ဆံပင်ထိန်းသိမ်းမှု မှန်ကန်မယ်ဆိုရင် ကွီးတို့ရဲ့ ရုပ်ရည်အသွင်အပြင်အပေါ်ပါ အများကြီးသက်ရောက်မှု ရှိနိုင်ပါတယ်။ ကျန်းမာတဲ့ ဆံသားနဲ့ လိုက်ဖက်တဲ့ ဆံပင်ဒီဇိုင်းက လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်ကို ပိုပြီး ကြည့်ကောင်းအောင် ပံ့ပိုးပေး နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့အတွက် ကိုယ့်ဘာသာ လုပ်ဆောင်နိုင်မယ့် ဆံသား ထိန်းသိမ်းမှု Tips လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) Hair Serum သုံးပေးပါ
Photo : Partho Ghosh – Medium
ကွီးတို့ ရေချိုးပြီးတာနဲ့ ဆံပင်အတွက် လုပ်ရမှာက Hair Serum လူးပြီး ခေါင်းဖြီးတာပါပဲ။ Hair Serum ဟာ ဆံပင်ကို ပိုသန်စွမ်းတောက်ပြောင်အောင် ကူညီပေးနိုင်ပါတယ်။ နောက်ပြီး ဆံပင်အတွက် အန္တရာယ်ရှိတဲ့ အလွန်အကျွံ စိုထိုင်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက ခေါင်းဖြီးတဲ့အခါ သိပ်ပြီး ကြမ်းကြမ်းတမ်းတမ်း မဖြီးမိဖို့ လိုပါတယ်။ ဆံပင်ပေါက်တဲ့ ပုံစံလမ်းကြောင်းအတိုင်း ခေါင်းကို ငြင်ငြင်သာသာ ဖြီးပေးဖို့ လိုပါတယ်။ ဒါဟာ သွေးလည်ပတ်မှုကို အားပေးတာကြောင့် ဆံပင်ပို သန်စွမ်းဖွံ့ဖြိုးစေပါတယ်။
(၂) ဆီလိမ်းပြီး နှိပ်နယ်ပေးပါ
Photo : Man’s Life
အကောင်းဆုံး ဆံသား ထိန်းသိမ်းမှု ပုံစံတွေထဲက တစ်ခုကတော့ ဆံပင်မှာ ခေါင်းလိမ်းဆီလူးခြင်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီလိုမျိုး ခေါင်းလိမ်းဆီ တစ်မျိုးမျိုးကို လက်ထဲထည့်ပြီး ဆံသားတွေ နူးညံ့စိုလက်သွားအောင် နှိပ်နယ်ပေးတာပါပဲ။ တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ် ၃ ကြိမ်လောက်တော့ Oiling လုပ်ပေးသင့်ပါတယ်။ ခေါင်းကို ဆီလူးပြီး နှိပ်ပေးတာဟာ သွေးလည်ပတ်မှု ပိုအားပေးသလို ဦးရေပြားပေါ်က မွေးညင်းပေါက်လေးတွေလည်း ပွင့်စေတာကြောင့် ဆံပင်ကို ပိုသန်စွမ်းကျန်းမာ စေပါတယ်။
(၃) ဗောက်ပျောက် ခေါင်းလျော်ရည် သုံးပါ
Photo : Pete & Pedro
ယောကျာ်းလေးအများစုမှာ ဗောက်ပြဿနာ ရှိကြပါတယ်။ ရာသီဥတု ပူပြင်းချိန်တွေမှာဆိုရင် ဦးရေပြား အဆီပြန်ခြင်းကြောင့် ဗောက်ထတဲ့ ပြဿနာအများဆုံး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဗောက်ပြဿနာကို ကာကွယ်နိုင်တဲ့ Anti-Dandruff Shampoo လိုမျိုး ခေါင်းလျှော်ရည်နဲ့ လျှော်ပေးဖို့ လိုပါတယ်။ Anti-Dandruff Shampoo တွေဟာ ပြင်းတာကြောင့် တစ်ပတ်မှာ တစ်ကြိမ်ပဲ သုံးပေးတာ အကောင်းဆုံးပါပဲ။
Source : Brickell Men’s Products
Featured Photo : Smytten