တောင်တတ်ဝါသနာပါတဲ့ ကွီးတို့ရှိပါသလား။ တောင်တတ်ခြင်း က ကွီးတို့ကို စိတ်ပိုင်းဆိုင်ရာ အရရော၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါများစွာ အထောက်အကူပြုတယ်ဆိုတာ ကွီးတို့သိပြီးသားဖြစ်မှာပါ။ ထို့အပြင် တောင်တက်ခြင်းသည် ကွီးတို့ကို ပျော်ရွှင်မှုအပြင် စွန့်စားမှုအနည်းငယ်ကိုပါ ခံစားရစေပါတယ်။ တောင်ထိပ်သို့ ရောက်အောင်တတ်ပြီး ကွီးတို့ မြင်ဖို့ခဲယဉ်းတဲ့ သဘာဝအလှတရားတွေကို ရှာဖွေတွေ့ရှိစေပါတယ်။ ကဲ မကြာခင်မှာ မိုးကုန်တော့မယ်ဆိုတော့ ကွီးတို့ထဲမှာရော တောင်တတ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့ရော ရှိပါသလား။ ဒါဆိုရင်တော့ တောင်တတ်မဲ့ကွီးတို့ အတွက် မဖြစ်မနေ သယ်ဆောင်သွားရမဲ့ အရာတွေ ကိုပြောပြပေးချင်ပါတယ်။

(၁)သင့်တော်သောဖိနပ်

တောင်တတ်မဲ့ကွီးတို့ သယ်ဆောင်သွားရမဲ့

Photo : CleverHiker

တောင်တတ်မဲ့ကွီးတို့ အတွက် မဖြစ်မနေ သယ်ဆောင်သွားရမဲ့ ပထမဆုံး တစ်ခုကတော့ တောင်တတ်ရာမှာ သင့်တော်မဲ့ ဖိနပ်ပဲ ဖြစ်ပါတယ်။ တောင်တတ်ဖိနပ်ရွေးချယ်ရာမှာ အန္တရာယ်မဖြစ်ဖို့ ဦးစားပေးရွေးချယ်ပါ။

(၂) မြေပုံနှင့် သံလိုက်အိမ်မြှောင်/GPS

တောင်တတ်မဲ့ကွီးတို့ သယ်ဆောင်သွားရမဲ့

Photo : Advnture

ကွီးတို့အတွက် အစိမ်းသက်သက်ဖြစ်နေသေးတဲ့တောင် သို့မဟုတ် အခုမှစတတ်မယ်ဆိုရင် မြေပုံနှင့် သံလိုက်အိမ်မြှောင်/GPS လိုအပ်ပါတယ်။ ဖုန်းများနှင့် GPS ယူနစ်များသည် အသုံးဝင်သော်လည်း၊ ၎င်းတို့သည် အမြဲတမ်း စိတ်မချရပါ။ ဒါကြောင့် မြေပုံစာရွက်နှင့် သံလိုက်အိမ်မြှောင်ကို အရန်အဖြစ် ဆောင်ထားပါ။

(၃) ရေနဲ့ အစားအစား

တောင်တတ်မဲ့ကွီးတို့ သယ်ဆောင်သွားရမဲ့

Photo : CleverHiker

တောင်တတ်ရာတွင် ကွီးတို့ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို အသုံးချရပြီး အပူဒဏ်ရှိသောနေရာများတွင် ရေဓာတ် ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်တောင်တတ်ခြင်း ကြာချိန်နဲ့ အကွာအဝေးကို ချင့်ချိန်ကာ ရေနဲ့ အစားအစာ အနည်းငယ်ပြင်ဆင်ပါ။

(၄) အရေးပေါ်ဆေးအိတ်

Hiking

Photo : Conkote

တောင်တတ်မဲ့ကွီးတို့ အတွက် မဖြစ်မနေ သယ်ဆောင်သွားရမဲ့ အရေးကြီးတဲ့ အရာတစ်ခုကတော့ အရေးပေါ်ဆေးအိတ် ပဲဖြစ်ပါတယ်။ တောင်တတ်နေရင်း နဲ့ ထိခိုက်ဒဏ်ရာရခြင်း၊ ရုတ်တရက်ဖျားနာခြင်း စသည့်မမျှော်လင့်တဲ့ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက အရေးပေါ်ကုသနိုင်ရန် အတွက် အရေးပေါ်ဆေးအိတ်ကို တောင်တတ်သွားတိုင်း ယူဆောင်သွားပါ။

(၅) ‌ နေရောင်ကာကွယ်နိုင်တဲ့ ပစ္စည်းများ

Hiking

Photo : Modern Hiker

တောင်တတ်ရာတွင် ပြင်းထန်သောအပူချိန်ကြောင့် နေလောင်ခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဦးထုပ်၊ နေကာခရင်မ်၊ နေကာမျက်မှန်နှင့် နေကာအကာအကွယ်အဝတ်အစားများကို ပြင်ဆင်ယူဆောင်သွားပါ။ အပူချိန်များတဲ့ နေရောင်အောက်တွင်သာမက နေရောင်ကာကွယ်နိုင်တဲ့ ပစ္စည်းများကို ရာသီတိုင်းတွင် အသုံးပြုသင့်ပါတယ်။

ဒါ့အပြင် တောင်တတ်နေစဉ် မမျှော်လင့်တဲ့ ဘေးအန္တရာယ်များ ကြုံလာနိုင်တာကြောင့် အရေးပေါ်အကူအညီတောင်းရန် ဝီစီများ၊ အရေးပေါ်ဆက်သွယ်ရေးပစ္စည်းများ စသည်တို့လိုအပ်ပါတယ်။ ဒါ့အပြင် တောင်တတ်ရာမှာ အသုံးပြုရန် တုတ်၊ ဓား၊ မီးခြစ် စသည်တို့ကိုလည်း လိုအပ်လာပါက အသုံးပြုနိုင်ရန် မမေ့မလျော့ ပြင်ဆင်သွားပါ။

အခု ဖော်ပြပေးလိုက်တာကတော့ တောင်တတ်မဲ့ကွီးတို့ အတွက် မဖြစ်မနေ သယ်ဆောင်သွားရမဲ့ အရာတွေ ပဲဖြစ်ပါတယ်။ တောင်တတ်ခြင်းကနေ အကျိုးကျေးဇူးများစွာ ရရှိတာမှန်သော်လည်း ကွီးတို့ ဘေးအန္တရာယ်ကင်းရှင်းရေးက ဦးစားပေးဖြစ်သင့်ပါတယ်။ ဒါကြောင့် တောင်တတ်သွားလျှင် မိမိ တတ်မဲ့တောင်ရဲ့ နေရာဒေသ၊ ရာသီဥတု အခြေအနေများက အစလေ့လာပြီး လိုအပ်တာများကို သေချာပြင်ဆင်သွားပါ။ တစ်ယောက်တည်း တောင်တတ်ခြင်းထက် အဖွဲ့လိုက်တောင်တတ်ခြင်းက ဘေးအန္တရာယ် ကင်းရှင်းဖို့အတွက် ပိုမို အထောက်အကူပြုစေပါတယ်။

Source : American Hiking Society

Featured Photo : Road Affair