အမျိုးသားတွေရဲ့ Skin Types တွေထဲက များသောအားဖြင့် ထိလွယ်ရှလွယ်တဲ့ Sensitive အသားအရေ ပိုင်ရှင်က ရှားပါတယ်။ ဒါပေမယ့် Sensitive Skin ပိုင်ဆိုင်ထားသူတွေ လူနည်းစုတော့ ရှိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ထိရှလွယ်တဲ့ Skin ပိုင်ရှင်တွေအတွက် အလွယ်ကူဆုံး အသားအရေ ထိန်းသိမ်းနိုင်မယ့် စကင်းကဲနည်း အဆင့်ဆင့်ကို မျှဝေပေးချင်ပါတယ်။

(၁) အမွှေးရနံ့ပါတဲ့ ထုတ်ကုန်တွေ လက်ရှောင်ပါ

Fragrance-Free Skincare Products
Photo : Brickell Men’s Products

အသားအရေ ထိန်းသိမ်းဖို့အတွက် အသုံးပြုတဲ့ Skincare ထုတ်ကုန်တွေကို ရွေးတဲ့အခါ အမွှေးရနံ့တွေပါဝင်တဲ့ ပစ္စည်းတွေကို ရှောင်ရပါမယ်။ ဒီလို အမွှေးရနံ့တွေ ထည့်ထားတဲ့ အလှကုန်တွေမှာ ပုံမှန်အားဖြင့် ဓာတုပစ္စည်းတွေ ပါဝင်နေတက်လို့ပါ။ ဒါက ကွီးတို့ရဲ့ အသားအရေကို ပိုမိုထိခိုက်စေနိုင်ပြီး အရေပြား နီမြန်းတာ ၊ ရောင်ရမ်းတာတွေနဲ့ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ Sensitive Skin ပိုင်ရှင်တွေအနေနဲ့ Skincare ထုတ်ကုန်တွေ ဝယ်တဲ့အခါ Fragrance-Free Products တွေကိုပဲ ရွေးချယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) တစ်ပတ် ၁ ကြိမ်လောက်ပဲ Exfoliate လုပ်ပါ

Exfoliation

Photo : Oars + Alps

အမျိုးသားတွေကတော့ ယေဘူယျအားဖြင့် တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်လောက် Exfoliate လုပ် ချေးချွတ်သန့်စင် လုပ်လေ့ ရှိကြပါတယ်။ ဒါက ပုံမှန်အသားအရေတွေ အတွက်တော့ အဆင်ပြေနိုင်ပေမယ့် ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေ ပြုလုပ်မယ်ဆိုရင် အသားအရေကို ပိုမိုကြမ်းတမ်း ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ တစ်ပတ် ၁ ကြိမ်လောက်ပဲ Exfoliate လုပ်ပါ။

(၃) ချွေးထွက်များပြီးနောက် မျက်နှာသစ်ပေးပါ

Facial Cleansing

Photo : Trouserdog

လေ့ကျင့်ခန်းလုပ်တာ ဖြစ်ဖြစ် ၊ ရာသီဥတုနဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် ဖြစ်ဖြစ် ကွီးတို့ ချွေးများများ ထွက်ပြီးတဲ့နောက်မှာ မျက်နှာကို ချက်ချင်းဆိုသလို သေချာဂရုတစိုက် ဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ ချွေးထွက်များတဲ့အခါမှာ မျက်နှာအရေပြားပေါ် ချွေးနဲ့အတူ ပြင်ပက ဖုန်နဲ့ အညစ်အကြေးတွေ ပိုမိုကပ်ညှိတွယ်နိုင်ပြီး ချွေးပေါက်တွေကို ပိတ်ဆို့စေတက်တာကြောင့် အသားအရေရဲ့ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ချွေးများများ ထွက်ပြီးချိန်တွေမှာ ကွီးတို့ရဲ့ မျက်နှာကို မျက်နှာသစ်ဆေးနဲ့ သေချာဆေးကြော သန့်စင်ပေးပါ။

(၄) အစိုဓာတ်ထိန်းခရမ်င်လိမ်းပါ

Handsome happy young Caucasian man applying face cream after a morning shave

Photo : Dermatology, Laser & Vein Specialists of the Carolinas

ဘယ်လို Skin Types မျိုးမဆို အသားအရေကို အစိုဓာတ်ပြည့်ဝနေအောင် Moisturizing ကောင်းကောင်း လုပ်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ထိရှလွယ်တဲ့ Sensitive အသားအရေ ပိုင်ရှင်တွေက ပိုလို့တောင် လိုအပ်ပါသေးတယ်။ မျက်နှာအရေပြားကို အစိုဓာတ်ပြည့်ပြည့်ဝဝ ဖြည့်တင်းနိုင်မှသာလျှင် ကျန်းမာနုပျိုတဲ့ အသားအရေကို ရရှိပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် မျက်နှာသစ် ၊ ရေချိုးပြီးချိန်တိုင်းမှာ အစိုဓာတ်ထိန်းခရမ်င် လိမ်းပေးပါ။ ထို့အတူ တစ်နေ့တာအတွင်းမှာ ရေ ၃ – ၄ လီတာခန့် သောက်သုံးပေးဖို့လည်း အကြံပေးချင်ပါတယ်။

Source : Man Of Many

Featured Photo : Brickell Men’s Products