ဂိမ်းကစားခြင်းသည် ကွီးတို့ရဲ့ စိတ်ညစ်စရာများကို ဖယ်ရှားပေးနိုင်တဲ့ ဝါသနာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်း ပဲ ဂိမ်း ဆော့ဆော့၊ ဘော်ဒါနဲ့ပဲ ဂိမ်းဆော့ဆော့၊ နှစ်ခုစလုံးကတော့ ပျော်စရာကောင်းပါတယ်။

ယနေ့ခေတ်မှာ မိုဘိုင်းလ်ဖုန်းတွေ ခေတ်စားလာသည်နှင့်အမျှ မိုဘိုင်းလ်ဂိမ်း အများအပြားသည်လည်း ထွက်ပေါ်လာခဲ့ပါတယ်။ သို့သော် ဗွီဒီယိုဂိမ်းများရဲ့ အခန်းကဏ္ဍသည် မှေးမှိန်ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ ကွီးတို့ရော မိုဘိုင်းဂိမ်းနှင့် ဆော့ကစားရတာထက် ဗွီဒီယိုဂိမ်းနှင့် ဂိမ်းဆော့ရတာက ပိုကောင်းတယ်လို့ ထင်ပါသလား။ တစ်ယောက်တည်း ဂိမ်း ဆော့ရတာနှင့် ဘော်ဒါတွေနဲ့အတူတူ ဂိမ်းဆော့ရတာ၊ ဘယ်ဟာက ပိုမိုက်တယ်လို့ ထင်ပါသလဲ။

ဒီဆောင်းပါးလေးမှာတော့ တစ်ယောက်တည်း ဂိမ်း ဆော့ချင်တဲ့ ကွီးတို့အတွက် အလန်းစား ဂိမ်း များကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Hitman 3

တစ်ယောက်တည်း ဂိမ်း

တစ်နေရာကနေ အခြားတစ်နေရာကို ခရီးသွားမယ်၊ ဘာလင်ကလပ်တွေထဲသို့ ကစားသမားတွေကို တစ်ယောက်ပြီး တစ်ယောက် စေလွှတ်ကာ မစ်ရှင်များကို ဆောင်ရွက်ခိုင်းရမယ့် ဂိမ်းမျိုးဖြစ်ပါတယ်။ ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ အက်ရှင်ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။​ IO Interactive ဆိုတဲ့ Developer က တီထွင်ထားတဲ့ ဂိမ်းဖြစ်ပြီး ဆော့ကစားနိုင်တဲ့ Platform များကတော့ PC ၊ Xbox One ၊ Xbox Series X/S ၊ PS4 ၊ PS5 နှင့် Nintendo Switch တို့ပဲ ဖြစ်ပါတယ်။

Star Wars Jedi: Fallen Order

တစ်ယောက်တည်း ဂိမ်း

ဒီဂိမ်းလေးကတော့ Stars Wars ဖန်တွေအတွက် အလန်းစား ဂိမ်းပဲဖြစ်ပါတယ်။ ကာရိုက်တာမျိုးစုံနှင့် ဆော့ကစားနိုင်ပြီး ကလက်ဆီကြီးထဲတွင် အက်ရှင်မျိုးစုံနှင့် ဆော့ကစားနိုင်တဲ့အတွက်ကြောင့် ကွီးတို့ (လုံးဝ)ကို ပစ်ကြွေသွားမှာပဲ ဖြစ်ပါတယ်။ Respawn Entertainment ကနေ တီထွင်ထားတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး PC ၊ Xbox One ၊ Xbox Series X/S ၊ PS4 နှင့် PS5 တို့တွင် ဆော့ကစားနိုင်ပါတယ်။

Cyberpunk 2077

တစ်ယောက်တည်း ဂိမ်း

Cyberpunk 2077 ဆိုတဲ့ နာမည်အတိုင်းပဲ ၂၀၇၇ ကို အခြေတည်ကာ ဖန်တီးထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သိပ္ပံ စိတ်ကူးယဥ်ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ဒီဂိမ်းကလည်း အကြိုက်တွေ့စေမှာပဲ ဖြစ်ပါတယ်။ CD Projekt Red ကနေ တီထွင်ထားတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး PC ၊ Xbox One ၊ Xbox Series X/S ၊ PS4 နှင့် PS5 အစရှိတဲ့ Platforms တို့တွင် ဆော့ကစားနိုင်ပါတယ်။

Spider-Man: Miles Morales

Spider-Man: Miles Morales

စပိုက်ဒါမန်း ပရိသတ်တွေအတွက် အကြိုက်တွေ့သွားစေမယ့် ဂိမ်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဂိမ်း ဆိုပေမယ့်လည်း ဇာတ်လမ်း ဇာတ်ကွက် ခိုင်ခိုင်မာမာနှင့် တည်ဆောက်ထားတဲ့အတွက်ကြောင့် ဆော့ကစားရသူအနေနဲ့ မပျင်းရလေအောင် ဖန်တီးပေးမှာဖြစ်ပြီး ကွီးတို့ကို မဆော့ ဆော့ချင်အောင် ဆွဲဆောင်နေမှာပဲ ဖြစ်ပါတယ်။ CD Insomniac Games ကနေ တီထွင်ထားတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး PS4 နှင့် PS5 တို့တွင် ဆော့ကစားနိုင်ပါတယ်။

Marvel’s Guardians of the Galaxy

Marvel’s Guardians of the Galaxy

ဒီဂိမ်းလေးကတော့ Marvel ရဲ့ Guardians of the Galaxy ဖန်တွေအတွက် Eidos Montreal ကနေ ဖန်တီးထားတဲ့ ဂိမ်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ အမိုက်စား လက်နက်မျိုးစုံနှင့် ဆော့ကစားနိုင်ပြီး ကလက်ဆီကြီးကို ကွီးတို့ အစွမ်းအစနဲ့ ကယ်တင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကိုတော့ PC ၊ Xbox One ၊ Xbox Series X/S ၊ PS4 နှင့် PS5 အစရှိတဲ့ Platforms တို့တွင် ဆော့ကစားနိုင်မှာပဲ ဖြစ်ပါတယ်။

Source: Gamesradar