တစ်သက် မှာ တစ်ခါပဲ ချစ် ဖို့ဆိုတာ အမှန်တကယ်ပဲဖြစ်နိုင်ပါ့မလား။ သိပ္ပံနည်းကျ စမ်းသပ်ချက်အရရော လက်တွေ့ လူသားများ ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေပေါ် မူတည်ပြီး သုတေသနပြုကာ စမ်းသပ်ထားတာတွေ ရှိပါတယ်။
ကွီးတို့လည်း စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါဦး။
မွေးကတည်းကနေ သက်ဆုံးတိုင်အထိ အချစ်ဦးနဲ့ပဲ စတွေ့ခဲ့ရပြီး အချစ်ဦးနဲ့ပဲ သက်ဆုံးတိုင် ပေါင်းဖက်ရတယ်ဆိုတာကတော့ ရှားပါတယ်။ စုံတွဲ အယောက် ၁ သိန်းမှာ ၁ တွဲလောက်သာ တွေ့နိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ အချစ်ဦးနဲ့ ပေါင်းဖက်ရတဲ့ စုံတွဲကတော့ နတ်ဖက်တဲ့ ဖူးစာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိ ပေါင်းဖက်သွားတယ်ဆိုတာကလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။
ကိုယ့်အပေါ် သစ္စာမရှိ၊ အလေးမပေး၊ ကိုယ့်ကို အမှန်တကယ် မချစ်တဲ့သူကို စိတ်ဒုက္ခခံပြီး ပေါင်းသင်းဖို့ကိုတော့ အားမပေးပါဘူး။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ တစ်သက် မှာ တစ်ခါပဲ ချစ် နေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ကိုယ့်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး သစ္စာရှိရှိ ချစ်ပေးမယ့် အချစ်စစ်ကိုသာ ရှာဖွေသင့်ပါတယ်။
လေ့လာချက်အရ လူတစ်ယောက်သည် ဘဝမှာ သုံးကြိမ် သုံးခါတိုင်တိုင် ချစ်နိုင်တယ်လို့ တွေ့ရှိရပါတယ်။ သို့သော် အချစ်တစ်ခုနဲ့ တစ်ခုသည် ပုံစံအမျိုးအစား အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။
အချစ်ဦး (သို့) စိတ်ကူးယဥ်ဆန်တဲ့ အချစ်
ဒီအချစ်ကတော့ ဆယ်ကျော်သက်အရွယ်မှာ တွေ့ရှိကြတာများပြီး အဆုံးသတ်ကလည်း ပုံပြင်ဆန်ဆန် အဆုံးသတ်သွားတတ်ပါတယ်။ ထိုအချစ်သည် ကွီးတို့ရဲ့ လူငယ်ဘဝ၊ အိပ်မက်များကို ပုံဖော်ရာမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ်။ အချစ်ဦးနဲ့ ပေါင်းဖက်ရလိမ့်မယ့်လို့ ယုံကြည်ထားပေမယ့် အဆုံးသတ်မှာတော့ အချစ်ဦးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကွေကွင်းသွားရတတ်ပါတယ်။ ဒီလိုအချစ်မျိုးကတော့ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် ရှုမြင်တဲ့ ပုံစံထက် အခြားသူရဲ့ အမြင်ကို ဦးစားပေးတဲ့ အချစ်မျိုးပဲဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကြီးထွားလာအောင် ကူညီပေးမယ့် ဒုတိယအချစ်
ဒီလိုအချစ်ကတော့ ကွီးတို့အတွက် ဘဝသင်ခန်းစာတွေ သင်ကြားပေးမယ့် အချစ်ပဲဖြစ်ပါတယ်။ နာကျင်မှုများ၊ လိမ်ညာ လှည့်ဖြားမှုများနဲ့ ကြုံတွေ့ရတတ်တဲ့အချစ်မျိုးပါ။ ဒီလိုအချစ်နဲ့ ချစ်မိနေချိန်မှာ ကွီးတို့သည် မတူညီတဲ့ အရာတွေကို ကြိုးစားနေတယ်လို့ ယုံကြည်ထားပေမယ့် တကယ်တမ်းမှာတော့ ထူးမခြားနားပါပဲ။ ကွီးတို့အနေနဲ့ နာကျင်မှုများကို ခံစားရမှာဖြစ်ပြီး ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။ ဒရာမာမျိုးစုံနဲ့ ပြည့်နှက်နေမှာပါ။ တချို့ကတော့ ဒီအချစ်ထဲက ရုန်းထွက်နိုင်ပြီး တချို့ကတော့ ဒီအချစ်နဲ့ပဲ လူသာ ပြောင်းသွားတယ် ဒီအချစ်နွံထဲကတော့ ရုန်းမထွက်နိုင်ဘဲ သံသရာလည်နေစမြဲပါ။
မျှော်လင့်မထားတဲ့ အချစ်
တတိယမြောက်အချစ်ကတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့ အချစ်မျိုးပဲဖြစ်ပါတယ်။ ကွီးတို့ အရှေ့အချစ်တုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုတွေ အားလုံးကို မေ့ပျောက်သွားအောင် ကူညီပေးမယ့်အချစ်ပဲဖြစ်ပါတယ်။ ဒီအချစ်မျိုးသည် ကွီးတို့ စိတ်ကူးယဥ်ထားတဲ့ အချစ်မျိုးလည်း မဟုတ်သလို ဘာစည်းမျဥ်း စည်းကမ်းတွေမှ မရှိပဲ တစ်ယောက်ကို တစ်ယောက် ချစ်ခင် ကြင်နာပြီး တစ်ယောက်ရဲ့ လိုအပ်ချက်များကို အခြားတစ်ယောက်က ဖြည့်ဆည်းပေးကာ ကိုယ်ချစ်တဲ့သူကို အကောင်းဆုံးသာ ပေးဆပ်ချင်တဲ့ အချစ်မျိုးပဲြဖစ်ပါတယ်။ ရိုးရှင်းတဲ့ အချစ်စစ်တစ်ခုဖြစ်ပြီး ကွီးတို့ရဲ့ စိတ်ထဲမှာ “ငါ့ရဲ့ လက်တွဲဖော်က သူတစ်ယောက်တည်းပဲ။ သူ့ကိုပဲ လက်ထပ်ပြီး သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေသွားမယ်” ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ဘဝမှာ ဘယ်လိုအချစ်မျိုးနဲ့ ကြုံဖူးပြီးပါပြီလဲ။
Source: Kiss925
Featured Image: Freepik