အောင်မြင်မှု ကို ကွီးတို့အနေနဲ့ ဘယ်လို ပဲအဓိပ္ပါယ်ဖွင့်ဆိုပါစေ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်ဖို့နေ့စဉ်လုပ်ရမယ့် အရာတွေ ရှိပါတယ်။ တကယ်တော့ အောင်မြင်သူတွေ နေ့စဉ်လုပ်တဲ့အရာတွေ၊ သူတို့ကို အဓိပ္ပါယ်ရှိစေတဲ့အရာတွေဟာ သတိရှိရှိနဲ့ လုပ်ဆောင်တဲ့ သေးငယ်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ တစ်ရက်ပြီး တစ်ရက် အမြင့်ကိုတက်လှမ်းနိုင်ဖို့ အောင်မြင်သူ တွေ နေ့စဉ်လုပ်နေတဲ့ အရာ ၄ ခုပါ။

(၁) အလုပ်များတာ မဟုတ်ဘဲ အလုပ်ပြီးဖို့ကို အာရုံစိုက်ကြတယ်


Photo : Medium

ဝန်ထမ်းအနေနဲ့ လုပ်တဲ့အခါ အလုပ်များတာ နည်းတာက ပြဿနာမဟုတ်ပေမယ့် တကယ်လို့ ကွီးတို့က စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ဆိုရင်တော့ သူဌေးက လစာပေးနေတာမျိုးမဟုတ်လို့ အချိန်မဖြုန်းမိဖို့ ကိုယ့်ကိုယ်ကို သတိထား သင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တဲ့အခါ ကွီးတို့အနေနဲ့ အလုပ်ချိန်အတွက်မဟုတ်ဘဲ အလုပ်ပြီးမြောက်မှုအတွက်ပဲ ကြိုးစားရမှာပါ။ တကယ်လို့ ကိုယ်က ကုမ္မဏီဝန်ထမ်းတစ်ယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင်လည်း အလုပ်လုပ်နိုင်စွမ်းကိုအာရုံစိုက်တဲ့အခါ ဘေးကလုပ်ဖော်ကိုင်ဖက်တွေထက် သာလွန်သွားတဲ့အခါ ကုမ္မဏီအပေါ်အကျိုးသက်ရောက်မှုရှိစေတဲ့အတွက် ရာထူးတိုးနိုင်ခြေလည်း များပါတယ်။

(၂) S.M.A.R.T goals တွေ သတ်မှတ်တယ်

Photo : Kanban Zone

လူအများစုက အောင်မြင်မှုကို ပန်းတိုင်တစ်ခုအနေနဲ့ ရောက်အောင်သွားနိုင်တာလို့ သတ်မှတ်ကြပေမယ့် မအောင်မြင်နိုင်တဲ့ ပန်းတိုင်တွေ ချမှတ်ထားရင်တော့ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ လူအများအနေနဲ့ သူတို့ရဲ့ goals တွေချမှတ်တဲ့အခါ လက်တွေ့မကျတာ ဒါမှမဟုတ် ရှုပ်ထွေးလွန်းနေတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အောင်မြင်သူတွေက goals တွေချမှတ်တဲ့အခါ S.M.A.R.T လို့ ခေါ်တဲ့ goal setting ကို အသုံးပြုကြလေ့ ရှိပါတယ်။ S.M.A.R.T ဆိုတာကတော့ Specific, Measurable, Attainable, Relevant, Timely ရဲ့အတိုကောက် စာလုံးတွေပဲ ဖြစ်ပါတယ်။

(၃) စွန့်စားတယ်


Photo : Entrepreneur

လူအတော်များများရဲ့ ဘဝရည်မှန်းချက်တွေ ဘယ်တော့မှ မအောင်မြင်ရတဲ့ နံပါတ်တစ်အကြောင်းရင်းက ကြိုးစားရန် ငြင်းဆိုတာကြောင့် ဖြစ်ပါတယ်။ အမြင့်ကိုရောက်လေလေ မြင့်လေလေ ကျရှုးမယ့်အလားအလာက ပိုများလေပါပဲ။ ဒါပေမယ့် ဒါ့ကြောင့်တော့ လက်လျှော့လိုက်စရာ မလိုပါဘူး။ ကိုယ်မသိသေးတဲ့အရာက ကိုယ့်အတွက် ထိခိုက်စေနိုင်တယ်လို့ ကွီးတိုအနေနဲ့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အမှန်တရားကတော့ ကိုယ့်ကိုယ်ကို အခွင့်အရေးမပေးတာကမှ ကွီးတို့ကို နောင်တတွေနဲ့ နာကျင်စေနိုင်တာပါ။ ဒါကြောင့် ရဲရဲဝံ့ဝံ့သာ ခုန်လိုက်ပါ။ ကျရှုံးမှာလားဆိုတာကိုမတွေးရင် ဘယ်တော့မှ မတွေးမိခဲ့တဲ့ ဘဝကို ပြောင်းလဲစေတဲ့ စွန့်စားမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

(၄) Balanced Life ကို ဦးတည်ကြတယ်

Photo : iStock

အောင်မြင်တဲ့သူတွေဟာ သူတိုရဲ့အလုပ်နဲ့ ဘဝကို မျှတစွာစီမံလေ့ ရှိကြပါတယ်။ သူတို့ဘဝမှာ အလုပ်နဲ့ ငွေကြေးလိုပဲ တခြားအရေးပါတဲ့ အရာတွေရှိနေပါတယ်။ ကွီးတို့ အနေနဲ့ ရေရှည်မှာ အောင်မြင်မှုတည်တံ့ဖို့ အမြဲစိတ်ခွန်အားပြည့်နေဖို့ဆိုရင် ကျန်းမာပြီး မျှတတဲ့ဘဝဖြစ်ဖို့ လိုအပ်ပါတယ်။ အများစုက သူတိုရဲ့လူနေမှုပုံစံနဲ့ မိသားစုကို ထောက်ပံ့ပေးဖို့အတွက် ငွေကြေးအောင်မြင်မှုကို လိုချင်ကြတာပါ။ ဒါပေမယ့် ကွီးတို့က ကိုယ့်ကိုယ်ပိုင်ဘဝ၊ ကျန်းမာရေးနဲ့ မိသားစုကို ပစ်ပယ်ထားပြီး အလုပ်လုပ်ဖို့ ငွေရှာဖို့ကိုပဲ အာရုံစိုက်နေမိရင် ဘယ်လိုအောင်မြင်မှုတွေ ရလာရလာ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အောင်မြင်မှုအတွက် ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မျှတအောင်စီမံနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

Featured Photo : Business2Community