ကမ္ဘာပေါ်ရှိ အလှအပများကတော့ မျက်စိတဆုံး ကြည့်ရှုလို့ မဝအောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။ ကွီးတို့က ကမ်းခြေချစ်သူဆိုရင်တော့ ကမ်းခြေတွေ ရှိရာ နေရာဒေသများဆီ ခြေဆန့်နိုင်သလို တောင်တန်း တွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ တောင်တန်းဒေသများဆီ သွားလည် နိုင်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်နိုင်ငံတွင်းမှာပဲ လည်ပတ်ချင်တယ်ဆိုရင်တော့ စရိတ်စခနည်းနည်းနဲ့ အကုန်အကျသက်သာမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပဒေသများဆီ သွားလည်မယ်ဆိုရင်လည်း တမူထူးခြားတဲ့ ဒေသများကို မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။

တကယ်လို့ တောင်တန်း ဒေသတွေဆီ သွားလည်ချင်တယ်၊ ဒါပေမဲ့ ကိုယ့်နိုင်ငံတွင်းက နေရာတွေကလည်း အကုန်လုံးနီးနီး သွားလည် ဖူးပြီးပြီဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာသစ်များဆီ ခြေဆန့်နိုင်ပါတယ်။

ဆွစ်တောင်တန်းများ

mountain travels

ဆွစ်ဇာလန်နိုင်ငံကတော့ တောင်တန်းဒေသတွေနဲ့ ပတ်သက်လာရင် အင်မတန်မှ နာမည်ကြီးပါတယ်။ ကမ္ဘာ့နာမည်အကြီးဆုံး Toblerone ချောကလက်ပေါ်မှာလည်း သူ့ရဲ့ တောင်တန်းရဲ့ လိုဂိုပုံကို မြင်တွေ့နိုင်ပါတယ်။ ဆွစ်တောင်တန်းများရဲ့ တောင်စောင်းလေးတွေက နှင်းလျှောစီးရင်ပဲဖြစ်ဖြစ်၊ စကိတ်စီးရင်ပဲဖြစ်ဖြစ် အင်မတန်မှ စီးလို့ကောင်းတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ ဒီတောင်တန်းဒေသများသည် ကမ္ဘာ့ အရှည်ဆုံး တောင်တန်းများတွင် နံပါတ် ၁၀ နေရာမှာ တည်ရှိပါတယ်။

ကနေဒါနိုင်ငံရှိ Logan တောင်

တောင်တန်း သွားလည်

Logan တောင်ကတော့ ကနေဒါနိုင်ငံရှိ အရှည်ဆုံး တောင်တန်းတစ်ခုဖြစ်ပြီး မြောက်အမေရိကတိုက်မှာတော့ ဒုတိယအရှည်ဆုံး တောင်တန်းတစ်ခုဖြစ်ပါတယ်။ တောင်တက်ရတာ နှစ်သက်သူတွေအတွက် ဒီတောင်တန်းလေးက အသင့်စောင့်ကြိုနေမှာပါ။ သစ်ပင်များ ထူထပ်နေပြီး ရေခဲမြစ်များကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတစ်ခုလည်းဖြစ်ပြီး ငှက်မျိုးစိတ်စုံ၊ တိရစ္ဆာန်မျိုးစုံကိုလည်း တွေ့မြင်နိုင်ပါတယ်။

ဖူဂျီတောင်

တောင်တန်း သွားလည်

ဖူဂျီတောင်ကတော့ ဂျပန်နိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နေတဲ့ နာမည်ကြီးနေရာတစ်ခုပဲဖြစ်ပါတယ်။ လာရောက်လည်ပတ်သူများကို အသက်ရှူမှားလောက်အောင် ဆွဲဆောင်နေမှာပဲဖြစ်ပါတယ်။ လည်ပတ်လို့ အကောင်းဆုံးအချိန်ကတော့ ဇူလိုင်နှင့် သြဂုတ်လတွေပဲဖြစ်ပါတယ်။ ထိုအချိန်မှာ တောင်တက်မယ်ဆိုရင် ဖူဂျီတောင်ထိပ်အထိ အရောက်တက်လှမ်းနိုင်ပါတယ်။

ဧဝရတ်တောင်

တောင်တန်း သွားလည်

ကမ္ဘာ့နာမည်အကြီးဆုံး တောင်တစ်ခုဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံး တောင်တစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၀၂၉ ပေမှာ တည်ရှိပါတယ်။ စွန့်စားခရီးသွားများကတော့ တောင်ထိပ်အထိ တက်လှမ်းကာ ရင်သပ်ရှုမောဖွယ်ရာ တောင်တန်းကြီးကို ငေးမောကြည့်ရှုလေ့ရှိကြပါတယ်။ တောင်တက်သမားတော်တော်များများ တက်ကြပေမယ့် လူနည်းစုလောက်ကသာ တောင်ထိအထိ တက်လှမ်းနိုင်တာဖြစ်ပါတယ်။

ပီရူးနိုင်ငံရှိ Vinicunca

တောင်တန်း သွားလည်

ပီရူးနိုင်ငံရှိ တောင်တန်းတစ်ခုဖြစ်ပြီး အမြင့်ပေကတော့ ၅၂၀၀ ရှိပါတယ်။ အရောင်အသွေးများ စုံလင်နေတဲ့ တောင်တန်းတစ်ခုဖြစ်ပြီး သက်တံ့တောင်တန်းလို့လည်း နာမည်ကြီးပါတယ်။ ထိုအရောင်များသည် မြေကြီးထဲရှိ သတ္တုပစ္စည်းများကြောင့် ထိုကဲ့သို့ အရောင်အသွေးစုံလင်နေရခြင်းပဲဖြစ်ပါတယ်။ ထို တောင်တန်း ဆီ သွားလည်မယ်ဆိုရင်တော့ ရေပူစမ်းများ၊ တောတိရစ္ဆာန်များနှင့် သဲကျောက်တုံး တောင်တန်းများကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။​

ကွီးတို့ရော တောင်တန်းတွေဆီ သွားလည်မယ်ဆိုရင် ဘယ်တောင်တန်းတွေဆီ သွားရောက်လည်ပတ်ချင်ပါသလဲ။

Source: Traveltriangle

Featured Image: Freepik