Weight တက်တာကို ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါဘူး။ ဝိတ်မတက်ချင်ရင် အစားအသောက် မလွန်ကဲအောင် ထိန်းချုပ်ဖို့က အဓိကကျပါတယ်။ ဒါကြောင့် စားသောက်ချင်စိတ်ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ပီကေဝါးပါ

chewing gum

Photo: webmd

Chewing Gum ဝါးတာက ဆာလောင်မှုကို လျော့ပါးစေပြီး Junk-Food စားချင်စိတ်ကို ကျဆင်းစေပါတယ်။

(၂) ကျန်းမာရေးနဲ့ညီတာ အရင်စားထားပါ

Serve Yourself Healthy Stuff First

Photo: webmd

ဗိုက်ဆာလာရင် ကျန်းမာရေးနဲ့မညီတဲ့ ဝိတ်တက်စေမယ့် အစားအသောက်တွေ မစားဘဲ အရွက်သုတ်လိုမျိုး ၊ အယ်လ်မွန်လို သစ်ကြားသီးလို အစေ့အဆံတွေကို အရင်စားကြည့်လိုက်ပါ။

(၃) Cooking Show တွေ မကြည့်ပါနဲ့

Turn Off TV Cooking Shows

Photo: webmd

TV က လာတဲ့ အစားအသောက်အစီအစဉ်တွေ ကြည့်တာ ၊ Facebook မှာ Food Blogger တွေရဲ့ Video တွေထဲ ဝင်ကြည့်မိတာမျိုးက အစားအသောက်ကို လိုတာထက် ပိုစားချင်စိတ် ပေါက်နိုင်လို့ ရှောင်ထားပါ။

(၄) အပြာရောင် ပန်းကန်တွေ သုံးပါ

Use Blue Plates

Photo: webmd

ဟင်းခွက်ပန်းကန်တွေရဲ့ အရောင်ကလည်း လူတစ်ယောက်ကို အများကြီး စားမိခြင်း မစားမိခြင်းကို လွှမ်းမိုးနိုင်ပါတယ်။ အပြာရောင် ဟင်းခွက်ပန်းကန်တွေနဲ့ စားတာက ပန်းကန်အရောင် နဲ့ စားစရာ အရောင်ကွဲတာကြောင့် အများကြီး မစားမိအောင် ထိန်းချုပ်ဖြစ်မှာပါ။ နောက်ပြီး ပန်းကန်ခွက်ယောက်တွေကိုလည်း အရွယ်အစား ခပ်သေးသေးပဲ သုံးဖို့ အကြံပေးချင်ပါတယ်။

(၅) ဖြည်းဖြည်းစား ရေများများသောက်ပါ

Eat Slowly and Drink Water

Photo: webmd

ဗိုက်ထဲ သိပ်ဆာတယ် ထင်ရင် ၅ မိနစ် ၁၀ မိနစ်လောက် တခြားဟာ လုပ်နေပါ။ ဆာတဲ့စိတ် နည်းနည်းသက်သာသွားပါလိမ့်မယ်။ အဆာလျော့သွားတဲ့အချိန်မှာ စားတာက လွန်ကဲတဲ့ စားသောက်မှုမျိုး မဖြစ်အောင် ဟန့်တားနိုင်ပါတယ်။ စားပြီဆိုရင်လည်း အချိန်ပေးပြီး ဖြည်းဖြည်းပဲ စားပါ။ စားနေရင်း ရေသောက်ပါ။ ဒါဆို အစားစားသောက်မှု မလွန်ကဲအောင် လျှော့ချပေးနိုင်မှာပါ။

Featured Photo: webmd