ကွီးတို့အနေနဲ့ နေရာတစ်ခု သို့မဟုတ် Professional တစ်ခုခုအတွက် လမ်းကြောင်းပေါ်ကို ရောက်နေပြီ သို့မဟုတ် လူအဖွဲ့အစည်းမှာ ကျင်လည်နေပြီဆိုလျှင် ပါတီပွဲတွေ၊ ညစာစားပွဲတွေကို မလွဲမသွေ တက်ရောက်ရမှာပါ။ စီးပွားရေးဆိုင်ရာဖြစ်စေ၊ လူမှုရေးဆိုင်ရာ ဖြစ်စေ ဒင်နာပါတီ တစ်ခုကို တက်တဲ့နေရာမှာ သိထားရမဲ့ အချက်တွေရှိပါတယ်။ ဒီလိုအချက်တွေကို သိထားခြင်းဖြင့် ကွီးတို့အနေနဲ့ Impression ကောင်းကို ရစေရုံသာမက ကွီးတို့ရဲ့နယ်ပယ်မှာ ပေါင်းသင်းဆက်ဆံရေးအတွက် အကျိုးများကို ရရှိစေပါတယ်။ ဆက်လက်ပြီးတော့ ဒင်နာပါတီ တက်မဲ့ ကွီး တို့အတွက် ဘယ်လိုအချက်တွေ သိထားဖို့ လိုအပ်သလဲဆိုတာ ကြည့်လိုက်ရအောင်။

ကွီးတို့ တက်ရောက်ဖြစ်ခြင်း၊ မဖြစ်ခြင်းကို အချိန်မှီအကြောင်းပြန်ပါ

ဒင်နာပါတီ ကွီး

Photo : Art of Paper Scissors

ဒင်နာပါတီ တက်ရောက်မဲ့ ကွီး တို့အနေနဲ့ ဒီပါတီကို တက်ဖြစ်တယ်ဆိုလျှင် ဖြစ်စေ၊ မတက်ဖြစ်ဘူးဆိုလျှင် ဖြစ်စေ၊ ဖိတ်ကြားသူအား လေးလေးစားစားနဲ့ အချိန်မှီ အကြောင်းပြန်သင့်ပါတယ်။ ဖိတ်ကြားချက်ကို လက်ခံရရှိပြီးနောက် နှစ်ပတ်ထက် နောက်မကျစေဘဲနှင့် ပါတီပွဲမစမီ တစ်ပတ်အလိုတွင် အကြောင်းပြန်ပါ။ ဒီလိုအကြောင်းပြန်ခြင်းက စီစဉ်သူအတွက် ပါတီကို ပြင်ဆင်ရာမှာ အမှန်တကယ် အထောက်အကူ ပြုပါတယ်။

နောက်မကျစေပါနဲ့

ဒင်နာပါတီ ကွီး

Photo : Inc.Magazine

နောက်ထပ် ကွီးတို့ သတိထားရမဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ အချိန်မှီရောက်ရှိဖို့ပါပဲ။ ဒီအချက်ကို အထူးသတိပြုပါ။ အချိန်ကို လေးစားပြီး နောက်မကျခြင်းက ကွီးတို့အတွက် Impression ကောင်းကို ဖြစ်စေပါတယ်။ ဒင်နာပါတီပွဲ ကျင်းပရာနေရာသို့ မိနစ် အနည်းငယ် သို့မဟုတ် အချိန် ၁၅ မိနစ် ခန့်စောရောက်အောင် သွားပါ။ ထိုထက်လည်း အများကြီးစောရောက်တာမျိုး မဖြစ်စေပါနဲ့။

ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ပါ

ဒင်နာပါတီ ကွီး

Photo : Nuherara

ဒင်နာပါတီကို အထူးသဖြင့် စီးပွားရေးနဲ့ဆိုင်တဲ့ ဒင်နာပါတီကို တက်ရောက်တဲ့အခါ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုက အမှန်တကယ်ပင် အရေးကြီးပါတယ်။ သပ်သပ်ရပ်ရပ် ဝတ်စားသွားပါ။ သပ်ရပ်ကောင်းမွန်စွာ ဝတ်စားခြင်းက ကွီးတို့ရဲ့ Impression ကောင်းစေသလို ကွီးတို့ကို ဖိတ်ကြားမဲ့သူများနဲ့ ကွီးတို့နဲ့ တွေ့ဆုံတဲ့ သူများအပေါ်လည်း လေးစားမှုကို ပြသရာရောက်ပါတယ်။

ဖုန်းပိတ်ထားပါ

Dinner

Photo : Laptop Mag

ဒင်နာပါတီတက်ရောက်တဲ့အခါ ကွီးတို့သတိပြုမဲ့ အရေးကြီးတဲ့ တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ ဖုန်းပိတ်ထားဖို့ပါပဲ။ ပါတီကို မရောက်ခင် ကွီးတို့ ဖုန်းကို ပိတ်ထားပါ သို့မဟုတ် အသံပိတ်ထားကြောင်း သေချာပါစေ။ ဒါမှသာ ကွီးတို့ စကားဝိုင်းကို အနှောင့်အယှက် မဖြစ်စေမှာပါ။ ဒီအချက်ကလည်း အရေးကြီးတဲ့ ကျင့်ဝတ်တစ်ခုပါပဲ။ Business Dinner တွေမှာဆိုရင် ဒီအချက်က အထူး အရေးကြီးပါတယ်။

နှုတ်ဆက်ဖို့ မမေ့ပါနဲ့

Dinner

Photo : Talk Business

ဒင်နာပါတီ ကို တက်ရောက်တဲ့ အချိန်မှာ ကွီး တို့ကို ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်များကို နှုတ်ဆက်ပါ။ ထို့နောက် စားပွဲဝိုင်းမှာ ကွီးတို့နဲ့အတူ ထိုင်မဲ့သူများကိုလည်း သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ နှုတ်ဆက်ပါ။ လက်ဆွဲ နှုတ်ဆက်ခြင်းက လျင်မြန်ပြီး လေးစားမှုနဲ့ ခိုင်မာ ဖော်ရွေသော ဆက်ဆံရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒင်နာပါတီပြီးဆုံးလို့ ပြန်တဲ့အချိန်မှာလည်း သက်ဆိုင်သူများကို ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ပြီးမှ ပြန်ပါ။

အခုဖော်ပြပေးလိုက်တဲ့ အချက်များကတော့ ဒင်နာပါတီ ကို တက်ရောက်မဲ့ ကွီးတို့သိထားသင့်တဲ့ အခြေခံအချက်လေးများပဲ ဖြစ်ပါတယ်။ ကွီးတို့ရေ ဒင်နာပါတီတက်ဖို့ရှိရင် ဒါလေးတွေကို မမေ့နဲ့နော်။

Featured Photo : Sound