လိင်မှုကိစ္စ က လူသားတို့ရဲ့ သဘာဝသာဖြစ်ပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုနဲ့ သာယာမှုသာ ရှိသင့်တဲ့ ဘဝ အစိတ်အပိုင်းတစ်ခုပါ။ တော်တော်များများ သိထားတဲ့ အတိုင်း လိင်ဆက်ဆံမှုက လူနှစ်ယောက်သာယာမှုကို အတူတကွ ပျော်ရွှင်စွာခံစားကြတာ ဖြစ်တဲ့အတွက် ကိုယ့်အတွက်သာ ဦးစားပေးပြီး သာယာခြင်းကို ရယူတာက မဖြစ်သင့်ပါဘူး။ ဒါ့အပြင် ကျန်းမာရေးအရလည်း လိုက်နာရမယ့် အချက်လေးတွေ ရှိပါသေးတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် တူနှစ်ကိုယ် ချစ်ရာမှာ ညိုကီတို့ လုံးဝရှောင့်ရမယ့် အချက်လေးတွေကို ဖော်ပြ‌ပေးမှာ ဖြစ်ပါတယ်။

ကွန်ဒုံး အသုံးမပြုခြင်း

တူနှစ်ကိုယ် ချစ်ရာမှာ

Photo : Her Nom

လုံခြုံပြီး ဘေးကင်းသော လိင်ဆက်ဆံမှု ဖြစ်ဖို့အတွက် အကာအကွယ် ကွန်ဒုံးကို အသုံးပြုသင့်ပါတယ်။ သို့သော်လည်း ယနေ့အချိန်ထိ လူတော်တော်များများက ကွန်ဒုံး အသုံးပြုခြင်းက အလွှာခြားနေပြီး သာယာမှု အပြည့်အဝမရနိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ ကွန်ဒုံးအသုံးပြုခြင်းက သုတ်လွှတ်မြန်တဲ့သူတွေအတွက် ကြာရှည်စွာ ထိန်းထားနိုင်ဖို့ ကူညီပေးနိုင်ပြီး သာယာမှုကို ပိုမိုရရှိစေနိုင်ပါတယ်။ ကွန်ဒုံးအသုံးပြုခြင်းကြောင့် မလိုလားအပ်တဲ့ မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါများကို အထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

တစ်ကိုယ်ကောင်းဆန်ခြင်း

တူနှစ်ကိုယ် ချစ်ရာမှာ

Photo : A Conscious Rethink

တစ်ခါတစ်လေမှာ အမျိုးသားများက ကိုယ့်ရဲ့ဆန္ဒတစ်ခုတည်းကိုပဲ အလေးထားပြီး အခြားသူကို လျစ်လျူရှုတတ်ကြပါတယ်။ အိပ်ရာပေါ်မှာ မိမိရဲ့ သာယာ‌ပျော်ရွှင်မှုကိုပဲ အလေးထားပြီး အလျင်စလိုပြုလုပ်တာမျိုး မလုပ်ပါနဲ့။ တစ်ဖက်သားရဲ့ သာယာမှုကို ထိခိုက်စေနိုင်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသမီးများက အထွတ်အထိပ်ရောက်ဖို့ ပိုပိုခက်ခဲတတ်ပြီး အချိန်လည်း ပိုယူနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားများအနေဖြင့် လုပ်နိုင်တဲ့ အကောင်းဆုံး တစ်ခုကတော့ “မင်းလိုအပ်သမျှ အချိန်ယူပါ။” လို့ပြောပေးခြင်းပါပဲ။ ဒီလိုပြောပေးခြင်းဖြင့် အမျိုးသမီးများကို သက်တောင့်သက်သာ ဖြစ်စေပြီး လိင်ဆက်ဆံမှုကို ပိုမိုလိုက်လျောညီထွေ ဖြစ်စေပါတယ်။

အလျင်စလို ပြုမူခြင်း

Photo : Appetitecatering

လိင်ဆက်ဆံတဲ့နေရာမှာ အခြားသူတစ်ယောက်ရဲ့ သာယာမှုကို လုံးဝမစဉ်းစားဘဲ ကိုယ့်အတွက်သာ ဦးစားပေးပြီး အလျင်စလို ပြုလုပ်တာမျိုး မဖြစ်သင့်ပါဘူး။ အမျိုးသားများဟာ ကိုယ်လိုချင်တဲ့အရာကို ချက်ချင်းပြုလုပ်တာမျိုးက ရေရှည်မှာ ကောင်းမွန်သော လိင်မှုဆက်ဆံရေး ဖြစ်လာဖို့ အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဖက်သားရဲ့ စိတ်အဆင့်သင့်ဖြစ်တဲ့ အထိ Foreplay ကိုအလေးထားတာမျိုး၊ အလျင်စလို မပြုမူဘဲ တစ်ဖက်သား သက်တောင့်သက်သာ ဖြစ်စေဖို့ အလေးပေးတာမျိုး ပြုလုပ်သင့်ပါတယ်။

နောက်ထပ် တူနှစ်ကိုယ်ချစ်ရာမှာ ညိုကီတို့အနေနဲ့ လုံးဝကို ရှောင်ရမယ့် အခြားအရေးကြီးတဲ့ အချက်လေးတွေကတော့

  • တစ်ဖက်သားရဲ့ ဆန္ဒနဲ့ သဘောတူညီချက်မပါဘဲ ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်း။
  • တစ်ဖက်သားကို အလေးထားမှု လုံးဝမပြခြင်း သို့မဟုတ် စကားလုံးဝမပြောဘဲ လိင်ဆက်ဆံခြင်း။
  • ဆံပင်ဆွဲခြင်း၊ ရိုက်ခြင်းကဲ့သို့သော အပြုအမူများကို နှစ်သက်တဲ့သူရှိသလို၊ မနှစ်သက်တဲ့သူလည်း ရှိပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်နဲ့ တစ်ယောက်မတူညီတဲ့ အတွက် တစ်ပါးသူ အဆင်ပြေမပြေ မသိဘဲ လိင်ဆက်ဆံနေစဉ်အတွင်း ဒီလို အပြုအမူများကို ရှောင်ပါ။
  • လိင်ဆက်ဆံနေတဲ့ အချိန်မှာ အခြားသူတစ်ယောက်ရဲ့ နာမည်ကို ခေါ်ခြင်း စတာလေးတွေ မပြုလုပ်မိအောင်လည်း သတိထားဖို့လိုပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို အိပ်ရာထက် တူနှစ်ကိုယ်ချစ်ရာမှာ လုံးဝရှောင်ခြင်းဖြင့် ဘေးကင်းကျန်းမာပြီး သာယာပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ လိင်မှုဘဝကို ရရှိမှာ အသေအချာပါပဲ။

Source : Healthline, Tiege

Featured Photo : NY Post