တောင်တန်းနှင့် တိမ်ပင်လယ်တွေသည် ခွဲခြားမရတဲ့ သဘာဝအလှတရားတစ်ခုပဲဖြစ်ပါတယ်။ တိမ်ပင်လယ် များရှိရှာ အရပ်ဒေသဆီသို့ သွားရောက်လည်ပတ်ချင်တဲ့ ကွီး တို့အတွက် လှပတဲ့နေရာများကို စုစည်းဖော်ပြပေးချင်ပါတယ်။

မှော်ပညာများနှင့် ပြုလုပ်ထားသလား အောက်မေ့ရလောက်အောင် လှပတဲ့ တိမ်ပင်လယ် များရှိရာ အရပ်ဒေသဆီသို့ ခြေဆန့်ချင်တဲ့ ကွီးတို့အတွက် ကမ္ဘာပေါ်ရှိ အလှပဆုံး နေရာဒေသများကတော့…

ထိုင်းနိုင်ငံရှိ Ban Ja Bo ရွာ

Ban Ja Bo

ဒီနေရာလေးကတော့ ထိုင်းနိုင်ငံရဲ့ မြောက်ဘက်အခြမ်းမှာ တည်ရှိတဲ့ ရွာလေးတစ်ရွာပဲဖြစ်ပါတယ်။ တောင်တန်းများအကြား တည်ရှိလျက်ရှိပြီး တိတ်ဆိတ်လှပပြီး လည်ပတ်သူများရဲ့စိတ်ထဲမှာ အေးချမ်းမှုရသကို ခံစားရစေမှာဖြစ်ပါတယ်။ လှေကာများဖြင့် ခိုင်ခံ့လှပအောင် တည်ဆောက်ထားတဲ့အတွက်ကြောင့် ဘေးအန္တရာယ်ကင်းကင်းနှင့် လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီဆိုင်လေးလည်း ရှိတဲ့အတွက်ကြောင့် မောလာတဲ့အခါ ကွီးတို့ရဲ့ ခြေထောက်တွေကို တိမ်တွေကြားထဲ ဖုံးကွယ်ထားရင် အေးအေးလူလူ ကော်ဖီထိုင်သောက်လို့ရပါသေးတယ်။

ဗီယက်နမ်နိုင်ငံရှိ Fansipan တောင်

Fansipan

Photo: Vietnamonline

ဗီယက်နမ်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ကတော့ Fansipan တောင်ဖြစ်ပြီး တိမ်ပင်လယ် ထဲမှာ မျောလွင့်ချင်တဲ့ ကွီး တို့ကတော့ ၆၂၈၂ မီတာ ရှည်လျားတဲ့ ကေဘယ်ကားကြီး စီးနိုင်ပါတယ်။ အနီးနားတစ်ဝိုက်မှာလည်း ဘုရား၊ ကျောင်းကန်များ တည်ရှိတဲ့အတွက်ကြောင့် ဘုရားဖူးချင်သူများအတွက်လည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလိုပါပဲ။ မနက်ခင်း နေတက်ချိန်ရဲ့ အလှအပကို ကြည့်ရှုလို့အကောင်းဆုံး နေရာတစ်ခု ဖြစ်တာကြောင့် သွားရောက်လည်ပတ်ဖြစ်တဲ့အခါ တစ်ရက်တစ်လေလောက် မနက်စောစော ထကြည့်လိုက်ပါ။

ဘာလီရှိ Batur တောင်

တိမ်ပင်လယ် ကွီး

Photo: Villabossibali

ဒီတောင်ကတော့ ယူနက်စကို မှတ်တမ်းဝင်နေရာတစ်ခုပဲဖြစ်ပါတယ်။ မီးတောင်ရှင်တစ်ခုလည်း တည်ရှိတဲ့အတွက်ကြောင့် စွန့်စားခန်းဖွင့်ချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ လာရောက်လည်ပတ်ကြသူများကတော့ မနက်ခင်း နေတက်ချိန်ရဲ့အလှအပကို ကြည့်ရှုဖို့ရန်အတွက် လာရောက်ကြတာ များပါတယ်။ နေထွက်ချိန် ရောက်တဲ့အခါ တိမ်ပင်လယ်ကြီးရဲ့ အလှအပကို ရင်သပ်ရှုမောစွာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိုနေရာမှာ တစ်နေကုန်လုံး အပန်းဖြေချင်သူများအနေနဲ့ အပန်းဖြေ ရေပူစမ်းမှာ အနားယူအပန်းဖြေနိုင်ပါတယ်။

နယူးဇီလန်နိုင်ငံရှိ Queenstown

တိမ်ပင်လယ် ကွီး

Photo: New Zealand

နယူးဇီလန်နိုင်ငံရှိ Queenstown ကတော့ ကြီးမားလှပတဲ့ တောင်တန်းကြီးများနှင့် ပြည့်နှက်နေပြီး တောင်တန်းများကလည်း ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေတာပြဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်များကို ရှူရှိုက်နိုင်ပြီး လှပတဲ့ တိမ်ပင်လယ် ကြီးကိုလည်း ကွီး တို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ နောင်ချို တိမ်ပင်လယ်

တိမ်ပင်လယ် ကွီး

Photo: My Bucket List

တိမ်ပင်လယ်လို့ ပြောလိုက်တာနဲ့ ကျနော်တို့ မြန်မာနိုင်ငံက နောင်ချို တိမ်ပင်လယ်ကိုလည်း ချန်လှပ်ထားလို့ မဖြစ်နိုင်ပါဘူး။ တိမ်ပင်လယ်ကြည့်ဖို့ ဝေးဝေးလံလံ မသွားချင်ဘူး၊ နိုင်ငံခြားခရီးတွေ ထွက်ရတာလည်း ပိုက်ဆံကုန်တယ်လို့ ခံစားရသူများအနေနဲ့ ပြည်တွင်းမှာ တည်ရှိတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမှာပဲ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ အခြားသော ရာသီများထက် ဆောင်းရာသီမှာ တိမ်ပင်လယ်များကို ပိုမိုမြင်တွေ့ရလေ့ရှိတဲ့အတွက်ကြောင့် နိုဝင်ဘာလကနေ ဇန်နဝါရီလကုန်အထိ သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံးပါပဲ။ တောင်ပေါ်မှာလည်း Camp Site လေးတွေ ရှိတဲ့အတွက်ကြောင့် တစ်ညတာလုံး အပန်းဖြေ အနားယူချင်သူများအတွက် ကွက်တိပါပဲ။

Source: Accuweather

Featured Image: Thailand