အရှေ့တောင် အာရှထဲက နာမည်ကျော် ခရီးသွားနေရာတွေထဲက တစ်ခုကို ပြောပါဆိုရင် အင်ဒိုနီးရှားနိုင်ငံဟာ မပါမဖြစ်ပါ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဟာဆိုရင် ကမ္ဘာအရပ်ရပ်က ခရီးသွားချစ်သူတွေ မျက်စိကျ လာရောက်လာပတ်ကြတဲ့ အပန်းဖြေရာ နေရာတစ်ခုလည်း ဖြစ်ပါတယ။ အလားတူပါပဲ ဂျကာတာဆိုတာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးနဲ့ အကျော်ကြားဆုံး မြို့တော်တစ်ခု ဖြစ်ပြီး လည်ပတ်စရာ နေရာတွေ အင်မတန် များပါတယ်။ ဒီတစ်ခေါက်တော့ တစ်သက်မမေ့နိုင်စရာ ခရီးသွား အမှတ်တရ ကောင်းလေးတွေကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဂျကာတာ မြို့မှာရှိတဲ့ လည်ပတ်စရာ နေရာလေးတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Epic Cable Park

Epic Cable Park
Photo : Tripadvisor

ဂျကာတာ မြို့ရဲ့ စိတ်လှုပ်ရှားဖို့အကောင်းဆုံး နေရာတစ်ခုကတော့ Epic Cable Park ပါ။ Epic Cable Park က Anchol မှာ တည်ရှိပြီး ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Sport အားကစားနည်းတွေကို လုပ်ဆောင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဝန်းထမ်းတွေရဲ့ အကူအညီနဲ့ ရေလွှာလျောစီး ကစာနည်းတွေကို စိတ်လှုပ်ရှားဖွယ်ကစားနိုင်မှာ ဖြစ်ပြီး တကယ့်ကိုပဲ တသက်မမေ့နိုင်စရာ အမှတ်တရကောင်းတွေကို ရရှိစေမှာ သေချာပါတယ်။

(၂) Adventure Indonesia

Bromo

Photo : Novo-monde

အင်ဒိုနီးရှားနိုင်ငံမှာ သာယာလှပတဲ့ ရှုခင်းတွေနဲ့ သဘာဝတောတောင်ရေမြေသဘာဝကို ခံစားလိုသူအတွက် စွန့်စားခန်းဖွင့်နိုင်မယ့် နေရာတွေ အများကြီး ရှိပါတယ်။ နေ့ချင်းပြန်ခရီး ဒါမှမဟုတ် ၃ ညအိပ်လောက် အချိန်ပေးပြီး စွန့်စားခန်း လေ့လာရေးခရီးစဉ်တွေ သွားလို့ရပါတယ်။ Ranu Pani ကနေ ခရီးစဉ်စတင်ပြီး Bromo ရဲ့ လှပတဲ့ မီးတောင်ကို သွားရောက်လည်ပတ်နိုင်သလို Ijen မှာ မျက်စိတဆုံး လှပလွန်းလှတဲ့ စွဲမက်ဖွယ်ရှုခင်း အလှတွေကို သွားရောက် ခံစားရင်း အပန်းဖြေနိုင်ပါတယ်။ အလားတူ အခြားသော စွန့်စားခန်းဖွင့်နိုင်တဲ့ တောင်တန်းတွေ ၊ အံ့သြဖွယ် သန္တာကျောက်တန်းတွေရှိရာ ကျွမ်းစုတွေဆီကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

(၃) Kite Museum

Kite Museum

Photo : Little Steps Asia

Kite Museum ကတော့ ဂျကာတာ မှာရှိတဲ့ အထူးခြားဆုံး ပြတိုက်တစ်ခုလို့ ပြောလို့ရရုံသာမက အင်ဒိုနီးရှားနိုင်ငံတဝှမ်းက ပြတိုက်တွေထဲမှာ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပြတိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ခမ်းနားထည်ဝါတဲ့ နံရံဆေးရေးပန်းချီတွေနဲ့ တကယ့်အနုပညာလက်ရာမြောက် ဖန်တီးမှုတွေဟာ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်ပါတယ်။ စွန်တွေရဲ့ သမိုင်းကြောင်းတွေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ စွန်မျိုးကွဲများစွာကိုသာမက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ စွန်အမျိုးမျိုးးကိုပါ ပုံဖော်ပြသထားပါတယ်။ စွန်သမိုင်းကြောင်း ရုပ်ရှင်ကိုလည်း လေ့လာနိုင်မှာဖြစ်သလို ဒါဟာ ဒေသတွင်းရှိ လူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုတွေကို ထင်ဟပ်လစ်ဟပြနေတဲ့အတွက် သမိုင်းကြောင်းတွေကို စိတ်ဝင်စားလေ့လာချင်သူတွေ သေချာပေါက်သွားရောက်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။‌

(၄) Bellagio Boutique Mall

Bellagio Boutique Mall

Photo : Rumaindo

ဈေးဝယ်ထွက် အလည်ပတ်သွားချင်တဲ့ ခရီးသွားချစ်သူတွေအတွက်တော့ ဂျာကာတာ မှာလည်ပတ်ဖို့ အကောင်းဆုံးနေရာတွေထဲကတစ်ခုကတော့ Bellagio Boutique Mall ပါ။ Bellagio Boutique Mall ဟာ အခြားကုန်တိုက်တွေလောက် မထင်ရှားပေမယ့် ဒေသခံတွေရဲ့ရိုးရာအစားအသောက်တွေ ၊ အမှတ်တရပစ္စည်းတွေ ၊ ရိုးရာအနှိပ်ခန်းတွေနဲ့ အနားယူအပန်းဖြေစရာ ကာရာအိုကေဆိုင်တွေလည်း အများကြီး ရှိပါတယ်။ ဂျာကာတာမှာ ဈေးဝယ်ထွက် လည်ပတ်ချင်တယ်ဆိုရင်တော့ ပျော်စရာကောင်းတဲ့ Bellagio Boutique Mall ဟာ သွားကိုသွားရမယ့် နေရာတစ်ခု ဖြစ်ပါတယ်။

Source : NOMADasaurus

Featured Photo : OnlyLuxe Travel