ခန္ဓာကိုယ်ပေါ်မှာ လိင်စိတ်နိုးကြားမှုကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်တဲ့ ထိလွယ်ရှလွယ်နေရာ တစ်နည်းအားဖြင့် Erogenous Zones တွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် လည်တိုင် ၊ နှုတ်ခမ်း ၊ ရင်သား ၊ ဝမ်းဗိုက် ၊ ပေါင်တံနဲ့ လိင်အင်္ဂါ တဝိုက်နေရာတွေပါ။ Erogenous Zones တွေကို ကောင်းကောင်းကြီး နှိုးဆွခလုတ်ဖွင့်တက်ရင် သာယာကျေနပ်ဖွယ် ခံစားချက်ကို အပြည့်အဝရရှိပြီး အထွတ်အထိပ် ကောင်းကောင်းရောက်စေမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ခန္ဓာကိုယ်ပေါ်က ထိလွယ်ရှလွယ် ခလုတ်တွေကို ဖွင့်နိုင်မယ့် အထိရောက်ဆုံး Techniques လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ညင်သာစွာ ပွတ်သပ်ပါ
Photo : The Engineers Blog
ညင်သာနူးညံ့တဲ့ အထိအတွေ့ လေးတွေကပဲ စတင်တာ ကောင်းပါတယ်။ ပေါင်တွင်းပိုင်း ၊ ခါးအောက်ပိုင်းလို Erogenous Zones နေရာလေးတွေကို နှိုးဆွတဲ့အခါ ကွီးတို့ရဲ့ လက်တွေနဲ့ ညင်သာစွာ ထိတွေကိုင်တွယ် ပွတ်သပ်နှိုးဆွပေးပါ။ ညင်သာတဲ့ အထိအတွေ့လေးတွေဟာ ရိုးရှင်းပေမယ့် စိတ်လှုပ်ရှားစရာတော့ ရှယ်ကောင်းစေပါတယ်။
(၂) နှိပ်နယ်ပေးပါ
Photo : SoulMatcher
Erotic Massage နည်းနဲ့ နှိုးဆွတာဟာ လိင်စိတ်နိုးကြားမှုအတွက် အင်မတန်ကောင်း စေပါတယ်။ ထိတွေ့ခံစားမှုမြင့်တဲ့ ရင်သား သို့မဟုတ် ချိုင်းအောက်ပိုင်းလို နေရာလေးတွေကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် ကွီးတို့ ပါတနာရဲ့ လိင်စိတ်ခံစားမှုကို အမြှင့်ဆုံးအထိ မြှင့်တင်ပေးနိုင်မှာပါ။ နှိပ်နယ်တဲ့အခါ အနှိပ်ဆီ သို့မဟုတ် ချောဆီတို့ကို အသုံးပြုပြီး နှိပ်နယ်ပေးမယ်ဆိုရင် ပိုပြီး ခံစားချက် ကောင်းစေမှာပါ။
(၃) အနမ်းပေးပါ သို့မဟုတ် ခပ်ဖွဖွ စုပ်ပါ
Photo : Medical News Today
ခံစားမှုရှယ် ကောင်းစေဖို့အတွက် ကွီးတို့ရဲ့ နှုတ်ခမ်းနဲ့ လျှာက အံ့ဩစရာကောင်းတဲ့ လုပ်ဆောင်မှုတွေကို စွမ်းဆောင်ပေးနိုင်ပါတယ်။ လည်တိုင် ၊ ရင်သားနဲ့ ဆီးခုံအပေါ်ပိုင်းနေရာတွေလို ခန္ဓာကိုယ်ပေါ်က ထိလွယ်ရှလွယ် Erogenous Zones ခလုတ်တွေကို ကွီးတို့ရဲ့ နှုတ်ခမ်းတစ်စုံနဲ့ ခပ်ဖွဖွ အနမ်းပေးနိုင်သလို လျှာသုံးပြီး တစ်ချက်တစ်ချက် ညင်သာစွာ စုပ်တာ ၊ လျက်တာတွေ လုပ်ပေးမယ်ဆိုရင် ကွီးတို့ ပါတနာရဲ့ ခံစားမှုအာရုံဟာ အထွတ်အထိပ် ရောက်နေမှာ အသေအချာပါပဲ။
(၄) သွားနဲ့ ဖြည်းဖြည်းလေး ဖွဖွ ကိုက်ပါ
Photo : LADbible
နားရွက် ၊ ရင်သား(နို့သီးခေါင်း) လို ခံစားမှု အမြင့်ဆုံးနေရာတွေကို ကွီးတို့ရဲ့ သွားနဲ့ ခပ်ဖွဖွ ကိုက်ပြီး နှိုးဆွပေးလို့ ရပါတယ်။ သွားနဲ့ကိုက်တဲ့အခါ နာကျင်မှု မဖြစ်စေဖို့အတွက် အားပြင်းပြင်း မသုံးမိဖို့ကို သတိထားပါ။ ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ အသည်းယားစရာကောင်းပြီး ခံစားမှု စိတ်အာရုံကို နိုးကြားစေရုံလောက်ပဲ အရှိန်ကို ထိန်းပြီး နူးညံ့သိမ်မွေ့စွာ ကိုက်ရပါမယ်။ ဒီနည်းကလည်း ထိလွယ်ရှလွယ် Erogenous Zones ခလုတ်တွေကို ဖွင့်တဲ့အခါမှာ အလွန်အသုံးတည့်တဲ့ လမ်းနည်းတစ်ခု ဖြစ်ပါတယ်။
Source : Durex USA
Featured Photo : Fox News