ယနေ့ခေတ်တွင် တက်တူးထိုးခြင်း အနုပညာသည် ပုရိသတို့အကြား ဖက်ရှင်တစ်ခုလို ဖြစ်လာခဲ့ပါပြီ။ တက်တူးဖက်ရှင်များတွင်လည်း ဒီဇိုင်းမျိုးစုံရှိတဲ့အတွက်ကြောင့် မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းများကို ရွေးချယ်နိုင်ပါတယ်။ တက်တူးဒီဇိုင်းများ အများအပြားရှိတဲ့အနက် တိမ်ပုံ တက်တူး သည်လည်း လတ်တလောမှာ ရေပန်းစားပါတယ်။

ပုရိသတို့သည် တိမ်ပုံ တက်တူး များကို များသောအားဖြင့် လက်မောင်းကြွက်သားများတွင် အထိုးများလေ့ရှိပေမယ့် ရင်အုပ်ကြွက်သားနှင့် ခြေသလုံးကြွက်သားတို့မှာလည်း ရေထိုးတဲ့အခါ ပိုကြည့်ကောင်းပါတယ်။

ကွီးတို့အနေနဲ့ တိမ်ပုံ တက်တူး ဒီဇိုင်းသစ်များကို ရေးဆွဲချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဒီဇိုင်းများကို ရွေးချယ်နိုင်ပါတယ်။

အနက်ရောင် မှင်နဲ့ ရေးထိုးထားတဲ့ ဒီဇိုင်း

cloud tattoos

အနက်ရောင် တက်တူးဒီဇိုင်းတွေသည် ယောကျာ်းပိုဆန်စေပြီး ကွီးတို့ကို ပိုမိုကြည့်ကောင်းစေပါတယ်။ တိမ်ရဲ့အတွင်းသားတွေကို အနက်ရောင်ခြယ်ထားပြီး အနားသတ်တွေကိုတော့ အဖြူရောင် ဒီဇိုင်း ရေးဆွဲထားတာပဲဖြစ်ပါတယ်။

ဂျပန်ရိုးရာတက်တူးဒီဇိုင်း

cloud tattoos

ဂျပန်ရိုးရာတက်တူးများကတော့ ရိုးရှင်းပြီး လှပတဲ့ ဒီဇိုင်းတွေပဲဖြစ်ပါတယ်။ မျက်စိထဲ မှတ်မိရလွယ်စေပြီး တက်တူးချစ်သူများအကြားလည်း ရေပန်းစားပါတယ်။ ဒီတက်တူးဒီဇီုင်းလေးသည်လည်း ကြည့်လိုက်တဲ့အခါ ရိုးရှင်းပြီးတော့ လှပနေတာကို တွေ့မြင်ရမှာပါ။

ကိုးဂဏန်းတက်တူး

cloud tattoos

တိမ်ပုံ တက်တူး ထဲမှာမှ ကိုးဂဏန်းကို ထည့်ထားတာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ကိုးဂဏန်းက ထိုသူအတွက် မွေးနေ့ (သို့) ကံကောင်းစေတဲ့ နံပါတ်တစ်ခုဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကိုးဂဏန်းအစား မိမိကြိုက်နှစ်သက်တဲ့ ဂဏန်းတစ်ခုခုကိုလည်း ရေးထိုးနိုင်ပါသေးတယ်။

မုန်တိုင်းထန်နေတဲ့ တိမ်ပုံ တက်တူး

cloud tattoos

အချို့သော တိမ်ပုံတက်တူးဒီဇိုင်းများသည် မိုးစက်များ (သို့) လျှပ်စီးများ၊ မိုးကြိုးမုန်တိုင်းများနှင့်အတူ တွဲဖက်နိုင်ပါတယ်။ အရောင်အသွေးစုံလင်လှတဲ့ တက်တူးဒီဇိုင်းတစ်မျိုးဖြစ်တာကြောင့်လည်း လူကြိုက်များပါတယ်။

တိမ်နှင့် လျှပ်စီးတက်တူး

cloud tattoos

ဒီတက်တူးလေးသည်လည်း စောစောက တက်တူးနှင့် ဆင်တူပါတယ်။ သို့သော် ဒီတက်တူးမှာတော့ အဓိကထားသုံးသွားတဲ့အရာကတော့ မှင်အနက်ရောင်ပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အရောင်အသွေးစုံစုံလေးကို တက်တူးထိုးချင်တယ်ဆိုရင်တော့ တက်တူးဆရာနဲ့ သေချာတိုင်ပင်သင့်ပါတယ်။

စိတ်ကူးယဉ်ဆန်တဲ့ လနှင့် တိမ်ပုံတက်တူး

တိမ်ပုံ တက်တူး

လပြည့်ညတွေမှာ သမန်းဝံပုလွေတွေသည် အသွင်ပြောင်းလေ့ရှိကြပါတယ်။ ကွီးတို့အနေနဲ့ ထိုကဲ့သို့သော သဘာဝလွန်ဖြစ်ရပ်များကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီတက်တူးဒီဇီုင်းက ကွီးတို့အတွက်ပါပဲ။

ကမ္ဘာကျော် ပန်းချီဆရာကြီး Vincent Van Gogh

တိမ်ပုံ တက်တူး

ပန်းချီဆရာကြီး Vincent Van Gogh ရဲ့ Starry Night ဆိုတဲ့ ပန်းချီကားလေးကို မြင်ဖူး ကြားဖူးကြပါလိမ့်မယ်။ ဒီတက်တူးဒီဇိုင်းသည်လည်း ထိုပန်းချီဆရာရဲ့ ပန်းချီကားချက်ကို အိုင်ဒီယာယူထားတာဖြစ်ပါတယ်။ ဒီဇိုင်းမိမိုက်ပြီး အလန်းစားစတိုင်လ်လေးပါ။

လက်မောင်းအပြည့် ရေးထိုးထားတဲ့ တက်တူးဒီဖိုင်း

တိမ်ပုံ တက်တူး

ကွီးတို့အနေနဲ့ လက်မောင်းအပြည့် တက်တူးရေးထိုးချင်တယ်ဆိုရင်တော့ ဒီတက်တူးအိုင်ဒီယာလေးသည်လည်း တစ်မျိုးလေး ဆန်းသစ်နေမှာဖြစ်ပါတယ်။ တိမ်တွေ ထူထပ်နေတဲ့ နေ့တစ်နေ့ကို ပုံဖော်ထားတဲ့ တက်တူးဒီဇိုင်းတစ်ခုဖြစ်ပါတယ်။

ရှည်မျောမျော တိမ်ပုံတက်တူး

တိမ်ပုံ တက်တူး

အခြားတက်တူးများနှင့်မတူ တစ်မူဆန်းသစ်ပြီး Unique ဖြစ်တဲ့ ဒီဇိုင်းမျိုးကို ရေးထိုးချင်တယ်ဆိုရင်တော့ ဒီတက်တူးအိုင်ဒိယာကို မှီငြမ်းကာ တက်တူးရေးထိုးနိုင်ပါတယ်။ ကြည့်လိုက်တာနဲ့ ကျောချမ်းသွားစေလောက်တဲ့အထိ အမိုက်စားဖြစ်နေတဲ့ တက်တူးဒီဇိုင်းတစ်ခုပါ။

လက်ဖမိုးပေါ်ရှိ တက်တူးအသေးစား

တိမ်ပုံ တက်တူး

တိမ်ပုံတက်တူးများသည် တက်တူးအသေးစား ရေးထိုးချင်ကြသူများအတွက်လည်း သင့်တော်ပါတယ်။ တက်တူးအသေးစား ရေးထိုးချင်သူများအတွက်တော့ လက်ကောက်ဝတ်၊ လက်ဖမိုး အစရှိတဲ့ နေရာတွေသည် တက်တူးအသေးစားများနှင့် အလိုက်ဖက်ဆုံးနေရာတွေပါ။ ဒီပုံလေးထဲမှာတော့ တိမ်ပုံတက်တူးက လခြမ်းကွေးကွေးလေးကို ဝန်းရံထားတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒီလိုဒီဇိုင်းမျိုးနဲ့ ချွတ်စွတ်တူတာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ အိုင်ဒီယာရှိရင်ရှိသလောက် ကွန့်မြူးပြီးတော့ ကိုယ်ပိုင်ဒီဇိုင်း ထွင်နိုင်ပါသေးတယ်။

Source: Fashionbeans