Facial Toner ဆိုတာ အသားအရေ ထိန်းသိမ်းမှုမှာ သုံးရတဲ့ အခြေခံ Step တွေထဲက တစ်ခု ဖြစ်ပါတယ်။ မျက်နှာသစ်ပြီးချိန် အပေါ်ယံ အရေပြားအလွှာနဲ့ ချွေးပေါက်အတွင်းပိုင်းမှာ ကျန်နေသေးတဲ့ အညစ်အကြေးတွေကို သေချာလေး သန့်စင်ဖယ်ရှားပေးပြီး အသားအရေရဲ့ pH Balance ကို ထိန်းညှိပေးတဲ့ Effects တွေ ပေးစွမ်းပါတယ်။ ဒါပေမယ့် တိုနာသုံးနည်း မမှားစေဖို့ကိုတော့ အထူးဂရုစိုက်ဖို့ လိုပါမယ်။ ဒီဆောင်းပါးမှာတော့ စကင်းကဲလုပ်ချိန်မှာ မှားလေ့မှားထ ရှိတတ်တဲ့ တိုနာ အသုံးပြုနည်း အမှားတွေကို ပြောပြပေးပါမယ်။

(၁) အပြင်းစား Chemicals တွေပါတဲ့ တိုနာတွေ သုံးတာ

Skincare

Photo : QRxLabs

တိုနာ ဝယ်တော့မယ်ဆိုရင် Alcohol ပါဝင်မှု ရှိမရှိ ၊ အမွှေးရနံ့ ထည့်သွင်းထားခြင်းရှိမရှိကို သေချာလေး စစ်ဆေးသင့်ပါတယ်။ အပြင်းစား Chemicals တွေပါတဲ့ တိုနာတွေက ကွီးတို့ရဲ့ အသားအရေကို ကြမ်းတမ်းပျက်စီးစေပြီး ထိရှလွယ်တဲ့ အသားအရေ ပိုင်ရှင်တွေဆိုရင် ဓာတ်မတည့်မှုတွေ ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် Alcohol Free ၊ အမွှေးရနံ့မပါတဲ့ သဘာဝအော်ဂဲနစ်ဖော်မြူလာ တိုနာတွေကို ရွေးချယ်အသုံးပြုတာ အကောင်းဆုံးပါပဲ။

(၂) အရေပြားပေါ် ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာ

Skincare

Photo : LEVWR

မျက်နှာပေါ်က အညစ်အကြေးတွေကို ပြောင်စင် ချင်‌စောနဲ့ တိုနာထည့်ထားတဲ့ ဂွမ်းစကို မျက်နှာအရေပြားအပေါ် ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ရပါဘူး။ တိုနာကို ဂွမ်းလေးပေါ်တင်ပြီး မျက်နှာအနှံ့ အသာအယာပဲ လိုက်လံပွတ်ပေးရတာ ဖြစ်ပါတယ်။ ကြမ်းတမ်းစွာ ပွတ်တိုက်မယ်ဆိုရင်တော့ အသားအရေ နီမြန်းရောင်ရမ်းတာ ၊ အသားအရေရဲ့ တင်းရင်းမှု လျော့ကျတာတွေ ဖြစ်စေတက်ပါတယ်။

(၃) ကိုယ့်အသားအရေနဲ့ မကိုက်တဲ့ တိုနာသုံးတာ

Skincare

Photo : HIMistry Naturals

Skin Type အပေါ်မူတည်ပြီး ကိုက်ညီတဲ့ တိုနာကို ရွေးချယ် အသုံးပြုဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်ရဲ့အသားအရေက အဆီပြန်လား ၊ အသားခြောက်လား ၊ ဝက်ခြံသမားလား စသည်ဖြင့် အသားအရေ ပုံစံအလိုက် သုံးသင့်တဲ့ တိုနာ အမျိုးအစားတွေကို ရွေးချယ်ရမှာပါ။ ကိုယ့်အသားအရေနဲ့ မကိုက်တဲ့ တိုနာကို အသုံးပြုမယ်ဆိုရင် သိသာတဲ့ Effect ပြမှာ မဟုတ်သလို မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

(၄) Skincare အဆင့်တွေ ကျော်သုံးတာ

Skincare
Photo : Brickell Men’s Products

Skincare ထုတ်ကုန်တွေ သုံးတဲ့အခါ အသားအရေ ထိန်းသိမ်းမှု အဆင့်အလိုက် သေချာလေး တဆင့်ချင်း သုံးရပါတယ်။ တိုနာက အဓိကအားဖြင့် မျက်နှာသန့်စင် ဆေးကြောပြီးချိန်မှာ အသုံးပြုရတဲ့ Step တစ်ခုပါ။ Serum သို့မဟုတ် Moisturizer တွေကို မလိုက်မီ မျက်နှာသစ်ပြီးချင်း တစ်မိနစ်အတွင်း တိုနာလိမ်းပေးသင့်ပါတယ်။ တိုနာလိမ်းပြီးမှသာ Serum သို့မဟုတ် Moisturizer တွေကို ဆက်လက်လိမ်းရမှာ ဖြစ်ပါတယ်။

Source : Luxury by Sofia

Featured Photo : Brickell Men’s Products