လိင်မှုကိစ္စအပေါ်  စိတ်အားထက်သန်မှု လျော့ကျတာဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အစားအသောက်ဟာလည်း ကွီးတို့ရဲ့ လိင်မှုဘဝကို ထိခိုက်စေနိုင်ပါတယ်။ အကယ်၍ ကွီးတို့က အခုပြောပြတဲ့ အစားအသောက်တွေ စားနေမိတယ်ဆိုရင် လိင်စိတ်ဆန္ဒ လျော့ကျပြီး အိပ်ရာထက်မှာ စိတ်မပါ ဖြစ်နေရမှာပါ။

(၁) နို့ထွက်ပစ္စည်း

dairy products

Photo : Food & Wine

နို့ထွက်ပစ္စည်းတွေကို နေ့တိုင်း အလွန်အကျွံစားနေမိရင်တော့ ပြဿနာရှိပါတယ်။ နို့ထွက်ပစ္စည်းတွေ အများအပြားစားသုံးတာဟာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကို တိုးစေပြီး လိင်မှုဆိုင်ရာ ဟော်မုန်းဖွဲ့စည်းခြင်းကို အဟန့်အတား ဖြစ်စေပါတယ်။ အကျိုးဆက်ကတော့ လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု လျော့နည်းလာပြီး အိပ်ရာထက်မှာ စိတ်မပါဖြစ်စေမှာပါ။

(၂) ကော်ဖီ

Coffee

Photo : Tasting Table

ကော်ဖီ အလွန်အကျွံသောက်သုံးခြင်းဟာ Adrenal ဂလင်းတွေကို ထိခိုက်စေပါတယ်။ အဆိုပါဂလင်းတွေဟာ စိတ်ဖိစီးမှုဟော်မုန်း အချို့ကို တိုးစေပြီး လိင်မှုဆိုင်ရာ ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အရက်အလွန်အကျွံ သောက်သုံးခြင်းဟာလည်း ကွီးတို့ရဲ့လိင်မှုဘဝအပေါ်ကို အများကြီး ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

(၃) စည်သွတ်ဘူးများ

canned foods

Photo : The Spruce Eats

စည်သွတ်ဘူးတွေမှာ ဆိုဒီယမ် ၊ တာရှည်ခံပစ္စည်းတွေနဲ့ အရည်အသွေးနိမ့်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။ စည်သွတ်ဘူးတွေ အများအပြားစားမယ်ဆိုရင် သွေးတိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးရောဂါဟာ လိင်အင်္ဂါ သွေးလည်ပတ်မှုကို လျော့ကျစေပြီး စွမ်းဆောင်ရည် ကျဆင်းတဲ့ ပြဿနာတွေ ဖြစ်နိုင်ခြေရှိပါတယ်။

(၄) အချိုရည်

aerated drinks

Photo : LOZ RESTURANT – HEXACODES

အချိုရည်တွေဟာ ကိုယ်အလေးချိန်တိုးလာခြင်း ၊ ဆီးချိုရောဂါ ၊ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ ဆိုးကျိုးတွေ များစွာရှိနေပါတယ်။ ဒီကျန်းမာရေးပြဿနာ အားလုံးဟာ လိင်မှုဘဝအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပြီး လိင်စိတ်ဆန္ဒကို လျော့နည်းစေနိုင်ပါတယ်။

(၅) ဆီကြော်စာများ

Chips and fried foods

Photo : Taste

မီးပြင်းပြင်းနဲ့ အပူတိုက်ထားတဲ့ ဆီကြော်စာတွေဟာ ကျန်းမာရေးနဲ့လုံးဝ မညီညွှတ်ပါဘူး။ ခန္ဓာကိုယ်မှာ မကောင်းတဲ့အဆီပမဏတွေကို တိုးစေပြီး လိင်မှုဆိုင်ရာ ဟော်မုန်းဖွဲ့စည်းမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အလားတူ Monosodium Glutamate ဟာလည်း လိင်မှုဆိုင်ရာဟော်မုန်းတွေကို ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ Monosodium Glutamate ပြုပြင်ထားတဲ့ အစားအစာတွေ ၊ အေးခဲထားတဲ့ အစားအစာတွေမှာ ထည့်သွင်းအသုံးပြုလေ့ ရှိပါတယ်။

Featured Photo : Lowcountry Male