကြောင်းကို အမှတ်တရ တွေနဲ့ ပြီးပြည့်စုံစေမှာပါ။ ကွီးတို့ ခြေချတဲ့နေရာတိုင်းက အသစ်အဆန်းတစ်ခုခု ဒါမှမဟုတ် မမေ့နိုင်စရာ အမှတ်တရတစ်ခုခု ယူဆောင်လာပါလိမ့်မယ်။ ထို့အပြင်၊ ခရီးသွား အတွေ့အကြုံများအားလုံးက ကွီးတို့ရဲ့  ဘဝဇာတ်ကြောင်းမှာ နေရာယူပြီး တဖြည်းဖြည်း ကောင်းမွန်သောအမှတ်တရတွေနဲ့ ပြည့်လာပါလိမ့်မယ်။ ခရီးစဉ်တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကို ပိုမို ကျေနပ်စေပြီး ပျှော်ရွှင်မှုရဲ့ အနှစ်သာရကို သိရှိခံစားရပါလိမ့်မယ်။

ကွီးတို့ရေ ဒီလို အချက်တွေကြောင့် တစ်နှစ်မှာ တစ်ခေါက်လောက်တော့ တစ်ကိုယ်တော်ဖြစ်စေ၊ ချစ်ခင်ရသူတွေနဲ့ ဖြစ်စေ ခရီးထွက် သင့်ပါတယ်နော်။ တကယ်ကို နောင်တ မရမှာတော့ အသေအချာပဲ။

Source : Memphis Tour

Featured Photo : Vista Create