ထိုင်းနိုင်ငံ ဟာ အာရှရဲ့ လှပတဲ့နေရာတွေကို စူးစမ်းလေ့လာချင်တဲ့ ခရီးသွားတွေ အလွန်နှစ်သက်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ချင်းမိုင်ရဲ့ ထူထပ်တဲ့ မိုးသစ်တောတွေ၊ ဘန်ကောက်မှာရှိတဲ့ ဇိမ်ကျပြီး အံ့မခန်းလှတဲ့အပန်းဖြေစခန်းတွေ ၊ အန်ဒမန်ပင်လယ်အပြင်ဘက်က ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့အတူ အဆင့်မြင့်အိမ်ရာတွေအထိ ထိုင်းနိုင်ငံရှိ အကောင်းဆုံးဟိုတယ် တွေထဲက ဘယ်ဟာအကြိုက်ဆုံးမှန်းမသိ အောင်ကို ရွေးရခက်ပါလိမ့်မယ်။ အခုပြောပြပေးမှာက ထိုင်းနိုင်ငံ မှာရှိတဲ့ မယုံနိုင်လောက်အောင် လှပတဲ့ ဇိမ်ခံ ဟိုတယ် တွေအကြောင်း ဖြစ်ပါတယ်။
(၁) Six Senses Yao Noi, Phuket
Photo : Six Senses
ဖူးခက်မှာရှိတဲ့ Six Senses Yao Noi ဟာ သဘာဝအတိုင်း၂၄ ဧက ကျယ်ဝန်းပြီး အပူပိုင်းသစ်တောတွေနဲ့ ဝန်းရံထားတဲ့ ဟိုတယ် တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဖူးခက်မှာရှိတဲ့ ဇိမ်ခံဟိုတယ်တွေကို အန်ဒမန်ပင်လယ်မှာရှိတဲ့ သီးသန့်ကျွန်းဖြစ်တဲ့ Yao Noi မှာ တွေ့နိုင်ပါတယ်။ သက်ကယ်မိုးပုံစံဖန်တီးထားတဲ့ သီးသန့်အပန်းဖြေအိမ် အမျိုးမျိုးကို ဒီနေရာမှာ တွေ့ရမှာပါ။ ဒီအဆင့်မြင့် အပန်းဖြေစခန်းမှာဆိုရင် စားသောက်ဆိုင် နှစ်ခု ၊ Infinity Pool ရေကူးကန်၊ ရေပူစမ်း၊ အားကစားရုံနဲ့ ဘားသုံးခုထိ ပါဝင်ပါတယ်။
(၂) Anantara Layan, Phuket
Photo : Tripadvisor
Anantara Layan ဟိုတယ်က ထိုင်းနိုင်ငံ ရဲ့ အကောင်းဆုံး ဟိုတယ် တွေထဲက တစ်ခုဖြစ်ပြီးတော့ မြိုပြရဲ့ ဆူညံမှု တွေနဲ့ဝေးရာကို ထွက်ခွာလိုသူများအတွက် ဖြစ်ပါတယ်။ Layan Beach ရဲ့ အဖြူရောင် သဲပြင်ပေါ်မှာ တည်ထားတဲ့ ဒီဇိမ်ခံ အပန်းဖြေစခန်းမှာ ဧည့်သည်တွေဟာ တိတ်ဆိတ်မှုကို အပြည့်အဝခံစားရမှာပါ။ ဆိတ်ငြိမ်မှု ၊ သက်တောင့်သက်သာရှိမှု ၊ ဇိမ်ခံမှုနဲ့ ဝန်ဆောင်မှုအဆင့်တွေက ဟိုတယ်ရဲ့ စံနမူနာဖြစ်ပါတယ်။ ဒါ့အပြင် အပန်းဖြေစခန်းမှာ ရေပူစမ်းနှင့် ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ရှိပါတယ်။
(၃) The Peninsula, Bangkok
Photo : Kayak
စတိုင်ကျခေတ်မီတဲ့ Peninsula ဟိုတယ်ဟာ ဘန်ကောက်မှာရှိတဲ့ အကျော်ကြားဆုံး ဇိမ်ခံ ဟိုတယ် တွေထဲက တစ်ခုအဖြစ်အချိန်အကြာကြီး ရှိနေတာပါ။ မြစ်ကမ်းနဘေးမှာ နေရာယူထားပြီးတော့ အခန်းတစ်ခုစီကနေပြီးတော့ မြစ်ရေပြင် ဒါမှမဟုတ် မြို့တော်ဘန်ကောက်ရဲ့ ရှုခင်းတွေကို ခံစားရမှာပါ။ ဒီဟိုတယ်ကြီးမှာတော့ တည်းခိုသူတွေအတွက် Butler ဝန်ဆောင်မှု ၊ အခမဲ့မြစ်ကူးတို ဝန်ဆောင်မှု ၊ အထူးကောင်းမွန်သော ရေပူစမ်း ၊ အားကစားခန်းမနဲ့ အဆင့်သုံးဆင့်ရှိတဲ့ ပြင်ပရေကူးကန်တွေစတဲ့ အထင်ကြီးလောက်စရာဝန်ဆောင်မှုတွေကို ပေးဆောင်ထားပါတယ်။
(၄) Capella, Bangkok
Photo : TripAdvisor
Capella ဟာ ရေထဲမှာတည်ဆောက်ထားတဲ့ ဈေးအကြီးဆုံး Chao Phraya Estate ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဟိုတယ် ဧရိယာဟာ အဆင့်မြင့်တိုက်ခန်းနဲ့ Four Seasons အပန်းဖြေစခန်းတခုနဲ့ တွဲလျက်ရှိတာ ဖြစ်ပါတယ်။ မြစ်ကမ်းဘေးမှာရှိ အခန်းများစွာကိုရနိုင်ပြီး တချို့မှာ သီးသန့်ရေကူးကန်တွေ ပါဝင်ပါတယ်။ ၂၀၂၀ ကမှ စတင်ဖွင့်လှစ်ခဲ့ပေမယ့် Capella ဟာ ရှိန်လောက်စရာ ဂုဏ်သတင်းကောင်းကို ရယူထားပြီး ဖြစ်ပါတယ်။ စားသောက်ဆိုင်ဟာ ကမ္ဘာ့အကောင်းဆုံး စားဖိုမှူးများထဲမှာ ပါဝင်ပြီးတော့ ဧည့်သည် တွေဟာ မြို့ထဲတဝိုက်ကို တောက်ပြောင်လှတဲ့ Mercedes ကားကြီးနဲ့လည်း လည်ပတ်နိုင်ပါသေး တယ်။
(၅) Rayavadee, Krabi
Photo : MakeMyTrip
Rayavadee ဟိုတယ်ဟာ လှေနဲ့သာ ဝင်ရတဲ့ ထိုင်းနိုင်ငံ ၊ Krabi ရှိ ထိပ်တန်း ဇိမ်ခံ ဟိုတယ် တွေထဲက တစ်ခုဖြစ်ပါတယ်။ အုန်းပင်တွေ၊ လှပတဲ့ကမ်းခြေသုံးခုနဲ့ စိမ်းလန်းစိုပြေတဲ့ အပူပိုင်းဥယျာဉ်ပင်တွေ ဝန်းရံထားတဲ့ ရင်သပ်ရှုမောဖွယ်နေရာတစ်ခုပါ။ တကယ်လို ဒီဟိုတယ်ကို သင်မကြိုက်ဘူးဆိုရင်တော့ ဒေသခံ မျောက်တွေကြောင့်ဖြစ်မှာပါ။ နေရာဒေသကြောင့်ဆိုပေမယ့် Rayavadee ဟာ တည်းခိုနေထိုင်မှု၊ စားသောက်မှု များအတွက် အမှန်တကယ် ထူးခြားတဲ့စံနှုန်းတွေကိုပေးထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။ ကိုလိုနီခေတ်ပုံစံအခန်း တွေဆောက်ထားပေမယ့် ဂေဟစနစ်နဲ့ လိုက်ဖက်တဲ့အပန်းဖြေ စခန်းဖြစ်ဖို အော်ဂဲနစ်ထိုင်းအိမ်သာသုံးပစ္စည်း များလို တာဝန်သိဇိမ်ခံပစ္စည်းတွေကိုသာ အသုံးပြုထားပါတယ်။
Featured Photo : Six Senses