လျော့တွက်တယ်ဆိုတာကတော့ မကောင်းတဲ့ အမူအကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ ဘဝမှာ ဘယ်အရာမှ လျော့မတွက်မိဖို့ လိုအပ်ပါတယ်။ တစ်ခါတည်းပါဆိုပြီး လျော့တွက်လိုက်ရင် တစ်ဘဝစာ လုံး ပေးဆပ် ရတဲ့ အဖြစ်မျိုး ကြုံတွေ့ရနိုင်ပါတယ်။ နောင်မှရတဲ့ နောင်တက ဘာမှ အသုံးမဝင်ပါဘူး။ အထူးသဖြင့်  ကိုယ့်ရဲ့ ပေါ့ဆမှုကြောင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါမျိုး ကြုံတွေ့ရပြီးမှ နောင်တရကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေလို့ ဘာမှ အသုံးမဝင်ပါဘူး။ ဒါ့ကြောင့် တဒင်္ဂ ပျော်ရွှင်မှုအတွက်နဲ့ တစ်ဘဝစာလုံး ပျော်ရွှင်မှုကို မလဲလိုက်မိဖို့ လိုအပ်ပါတယ်။

STD က အချဥ်တော့ မဟုတ်

တစ်ဘဝစာ ပေးဆပ်

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပဲ ကွီးတို့သည် ဘယ်အရာမဆို ကြိုကြိုတင်တင်နဲ့ ကာကွယ်ဖို့ လိုအပ်ပါတယ်။ မကာကွယ်ဘူးဆိုရင်တော့ STD လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက အတားအဆီးမဲ့စွာ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ဘဝမှာ လက်တွဲဖော် တစ်ယောက်တည်း ရွေးချယ်ထားတယ်၊ ကိုယ့် လက်တွဲဖော်ကလည်း ကိုယ့်တစ်ယောက်တည်းကိုပဲ ရွေးချယ်ထားတယ်၊ ကွီးတို့ နှစ်ယောက်စလုံးက အပျော်အပါးလိုက်စားတာမျိုးတွေ မရှိဘူးဆိုရင်တော့ ကွီးတို့စိတ်ကြိုက် အကာအကွယ်မသုံးဘဲနဲ့လည်း လိင်ဆက်ဆံနိုင်ပါတယ်။ ဒါတောင်မှ ကံအကြောင်းမလှလို့ ဆေးထိုးအပ်ကနေ ကူးတာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ဒါဆိုရင် တစ်ခါတည်းပါဆိုပြီး တစ်ဘဝစာ လုံး မ ပေးဆပ် ရအောင် ဘယ်လိုကာကွယ်နိုင်မလဲ။

နှစ်ပါးသွားကတိုင်းမှာ အကာအကွယ် အသုံးပြုဖို့ပါပဲ

တစ်ဘဝစာ ပေးဆပ်

ကိုယ့်ရဲ့ ကျန်းမာရေးအတွက်ရော ကိုယ့်ရဲ့ ပါတနာ ကျန်းမာရေးအတွက်ပါ ထည့်စဥ်းစားမယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းကတော့ အကာအကွယ်အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ကွန်ဒုံးများ၊ Nitrile လက်အိတ်များ အသုံးပြုခြင်း၊ Dental Dams ခေါ် ပါးစပ်အကာအကွယ် ပစ္စည်းများ စသည်တို့ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ထိုပစ္စည်းများက Oral Sex ၊ Anal Sex (သို့) Vaginal Sex စသည်ဖြင့် မည်သည့်ပုံစံနဲ့ပဲ ပြီးပြီး မည်သည့်ရောဂါမှ မကူးစက်အောင် ကာကွယ်ပေးပါတယ်။ ထိုအကာအကွယ်များသည် လိင်မှထွက်တဲ့ အရည်ကြည်များမှတဆင့် ရောဂါများ ကူးစက်ခြင်း၊ အသားခြင်း ထိတွေ့ခြင်းမှတဆင့် ရောဂါ ကူးစက်ခြင်း အစရှိတဲ့ ရောဂါများမှ ကာကွယ်ပေးပါတယ်။

ပုံမှန် စစ်ဆေးပါ

တစ်ဘဝစာ ပေးဆပ်

ဘယ်လောက်ပဲ အကာအကွယ် အသုံးပြုပါစေ STD ရောဂါနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ STD ရောဂါများသည် ရောဂါ လက္ခဏာ မပြတတ်ပါဘူး။ ပကတိအကောင်းအတိုင်း ရှိနေတဲ့သူလိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် STD ရောဂါများသည် အလွယ်တကူ ကူးစက်တတ်တဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဆေးမှု ခံယူမှသာလျှင် ရောဂါ ရှိ မရှိကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။​

ဘယ်လိုအချိန်မျိုးဆိုရင် သတိထားသင့်ပြီလဲ

man itchy

တကယ်လို့ ကွီးတို့ရဲ့ လိင်တံကနေ ပုံမှန်မဟုတ်တဲ့ အရည်များ ထွက်လာတဲ့အခါ ကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။​ ဒါ့အပြင် လိင်အင်္ဂါတစ်ဝိုက် မခံမရပ်နိုင်အောင် ယားယံခြင်း၊ အနာပေါက်ခြင်း၊ နီမြန်း ရောင်ရမ်းခြင်း အစရှိတဲ့ အခြေအနေမျိုးသည်လည်း စိုးရိမ်ရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ သွားပြရမှာ ရှက်ကြောက်လို့ တစ်ယောက်တည်း ဆေးမြီးတိုနဲ့ ကြိတ်ကုမယ့်အစား သိသိချင်းမှာ ချက်ချင်းသွားပြတာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါမှသာ အပ်နဲ့ ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ပေါက်ရတဲ့ အဖြစ်မျိုး မကြုံရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်စိတ်ကိုယ် အလိုလိုက်ပြီး တစ်ညတာ ပျော်ရွှင်မှုအတွက်နဲ့ တစ်ဘဝစာ ပျော်ရွှင်မှုကို လဲပစ်တော့မလို့လား။

Source: Plannedparenthood

Featured Image: Freepik