ရေဓာတ်ဟာ စာရေးသူတို့ ခန္ဓာကိုယ် ယန္တရားတစ်ခုလုံး ကောင်းကောင်းလည်ပတ်အလုပ်လုပ်နိုင်ဖို့ အဓိကအသက်သွေးကြောလို့ ပြောရင်မမှားနိုင်ပါဘူး။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်စွာပြည့်ဝနေဖို့ အရေးကြီးပြီး တစ်နေ့တာအတွင်းမှာလည်း ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းပေးဖို့ လိုပါတယ်။ ကျန်းမာရေး သုတေသီတွေရဲ့အဆိုအရတော့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်နေ့တာအတွင်း ရေ ၂.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။ အမျိုးသားတွေ အနေနဲ့တော့ တစ်နေ့တာလှုပ်ရှားနေထိုင်မှု ပုံစံတွေအပေါ် မူတည်ပြီး သောက်ရမယ့်ရေပမဏဟာ အပြောင်းအလဲရှိနိုင်ပေမယ့် အနည်းဆုံးတော့ တစ်ရက်အတွင်းမှာ ရေ ၂ လီတာခန့်တော့ သောက်သုံးပေးသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တစ်ရက် ကို ရေ ၂ လီတာ ခန့် သောက်ပေးရင် ဘယ်လိုအကျိုးထူးစေမလဲ ၊ ဘာကောင်းကျိုးတွေ ရှိလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါ။

(၁) ဝမ်းချုပ်ခြင်းကို သက်သာစေတယ်

constipation and diarrhea

Photo : Verywell Health

ဝမ်းချုပ်တယ်ဆိုတာဟာ အူမကြီးအတွင်း ရေဓာတ်ခန်းခြောက်မှုနဲ့ ဆက်စပ်နေပါတယ်။ ဝမ်းတစ်လုံးမကောင်းရင် ခေါင်းခဲရတာမို့ ရေများများသောက်ပေးဖို့က မဖြစ်မနေ လိုပါတယ်။ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းကိုလည်း ပျော့စေတဲ့အတွက် ဝမ်းချုပ်တာ ၊ ဝမ်းပုံမှန်မသွားတာ စတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) အချို့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်

colorectal cancer

Photo : Health

ရေသောက်ခြင်းက ကင်ဆာရောဂါကို ကာကွယ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ရက် တာအတွင်းမှာ ရေဓာတ်လုံလုံလောက်လောက် ပြည့်ပြည့်ဝဝ သောက်သုံးမယ်ဆိုရင်တော့ ဆီးအိမ်နဲ့ အူမကြီးကင်ဆာတို့လို ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ကျောက်ကပ် ကျောက်တည်နိုင်ခြေကို နည်းစေတယ်

kidney stones

Photo : Hawaii Pacific Health

တစ်ရက် တာအတွင်း ရေပမဏ လုံလုံလောက်လောက် သောက်သုံးပေးမယ်ဆိုရင်ဆိုရင် ကျောက်ကပ်နဲ့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းစေပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို သန့်စင်စေပါတယ်။ လေ့လာမှုတွေအရတော့ တစ်ရက်ကို ရေ ၂ – ၃ လီတာခန့် သောက်သုံးပေးတာဟာ ကျောက်ကပ်ကျောက်တည်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

(၄) အသားအရေ ကောင်းစေတယ်

Skincare
Photo : Men’s Journal

စာရေးသူတို့ရဲ့ အရေပြားဟာ ရေဓာတ်ပြည့်ဝနေမှ ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ တစ်ရက် တာမှာ ရေဓာတ်ပမဏ လုံလောက်စွာ သောက်သုံးမယ်ဆိုရင် အသားအရေ အစိုဓာတ်ပြည့်ဝနေပြီး ဝက်ခြံနဲ့ ယားယံခြင်းတွေကဲ့သို့ အသားအရေဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကြည်လင်ဝင်းပပြီး စိုပြေနူးညံ့တဲ့ အသားအရေကောင်းပိုင်ဆိုင်နိုင်ဖို့ ဈေးကြီးတဲ့ စကင်းကဲနည်းတွေ မလုပ်နိုင်ရင်တောင် တစ်နေ့တာမှာ ရေဓာတ်ပမဏ လုံလောက်စွာ သောက်သုံးပေးပါလို့ အကြံပေးချင်ပါတယ်။

Source : Man Of Many

Featured Photo : Healthcare Associates