ကနေဒါ-အမေရိကန် သရုပ်ဆောင် ရိုင်ယန်ရေးနိုးစ် ကိုတော့ ရုပ်ရှင်ချစ်သူတိုင်း သိကြပါတယ်။ အထူးသဖြင့် ဒက်ပူးမင်းသားရယ်လို့ လူသိများပါတယ်။ မင်းသားချော ရိုင်ယန်ရေးနိုးစ်ဟာ British Columbia မှာ မွေးခဲ့ပြီး ဆယ်ကျော်သက်အရွယ်ကတည်းက သရုပ်ဆောင်အလုပ်ကို စလုပ်ခဲ့တာပါ။ သရုပ်ဆောင် သက်တမ်းတစ်လျှောက် မတူညီတဲ့ တီဗီစီးရီတွေ ၊ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဟာသ ၊ အက်ရှင် ၊ အချစ်ဇာတ်လမ်းနဲ့ သည်းထိတ်ရင်ဖို စတဲ့ မတူညီတဲ့ ကဏ္ဍအသီးသီးမှာ ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာစွမ်းရည်ပြည့်ဝသူ ထူးချွန်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရိုင်ယန်ရေးနိုးစ်ရဲ့ရုပ်ရှင်ဇာတ်ကားတွေများစွာထဲကမှ ကောင်းနိုးရာရာ ဇာတ်ကားတချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ ကွီးတို့က ဒက်ပူးမင်းသား ရိုင်ယန်ရေးနိုးစ်ရဲ့ အမာခံ ဖန်စစ်စစ်ဆိုရင်တော့ ဒီဇာတ်ကားတွေကို ကြည့်ဖူးထားဖို့ လိုပါမယ်။

(၁) The Amityville Horror (2005)

Source : Media Graveyard

ဒက်ပူးမင်းသား ရိုင်ယန်ရေးနိုးစ်ရဲ့ အပြောင်မြောက်ဆုံး သရုပ်ဆောင်ချက်တွေကို မြင်ရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းကြိုက်သူတွေကတော့ ဒီဇာတ်ကားကို မဖြစ်မနေ ကြည့်သင့်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါမှာ ပရိသတ်တွေရဲ့ စိတ်ထဲ မေးခွန်းပေါင်းများစွာကို ကျန်နေစေခဲ့မယ့်အထိ ရသမြောက်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) Just Friends (2005)

Source : Rotten Tomatoes Classic Trailers

ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရမယ့် Romance/Comedy ဇာတ်ကားကောင်းလေးပါ။ မင်းသား ရိုင်ယန်ရေးနိုးစ်က Chris ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ အထက်တန်းကျောင်းတုန်းက အားလုံးရဲ့ဟာသလုပ်စရာ လူဝကြီးတစ်ယောက်က နောက် ၁၀ နှစ်အကြာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားပုံတွေကို ကြည့်ရှု့ခံစားရမှာ ဖြစ်ပြီး ဇာတ်ကားတစ်ခုလုံး ခြုံကြည့်ရင် ရိုလာကိုစတာစီးနေရသလို ခံစားချက်မျိုးစုံကို အပြည့်အဝ ခံစားရစေမှာ ဖြစ်ပါတယ်။

(၃) Safe House (2012)

Source : Rotten Tomatoes Trailers

ရိုင်ယန်ရေးနိုးစ်ရဲ့ အက်ရှင်ဇာတ်ကားတွေထဲမှာ Safe House (2012) က ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ အမေရိကန်မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်နဲ့အတူတူ တြွဖက်သရုပ်ဆောင်ထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းတွေ ၊ အမိုက်စား အက်ရှင်ဇာတ်ကွက်တွေကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

(၄) Life (2017)

Source : Zero Media

Sci-Fi ရုပ်ရှင်အမျိုးအစား ကြိုက်နှစ်သက်သူတွေ အတွက်ပါ။ ဒီဇာတ်ကားက ရုပ်ရှင်ဝေဖန်ရေးသမားတွေကြားမှာ စကားသံတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ရတဲ့ သိပ္ပံအခြေခံ စိတ်ကူးယဉ် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားက တဖြည်းဖြည်းချင်း ဇာတ်ရှိန်တက်လာပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဇာတ်သိမ်းပိုင်းအထိ ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။ ဒက်ပူးမင်းသား ရိုင်ယန်ရေးနိုးစ်နဲ့အတူ နာမည်ကြီး ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေ အများကြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရုပ်ရှင်ချစ်သူတွေအတွက် မင်းသားရိုင်ယန်ရေးနိုးစ်ရဲ့ ဇာတ်ကားကောင်းတွေထဲက ကောင်းနိုးရာရာ ဇာတ်ကားကောင်းတချို့ကို ဖော်ပြပေးခဲ့တာပါ။  နောက်ထပ်လည်း Definitely, Maybe (2008) ၊ The Proposal (2009) ၊ Adventureland (2009) ၊ Green Lantern (2011) ၊ Blade: Trinity (2004) တို့လို ပရိသတ်အချစ်တော် ဒက်ပူးမင်းသား ရိုင်ယန်ရေးနိုးစ်ရဲ့  နာမည်ကြီး ဇာတ်ကားကောင်းတွေ အများကြီးကျန်ရှိနေပါသေးတယ်။ ကွီးတို့ရော ရိုင်ယန်ရေးနိုးစ်ရဲ့ ဇာတ်ကားတွေထဲမှာ ဘယ်ကားကို အကြိုက်ဆုံး ဖြစ်မလဲ ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Featured Photo : GAMINGbible