ကျွန်တော်တို့ရဲ့ မွေးရာပါ ဖွားဖက်တော် ငယ်ပါ ဟာ ခြေထောက်တွေ လက်တွေလိုပဲ ကျိုးနိုင်တယ်ဆိုတာ သင်သိပါသလား ? ဆေးပညာအရတော့ ဒါကို ‘လိင်တံအရိုးကျိုး’ တယ်လို့ ခေါ်ပြီး တကယ်တော့ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့လိင်တံဟာ အရိုးနဲ့ ဖွဲ့စည်ထားတဲ့ ကိုယ်အင်္ဂါတစ်ခု မဟုတ်ပေမယ့်လည်း ကျိုးကြေနိုင်ခြေရှိပြီး လိင်တံမှာရှိတဲ့ ထောင်ပေါင်းများစွာသော ဆဲလ်လေးတွေဟာ ရုတ်တရက် သို့မဟုတ် ပြင်းထန်တဲ့ ဖိအားအောက်မှာ ကွဲထွက်သွားတာကို ငယ်ပါ ကျိုးတယ်လို့ ခေါ်ပါတယ်။ အသေးစိတ် ပြောရမယ်ဆိုရင်တော့ လိင်စိတ်ဆန္ဒနိုးကြားချိန်မှာ လိင်တံဆီသို့ သွေးစီးဆင်းမှုဟာ ၁၆ ဆတိုးလာပြီး ထောင်မတ်မှုကို ဖြစ်စေပါတယ်။

လိင်တံမှာရှိတဲ့ ဆဲလ်နဲ့ အမြှေးပါးတွေဆီကို သွေးတွေရောက်ရှိလာစေတဲ့အတွက် လိင်တံထောင်မတ်ခြင်း လုပ်ငန်းစဉ်ကို ဖြစ်စေတာပါ။ မြင်သာအောင်ကြည့်မယ်ဆိုရင် ပူဖောင်းတစ်လုံးနဲ့ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ အတွင်းမှာ လေမရှိတဲ့ ပူဖောင်းဟာ ပျော့ပျောင်းပြီး အလွယ်တကူ ကွေးညွှတ်နိုင်ပေမယ့် အတွင်းမှာလေပြည့်ဝနေတဲ့ ပူဖောင်းကတော့ ကြွပ်ဆတ်လွယ်ပြီး တင်းတင်းကျပ်ကျပ် ပြင်းပြင်းထန်ထန် လိမ်တာ ၊ ကွေးညွှတ်တာတွေ လုပ်တဲ့အခါမှာ ပေါက်ကွဲထွက်သွားနိုင်တာ ဖြစ်ပါတယ်။ လိင်တံကျိုးတဲ့ ဖြစ်စဉ်ဟာလည်း ထို့နည်းတူစွာပဲ ဖြစ်ပါတယ်။

penile fracture

Photo : Allure

လိင်တံကျိုးပြီဆို ဘယ်လို လက္ခဏာတွေ ပြလေ့ရှိလဲ ?

လိင်တံကျိုးတယ်ဆိုတာကို အခုပြောပြမယ့် လက္ခဏာတွေကြည့်ပြီး သိနိုင်ပါလိမ့်မယ်။

  • “ဂျွတ်” ဆိုတဲ့ မောကျောတဲ့အရာ တစ်စုံတစ်ခု ကျိုးကြေသံ ထွက်ပေါ်လာမယ်
  • ပြင်းထန်တဲ့ နာကျင်မှုဝေဒနာ ခံစားရမယ်
  • ငယ်ပါ ထောင်မတ်မှု ချက်ချင်းလျှော့ကျမယ်
  • လိင်တံအရေပြားပေါ်မှာ ခရမ်းရောင်အမာရွတ်ဖြစ်ပေါ်မယ် သို့မဟုတ် ရောင်ရမ်းနေမယ်
  • နောက်ပိုင်းမှာ ဆီးသွားခြင်းဆိုင်ရာ ပြဿနာတွေ ခံစားရမယ်

ဘယ်အရာတွေက ကွီးတို့ ငယ်ပါ ကို ကျိုးကြေနိုင်စေသလဲ ?

လိင်ဆက်ဆံခြင်း – ပြင်းပြင်းထန်ထန် လိင်ဆက်ဆံခြင်းက လိင်တံကျိုးစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါပဲ။ အကယ်၍ ပါတနာရဲ့ ဆီးခုံအရိုး သို့မဟုတ် ဆီးအိမ်အတွင်းပိုင်းကို မတော်တဆ ထိုးသွင်းမိမယ်ဆိုရင် လိင်တံကျိုးတာ ပြင်းထန်တဲ့ ဒဏ်ရာအနာတရ ရတာမျိုး ဖြစ်စေနိုင်ပါတယ်။

တစ်ကိုယ်ရည် အာသာဖြေခြင်း – လိင်တံကို တင်းကျပ်စွာ ဆုပ်ကိုင်တာ သို့မဟုတ် ပြင်းပြင်းထန်ထန် ပွတ်တိုက်ပြီး တစ်ကိုယ်ရည် အာသာဖြေမယ်ဆိုရင်လည်း လိင်တံကျိုးတက်ပါတယ်။

လိင်တံထောင်မတ်မှုကို ဖိအားပေးလျှော့ချခြင်း – သဘာဝအရ လိင်တံထောင်မတ်လာမှုကို လက် သို့မဟုတ် အရာဝတ္တုတစ်ခုခုနဲ့ ထောင်မတ်မှုလျှော့ကျဖို့ အတင်းအကျပ် ဖိအားပေးမယ်ဆိုရင်လည်း လိင်တံ တစ်ရှုးနဲ့ဆဲလ်တွေ ပျက်စီးပြီး လိင်တံကျိုးတာ ၊ မသက်မသာခံစားရတာတွေ ဖြစ်စေနိုင်ပါတယ်။

မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း – အိပ်ပျော်နေစဉ် လိင်တံထောင်မတ်နေတဲ့အခါမှာ ငယ်ပါ အပေါ်လူးလှိမ့်မိတာ ၊ တက်ဖိမိတာတွေကြောင့်လည်း လိင်တံကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

penile fracture

Photo : Men’s Health

အကယ်၍ ငယ်ပါ ကျိုးတယ်လို့ ခံစားရပါက ချက်ချင်း ဆရာဝန်ဆီ သွားရောက်ပြီး စစ်ဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။ တချို့အခြေအနေတွေမှာ ခွဲစိတ်ကုသဖို့ပင် လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ ခွဲစိတ်ပြီးနောက်မှာ ရောင်ရမ်းမှုကို လျော့ပါးစေပြီး နာကျင်မှုကို သက်သာစေဖို့ ရေခဲအိတ်ကပ်ပေးနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်ကို သေချာလိုက်နာပြီး ကောင်းမွန်စွာ အနာကျက်စေနိုင်ဖို့ အနည်းဆုံး ၆ ပတ်အထိ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမယ်။

လိင်တံကျိုးတဲ့ အခြေအနေဟာ အမြန်ဆုံး ကုသမှုခံယူပါက ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် ပုံမှန်အတိုင်း လိင်ဆက်ဆံတာ ၊ ဆီးသွားတာနဲ့ တစ်ကိုယ်ရည်အာသာဖြေတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : New York Post