Savage ၊ WAP ၊ Mamushi သီချင်းတွေနဲ့ နာမည်ကြီးတဲ့ အမေရိကန် ရက်ပ်ပါ Megan Thee Stallion ကတော့ ခပ်လန်းလန်း ၊ ခပ်ကြမ်းကြမ်း သီချင်းအသစ်တစ်ပုဒ် Release လုပ်လိုက်ပါပြီ။ ဒီသီချင်းရဲ့ နာမည်ကို Whenever လို့ပေးထားပြီး Official Music Video ထွက်လာတာတော့ ရက်ပိုင်းပဲ ရှိပါသေးတယ်။

Megan Thee Stallion
Photo : HipHop-N-More

အကြမ်းစား Music Video ကြီးနဲ့ ထွက်ချလာတဲ့ ဒီသီချင်းက Megan Thee Stallion ရဲ့ ဒီနှစ်ထဲမှာ ပထမဆုံး ထွက်ရှိလာတဲ့ Single သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဧပြီလအစမှာကတည်းက သီချင်းအသစ်ထွက်မယ့်အကြောင်းကို ကြေညာခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့ရတာပါ။

ယခုအပတ်အစောပိုင်းမှာတော့ Whenever သီချင်းအတွက် ကောင်းဘွိုင်ဦးထုပ် ဆောင်းထားတဲ့ Meganရဲ့ ပိုစတာဓာတ်ပုံတစ်ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပါတယ်။ ဒီသီချင်းက မကြာခင်မှာ ထွက်ရှိလာမယ့် Act: III အယ်လ်ဘမ်မှာ ပါမပါကိုတော့ အတိအကျမသိရသေးပါဘူး။ ဒီရက်ထဲမှာ ပြုလုပ်ခဲ့တဲ့ TikTok Live မှာတော့ Act: III အယ်လ်ဘမ်ကို လုပ်နေပြီလို့ Meganက အတည်ပြုသွားပါတယ်။

Source : Megan Thee Stallion

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလထဲမှာ သီချင်း ၁၂ ပုဒ်ပါတဲ့ Megan: Act II အယ်လ်ဘမ်ကို ဖြန့်ဝေခဲ့တာဖြစ်ပြီး တော်တော်လေး အောင်မြင်မှုခဲ့ရတာပါ။ Meganရဲ့ နောက်ထပ်လာမယ့် အယ်လ်ဘမ်အသစ်ကို စောင့်ရင်း အခုလက်ရှိ ထုတ်ဝေလိုက်တဲ့ သီချင်းစာသား အကြမ်းစားတွေနဲ့ Whenever သီချင်းအသစ်လေးကို ဂီတချစ်သူတွေ ခံစားနာဆင်လိုက်ပါဦးနော်။

Source : Siachen Studios

Featured Photo : AllHipHop