ကွီးတို့ရေ ဒီနေ့တော့ ဝါသနာတွေထဲက တစ်ခုကို ဝေမျှချင်ပါတယ်။ ကွီးတို့ နှစ်သက်မယ်လို့ ခံစားမိလို့ပါပဲ။ ယနေ့ခေတ်တွင် လူအများစုသည် ကွန်ပျူတာနဲ့အလုပ်လုပ်တာ၊ တီဗွီကြည့်တာ၊ ဖုန်းသုံးတာ စတဲ့ အထိုင်များနေတာ၊ ငြိမ်နေတာများပါတယ်။ ဒါဟာ ကြာရင် ခန္ဓာကိုယ် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ ကွီးတို့ရဲ့လုပ်ရိုးလုပ်စဉ်ထဲက ရုန်းထွက်ဖို့ အချိန်ရောက်ပါပြီ။ ဒါကြောင့် ကွီးတို့ စိတ်ဝင်စားပြီး လိုက်လုပ်လို့ရတဲ့ ကျွန်တော်ဝါသနာပါတဲ့ ခြေလျင် တောင်တက်ခြင်း နဲ့ တောင်တက်ခြင်း မှရသော အကျိုးကျေးဇူးများ ကိုဝေမျှပေးချင်ပါတယ်။
ခြေလျင် တောင်တက်ခြင်း ကနေ ဘယ်လို အကျိုးကျေးဇူးများ ကို ရရှိစေပါသလဲ။
တောင်တက်ခြင်းသည် ကွီးတို့ကို ပျော်ရွှင်မှုအပြင် စွန့်စားမှုအနည်းငယ်ကိုပါ ခံစားရစေပါတယ်။ တောင်ထိပ်သို့ တောင်တက်ခြင်းမျိုးဟာ ကွီးတို့ မြင်ဖို့ခဲယဉ်းတဲ့ သဘာဝအလှတရားတွေကို ရှာဖွေတွေ့ရှိစေပါတယ်။ တောင်တက်ခရီးက ကွီးတို့ကို သဘာဝတရားကို ချစ်မြတ်နိုးသူအဖြစ် ပြောင်းလဲသွားစေနိုင်ပါတယ်။
၁။ တောင်တက်ခြင်းက စိတ်ကြည်လင်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်
Photo : Unplash
တောင်တက်ခရီးထွက်ခြင်းက ကွီးတို့ရဲ့ သွေးပေါင်ချိန်နှင့် ကော်တီဆော ပမာဏကို လျှော့ချပေးကာ သဘာဝကသာ ပေးစွမ်းနိုင်သော စိတ်တည်ငြိမ်မှုကို ရရှိနိုင်ပါတယ်။ စိတ်ကို ငြိမ်သက်စေခြင်းကြောင့် စိတ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးပါတယ်။ တောင်တက်ခြင်းက ဆက်စပ်ပြီး အပြုသဘောဆောင်သော စိတ်ခံစားမှုများ တိုးစေပါတယ်။ အဲဒီကနေ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ရှိသူများအပေါ် အပြုသဘောဆောင်မှုကို တိုးပွားစေပါတယ်။
၂။ တောင်တက်ခြင်းက ကျွန်ုပ်တို့ကို ပိုပျော်ရွှင်စေတယ်
Photo : Westend 61
သဘာဝတရားထဲသို့ ထွက်သွားခြင်းဟာ စိတ်ပညာရှင်များ ထောက်ပြထားတဲ့ အပျက်သဘောဆောင်သော တွေးခေါ်မှုပုံစံတွေ၊ စိတ်ပျက်စရာအခိုက်အတန့်တွေ၊ ကျွန်ုပ်တို့၏ဘဝအတွက် မှားယွင်းနေတယ်လို့ ထင်မြင်မိတာတွေကို လျော့ပါးစေပါတယ်။ ခြေလျင်တောင်တက်ခြင်းဖြင့် အပြင်မှာ နေရခြင်းရဲ့ ‘ပျော်ရွှင်မှု အကျိုးသက်ရောက်မှု’ ကို ကောင်းကောင်းခံစားနိုင်ပါတယ်။
၃။ တောင်တက်ခြင်းသည် အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်
Photo : Old Mattress
မညီညာသော မြေပြင်ပေါ်တွင် လမ်းလျှောက်ခြင်း သို့မဟုတ် တောင်တက်ခြင်းဟာ မြေပြန့်ပေါ်တွင် လမ်းလျှောက်ခြင်းထက် ၂၈ ရာခိုင်နှုန်း ပိုပြီး စွမ်းအင်ကို အသုံးပြုပါတယ်။ ရလဒ်ကတော့ ပို၍ အိပ်ပျော်စေပါတယ်။
၄။ တောင်တက်ခြင်းဖြင့် မှတ်ဉာဏ်ကို မြှင့်တင်ပေးပါတယ်
Photo : Neuro Tracker
လေ့လာတွေ့ရှိချက်များအရ သဘာဝနေရာများမှာ ပုံမှန်အချိန်ပေးခြင်း၊ တောင်တက်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အချိန်ဖြုန်းသူများဟာ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေကြောင်း သိရှိရပါတယ်။ ထို့အပြင် တီထွင်ဖန်တီးနိုင်မှုအတွက် ဦးနှောက်စွမ်းအားကို ပိုကောင်းစေပါတယ်။
၅။ ပေါင်းသင်းဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်
Photo : Westend 61
တောင်တတ်ခြင်း မှရတဲ့ အကျိုးကျေးဇူးများ ထဲက နောက်တစ်ခုကတော့ ပေါင်းသင်းဆင်ဆံရေးတွေ ကောင်းမွန် တိုးတတ်လာတာပဲဖြစ်ပါတယ်။ သူငယ်ချင်းများနှင့် တောင်တက်ခြင်းဟာ ခိုင်မာသော နှောင်ကြိုးများဖွဲ့ခြင်းကို ဖြစ်စေပြီး ထာဝရ အမှတ်တရများကို ဖြစ်စေပါတယ်။
ခြေလျင် တောင်တက်ခြင်း ဟာ ကွီးတို့ရဲ့ စိတ်ကျန်းမာရေးနှင့် သုခကို အလုံးစုံ အကျိုးပြုနိုင်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အကျိုးကျေးဇူးများ ပုံကို မယုံကြည်နိုင်စရာအဖြစ် တွေ့နိုင်ပါတယ်။ကွီးတို့ရေ မြန်မာနိုင်ငံမှာလည်း ခြေလျင် တောင်တက်ခရီးသွားဖို့ အကောင်းဆုံးနေရာတွေ အများကြီးရှိပါတယ်။ ကွီးတို့ သူငယ်ချင်းတွေ အချိန်တိုတို စရိတ်အနည်းဆုံး သွားနိုင်တဲ့နေရာကတော့ ပုပ္ပါးတောင် ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်ဖို့အတွက် ပွင့်လင်းရာသီမှာ ပုပ္ပါးတောင်ကို တက်ကြပါစို့။
Featured Photo : Advnture