ဇာတ်ကားတစ်ကားက အင်မတန် ကောင်းမွန်ပြီး ဆွဲဆောင်လွန်းပြီဆိုရင် ရေထသောက်ဖို့ ထမင်းစားဖို့တောင် မေ့သွားလာက်တဲ့အထိ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုး ထမင်းမေ့ ဟင်းမေ့ပြီး ရှော်တီလေးပါ မေ့သွားလောက်တဲ့အထိ ဆွဲဆောင်လွန်းတဲ့ ဇာတ်ကားကောင်း တွေကို ရွေးကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကားများကို ကြည့်ရှုခံစားနိုင်ပါတယ်။

အားလပ်ချိန်မှာ ရှော်တီလေး ရစ်တာကို ခံနေရလို့ ဘူနေမယ့်အစား ဇာတ်ကားကောင်းတွေ ကြည့်ရင်း စိတ်အပန်းဖြေနိုင်ပါတယ်။

(၁) Guardians of the Galaxy Vol.3

လတ်တလောမှာ နာမည်ကြီးနေတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Marvel ပရိသတ်တွေကလည်း အင်မတန်မှ ကျေနပ်အားရနှစ်သက်နေကြပြီး Ant-Man And The Wasp: Quantumania မှာတုန်းက အားမလို အားမရဖြစ်ခဲ့တာတွေတောင် ပျောက်သွားတဲ့အထိပါပဲ။ ထွက်ခဲ့သမျှ Guardians of the Galaxy တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ်။ ထပ်ပြောရင် စပွိုင်လာတွေ ပါမှာဆိုးလို့ အမြည်းလေး အရင်စမ်းကြည့်ရင်း စိတ်ဝင်စားတယ်ဆို ဇာတ်ကားအစအဆုံး ကြည့်လိုက်ပါတော့။

Source: Marvel Entertainment

(၂) Forrest Gump

ဒီဇာတ်ကားကတော့ ၁၉၉၄ ကတည်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အချိန်တွေ ကြာညောင်းနေပါစေ ဟောင်းပေမယ့် ကောင်းနေဆဲ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ကွီးတို့ တစ်ခါမှ မကြည့်ရသေးဘူးဆိုရင်တော့ အခုချက်ချင်း ကြည့်ရှုသင့်ပါတယ်။ ဒီဇာတ်ကားထဲကနေ ကွီးတို့ စိတ်ထဲမှာ အတွေ့အမြင်တစ်ခုခု ရရှိသွားမှာ သေချာပါတယ်။

Source: Paramount Movies

(၃) Operation Fortune: Ruse de Guerre

အက်ရှင်ဇာတ်ကားတွေကို နှစ်သက်တဲ့ ကွီးတို့အတွက် Operation Fortune: Ruse de Guerre ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အထူးအေးဂျင့် Orson Fortune နှင့် သူ့ရဲ့ အဖွဲ့တို့သည် ဟောလိဝုဒ်ရဲ့ နာမည်ကြီး ကြယ်ပွင့်တစ်ယောက်ကို ငှားရမ်းပြီး အသွင်ယူကာ သူတို့ရဲ့ မစ်ရှင်ကို အောင်မြင်အောင် ကြိုးစားကြပါတယ်။ သူတို့ရဲ့ မစ်ရှင်သာ မအောင်မြင်ရဲ့ လူတွေကို သေစေနိုင်တဲ့ လက်နက်ထုတ် နည်းပညာအသစ်ကာ ကမ္ဘာအနှံ့မှာ ပြန့်နှံ့လာမှာပဲ ဖြစ်ပါတယ်။

Source: STXfilms

(၄) Plane

စိတ်ဝင်စားစရာကောင်းတဲ့ အက်ရှင်ဇာတ်ကားကောင်းမျိုးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ Plane ဆိုတဲ့ ရုပ်ရှင်ကို ရွေးချယ်ကြည့်ရှုသင့်ပါတယ်။ လေယာဥ်မှူးကြီး Ray Torrance သည် မုန်တိုင်းဒဏ်ကြောင့် သူ့လေယာဥ် ပျက်ကျမလို ဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်တော့ လေယာဥ်ကို မြေပေါ်တစ်နေရာမှာ အထိအခိုက်နည်းနည်းနဲ့ ဆင်းသက်နိုင်ခဲ့ပေမယ့် ကံဆိုးချင်တော့ ထိုနေရာသည် စစ်ဖြစ်နေတဲ့ အန္တရာယ်ဇုန်ကြီး ဖြစ်နေပါတော့တယ်။

သူပုန်များက ထိုခရီးသည်များကို ဓားစာခံလုပ်ဖို့ စီစဥ်နေကြပါတော့တယ်။ လေယာဥ်မှူးကြီးသည် သူ့ရဲ့ ခရီးသည်များကို ကယ်တင်ရမယ် ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ သူတစ်ယောက်တည်း မလုပ်နိုင်ဘူးဆိုတာသိတော့ သူ့လေယာဥ်ပေါ်မှာ ပါလာတဲ့ ခရီးသည်တစ်ယောက်ထံမှာ အကူအညီတောင်းရပါတော့တယ်။ ထိုခရီးသည်ကတော့ အခြားမဟုတ်ပါဘူး၊ ရာဇဝတ်သားဆိုပြီး လေယာဥ်ပေါ်မှာ ပါလာတဲ့သူဖြစ်ပါတယ်။

နောက်ဆုံးမှာ ခရီးသည်များအားလုံး ဘေးကင်းကင်းနဲ့ သူတို့နေရပ်ဆီကို ပြန်ရောက်ပါ့မလား။ ထိုင်ရာကနေ မထအောင် ထမင်းမေ့ ဟင်းမေ့ ဆွဲဆောင်နေမယ့် ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

Source: KinoCheck.com

(၅) Bullet Train

ရထားတစ်စီးပေါ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဘရက်ပစ်က အခြားတစ်ယောက်နေရာမှာ အစားထိုးပြီး ဝင်လုပ်ပေးရတဲ့သူတစ်ယောက်ပါ။ ကြေးစားလူသတ်သမားတွေ ပါဝင်တဲ့ ဇာတ်ကားဆိုတော့ အသည်းငယ်တတ်တဲ့ ကွီးတို့တော့ မကြည့်သင့်ပါဘူး။ တစ်ကားလုံးမှာက အတိုက်အခိုက်တွေ၊ ဖိုက်တင်ပလေးတာတွေအပြင်၊ သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေချည်းပါပဲ။ အက်ရှင်ခန်းတွေအပြင် ဟာသလည်း အနည်းငယ် နှောထားတာဆိုတော့ ကြည့်ရတာ အတော်လေး တန်ပါတယ်။

Source: Sony Pictures Entertainment

အဆုံးသတ်မှာ ကြေးစားလူသတ်သမားတွေအားလုံး ဘာဖြစ်သွားမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ ဇာတ်ကားအဆုံးအထိ ကြည့်ရှုလိုက်ပါဦး။

အခုဖော်ပြသွားတဲ့ ကားတွေက အကောင်းတကာ့ အကောင်းစားတွေချည်းပဲဆိုတော့ လက်မလွတ်တမ်း ကြည့်ရှုသင့်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကားတွေထဲက ဘယ်နှကားလောက်ကို ကြည့်ပြီးပါပြီလဲ။