ဖွားဖက်တော် အကြောင်း ကွီးတို့ ဘယ်လောက် သိထားပါသလဲ ? အမျိုးသားတွေရဲ့ လိင်တံဟာ သာမန်မျိုးပွားအင်္ဂါတစ်ခု ဆိုပေမယ့် တကယ်တမ်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။ အချို့အခြေအနေတွေဆိုရင် တော်တော်လေးကို ထူးဆန်းအံ့ဩဖို့ကောင်းပြီး ကွီးတို့ မယုံနိုင်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက် ဒီဆောင်းပါးမှာ ဒီအကြောင်းတွေကို ပြောလိုက်ရအောင်ပါ။
(၁) အကြောင်းအရင်းမရှိ လိင်တံထောင်မတ်နိုင်တယ်
Photo : Jonathan Clavell
ပုံမှန်ဆိုရင် လိင်စိတ်နိုးကြားနေချိန်မှာ ဖွားဖက်တော်ဟာ ထောင်မတ်လာပါတယ်။ ဒီလိုမဟုတ်ပဲ တစ်ခါတစ်ရံမှာ အကြောင်းအရင်းမရှိ လိင်တံထောင်မတ်မှု အခြေအနေကိုလည်း ကွီးတို့ ကြုံရနိုင်ပါတယ်။ ဥပမာအားဖြင့် မနက်ခင်းအိပ်ရာနိုးချိန် အားအင်ပြည့်ဝ လန်းဆန်းနေတဲ့ အခါမျိုးမှာ သို့မဟုတ် ဟော်မုန်းအပြောင်းအလဲ အဖြစ်ဆုံး ကြီးကောင်ဝင်ချိန် ဆယ်ကျော်သက် အရွယ်ကာလအပိုင်းအခြားမှာ ဒီလို အချိန်အခါမဟုတ် အကြောင်းအရင်းမရှိ လိင်တံ ထောင်မတ်မှု အဖြစ်များပါတယ်။
(၂) သေဆုံးပြီးနောက်မှာ လိင်တံထောင်မတ်နိုင်တယ်
Photo : SmartParents
ဟုတ်မှဟုတ်ပါ့မလား ကွီးတို့ စဉ်းစားနေမယ် ထင်ပါတယ်။ ဒါဟာအမှန်ပါပဲ။ အထူးသဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေတဲ့ အမျိုးသားတွေအနေနဲ့ ကမ္ဘာမြေရဲ့ ဆွဲအားကြောင့် သွေးတွေဟာ လိင်တံတစ်ရှူးတွေ အတွင်းသို့ စီးကျလာပြီး ထောင်မတ်မှုကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။
(၃) လိင်တံ ထောင်မတ်မှုမရှိပဲ အထွတ်အထိပ် ခံစားမှု ရနိုင်တယ်
Photo : Medical News Today
အထွတ်အထိပ် ခံစားမှု အော်ဂဇင်ဟာ အမျိုးသမီးတွေမှာပဲ ရှုပ်တာမဟုတ်ပါဘူး။ အချို့အခြေအနေတွေမှာ အမျိုးသားတွေအတွက်လည်း နားလည်ရခက် ပြန်ပါတယ်။ ထူးဆန်းတာတစ်ခုက အမျိုးသားတွေအနေနဲ့ တစ်ခါတစ်ရံမှာ ဖွားဖက်တော် ထောင်မတ်မှုမရှိပဲ အထွတ်အထိပ် ခံစားမှု အော်ဂဇင်ကို ခံးစားရနိုင်ပါသတဲ့။
(၄) နာရီနဲ့ချီ လိင်တံဆက်တိုက် ထောင်မတ်နိုင်တယ်
Photo : Urology Clinics Manchester
ဒါကတော့ Priapism လို့ခေါ်တဲ့ နာရီနဲ့ချီ လိင်အင်္ဂါ ထောင်မတ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သွေးစီးဆင်းမှုနဲ့ ဆိုင်တဲ့ ကျန်းမာရေး ပြဿနာကြောင့် ဖြစ်ရတာပါ။ Priapism ဖြစ်ပြီဆိုရင် ခန့်မှန်းခြေ ၄ နာရီဝန်းကျင်လောက် ပြန်မကျပဲ တသတ်မှတ်တည်း ထောင်မတ်နေတက်ပါတယ်။
(၅) လိင်တံ ကျိုးနိုင်တယ်
Photo : Justin Houman MD
အမျိုးသားတွေရဲ့ ဖွားဖက်တော် ဟာ အရိုးရှိတဲ့ ကိုယ်အင်္ဂါတစ်ခု မဟုတ်ပေမယ့်လည်း ကျိုးတက်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတဲ့အခါ သို့မဟုတ် လိင်တံအပေါ် ဖိအားပြင်းပြင်း သက်ရောက်တဲ့အခါတွေမှာ လိင်တံမှာရှိတဲ့ သွေးကြောတွေ ပေါက်ထွက်သွား နိုင်ပါတယ်။ ဒါကို လိင်တံကျိုးတယ်လို့ ခေါ်ပါတယ်။ လိင်တံကျိုးတဲ့အခါ ဆေးဝါးကုသမှု ခံယူနိုင်ပြီး နဂိုအတိုင်းပြန်ကောင်းဖို့ အချိန် ၆ ပတ်ခန့်ကြာနိုင်ပါတယ်။
Source : MensXP
Featured Photo : Tua Saúde