ရုပ်ရှင် ဇာတ်ကားတွေက ကျွန်တော်တို့ရဲ့ စိတ်ကိုလွှမ်းမိုးနိုင်ပြီး အပန်းဖြေဖို့အတွက်လည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ပေါ့ပေါ့ပါးပါး ရုပ်ရှင်တွေဖြစ်စေ၊ ခံစားမှုပြင်းထန်တဲ့ ရုပ်ရှင်တွေဖြစ်စေ၊ ဘယ်လိုအမျိုးအစားမဆို ကျွန်တော်တို့ကို ခံစားမှုတစ်စုံတစ်ရာ ပေးနိုင်တာကတော့ အမှန်ပါပဲ။ ပိတ်ရက်မှာ ရုပ်ရှင်ကားကောင်းလေးတွေ ကြည့်ရင်း ဖြတ်သန်းချင်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်‌တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။ ဒီတစ်ခေါက်မှာတော့ ဇာတ်အိမ်ကောင်းကောင်း အနှစ်သာရ အပြည့်အဝရှိပြီး တစ်သက်မှာ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း အချို့ကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

Shawshank Redemption (1994)

Source : Warner Bros. Entertainment

ဒီဇာတ်ကားက ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb Rating 9.3/10 ရရှိထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ အောင်မြင်တဲ့ ဘဏ်လုပ်ငန်းရှင် Andy Dufresne က ၎င်းရဲ့ ဇနီးနှင့် သူမရဲ့ချစ်သူကို သတ်ဖြတ်မှုအတွက် ဖမ်းဆီးခံရပြီး Shawshank အကျဉ်းထောင်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက် ဘာဆက်ဖြစ်မှာလဲ သူ့အတွက် တရားစီရင်မှုကတော့ မှန်ကန်မှုရှိရဲ့လား၊ စတာတွေကို အမြင့်ဆုံးဇာတ်ရှိန်ထိ ခေါ်ဆောင်သွားပြီး ကွီးတို့အတွက် ကြည့်ရတာ တန်စေမယ့် ဇာတ်ကားကောင်း တစ်ခုပါ။

Whiplash (2014)

Source : Rotten Tomatos

ကွီးတို့ရဲ့ ကန့်သတ်ချက်တွေ၊ ခံနိုင်ရည်အားတွေကို ကျော်လွန်ပြီး တစ်ခုခုလုပ်ဖို့ ဖိအားပေးခံခဲ့ရဖူးပါသလား။ ဒါဆိုရင်တော့ ဒီကားက ကွီးတို့ကို ခံစားချက်တစ်ခုခု ပေးစွမ်းနိုင်မှာပါ။ ဒီကားထဲမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့  Andrew က ဒရမ်တီးသူဖြစ်လာရန် နိုင်ငံရဲ့ထိပ်တန်း ဂျက်ဇ်ဂီတအဖွဲ့များထဲမှ တစ်ဦးအဖြစ် ခေါ်ယူခြင်းခံခဲ့ရပါတယ်။ သို့သော်လည်း သမားရိုးကျမဟုတ်သော လေ့ကျင့်မှုနည်းလမ်းများက သူ့ကို အကြောင်းပြချက်နှင့် ဆင်ခြင်နိုင်စွမ်းရဲ့ နယ်နိမိတ်များကို ကျော်လွန်ပြီး တွန်းအားပေးခြင်းခံခဲ့ရတဲ့ အခါ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဒီဇာတ်ကားမှာ ရှုစားရမှာပါ။ ဒီကားက IMDb Rating 8.5/10 ရရှိထားပါတယ်။

Fight Club (1999)

Source : 20th Century Studios

ဒီဇာတ်ကားထဲမှာ ဒီဇာတ်ကားဟာ စိတ်ကျရောဂါနဲ့ ပြင်းထန်စွာ အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရတဲ့ Edward Norton ရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားမှာ မင်းသားချော Brad Pitt လည်း ပါဝင်ထားပြီး IMDb Rating 8.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားမှာ ဘယ်လိုမျိုး လှည့်ကွက်တွေနဲ့ ကွီးတို့ကို ဖမ်းစားနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခုပါ။

The Sixth Sense (1999)

Source : Rotten Tomatoes

ကွီးတို့ကို နောက်ထပ် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့ ထိတ်လန့်ခြောက်ခြားဖွယ် အမျိုးအစားဖြစ်ပြီး တစ်ချိန်တည်းမှာပဲ လျှို့ဝှက်ဆန်းကြယ်မှုတွေပါ ခံစားရမယ့် ဇာတ်ကားကောင်းလေးပါ။ ဒီဇာတ်ကားထဲမှာ ကလေးတစ်ဦးဖြစ်တဲ့ Cole Sear က သေလွန်သူများနှင့် ဆက်သွယ်ပြောဆိုနိုင်သည့် ထူးခြားသောစွမ်းအားတစ်ခု ရှိနေပါတယ်။ ဒီစွမ်းအားကနေ ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လောက်ထိ စိတ်ဝင်စားဖွယ် ကြည့်ရှုမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီကားက IMDb Rating အနေနဲ့ 8.2/10 ရရှိထားပါတယ်။

ကွီးတို့အတွက် တစ်သက်မှာ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း ၄ ကားကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဇာတ်ကားကောင်းတွေကို အမြဲတင်ဆက်ပေးမှာ ဖြစ်တာကြောင့် စောင့်မျှော်ဖတ်ရှု ပေးပါဦးဗျာ။

Source : Society 19

Featured Photo : Movies Aanywhere