ဒီဇင်ဘာ လသည် ပိတ်ရက်ရှည် ရတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် နေရာ ဒေသအမျိုးမျိုးဆီသို့ လည်ပတ်လို့အကောင်းဆုံး အချိန်ပဲဖြစ်ပါတယ်။ သာယာလှပတဲ့ ဆောင်းရာသီ အချိန်ဖြစ်တဲ့ ဒီဇင်ဘာ လအတွင်းမှာ ကမ္ဘာပေါ်ရှိ ဘယ် နေရာ ဒေသလေးတွေက ခရီးသွားလို့ အကောင်းဆုံးဖြစ်မလဲ။

ထိုင်းနိုင်ငံရှိ ဖူးခက် ကမ်းခြေ

ဒီဇင်ဘာ နေရာ

Photo: Lonelyplanet

ထိုင်းနိုင်ငံရှိ နာမည်အကြီးဆုံး ကမ်းခြေတစ်ခုဖြစ်ပြီး ဒီဇင်ဘာ လအတွင်းမှာဆိုရင် လာရောက်လည်ပတ်သူများနှင့် ပြည့်နှက်နေတဲ့ နေရာ ဒေသတစ်ခုပဲ ဖြစ်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်လေကို တဝကြီး ရှုရှိုက်ချင်သလား (သို့) Scuba Diving လိုမျိုး အားကစားတစ်ခုခု ပြုလုပ်ချင်ပါသလား။ ရေပေါ်အားကစားမျိုးစုံ ပြုလုပ်နိုင်သလို ၊ မိမိကြိုက်နှစ်သက်ရာ စိတ်အပန်းဖြေနည်းမျိုးစုံဖြင့် အပန်းဖြေနိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

သြစတြီးလျနိုင်ငံရှိ Innsbruck မြို့

ဒီဇင်ဘာ နေရာ

ဒီဇင်ဘာ လအတွင်း ဥရောပနိုင်ငံများဆီသို့ ခရီးသွားချင်တယ်ဆိုရင်တော့ သြစတြီးလျနိုင်ငံရှိ Innsbruck မြို့ လေးကတော့ အသင့်တော်ဆုံး နေရာ တစ်ခုဖြစ်မှာပါ။ ဥရောပရှိ နိုင်ငံတော်တော်များများနှင့် မတူတဲ့အချက်များစွာကို Innsbruck မှာ တွေ့မြင်နိုင်ပါတယ်။ မြို့ထဲမှာ နှင်းလျောစီးနိုင်တဲ့ တစ်ခုတည်းသော နေရာဖြစ်ပြီး ခရစ္စမတ်ကာလမှာ ဈေးဝယ်ချင်သူများအတွက် အသင့်တော်ဆုံး နေရာတစ်ခုပါပဲ။ နောက်ခံ Alps တောင်တန်းကြီးကလည်း ခရီးသွားများအား လှပစွာ စောင့်ကြိုနေမှာပါ။

ဂျပန်နိုင်ငံရှိ Hokkaido

ဒီဇင်ဘာ နေရာ

ဆောင်းရာသီမှာ နှင်းတဖွဲဖွဲကျတဲ့ နေရာဒေသများဆီသို့ ခရီးသွားချင်ပါသလား။ ဒါဆိုရင်တော့ ဂျပန်နိုင်ငံက Hokkaido က စောင့်ကြိုနေမှာပဲဖြစ်ပါတယ်။ နှင်းလျှောစီးခြင်း ၊ စကိတ်စီးခြင်းတို့ကို ပြုလုပ်နိုင်ပြီး သဘာဝအလှအပများကိုလည်း ခံစားမြင်တွေ့နိုင်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ Hokkaido သည် ဒီဇင်ဘာ လအတွင်း လည်ပတ်လို့ အကောင်းဆုံး နေရာ တစ်ခုဖြစ်ပါတယ်။ နှင်းတွေလည်း တော်တော်များများ ကျနေမှာဖြစ်ပြီး တောင်တန်းများနှင့် ကျေးလက်ဒေသနှစ်ခုတို့ကို ပေါင်းစပ်ထားတဲ့ အနှစ်သာရကို တစ်ပြိုင်နက်တည်း တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံရှိ Banff

ကနေဒါနိုင်ငံရှိ Banff

Banff ဆိုတဲ့နေရာကတော့ ကမ္ဘာပေါ်မှာ အလှပဆုံး အမျိုးသားဥယျာဥ်တစ်ခု ဖြစ်ပါတယ်။ အင်စတာဂရမ်က အလှဓာတ်ပုံတော်တော်များများသည်လည်း Banff အမျိုးသားဥယျာဥ်ကို နောက်ခံထားပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ တောင်တန်းကြီးများ ၊ ပြာလဲ့လဲ့ ရေကန်များ ၊ ဖြူဥနေတဲ့ နှင်းများကို တစ်ပြိုင်နက်တည်းမှာ တွေ့မြင်ခံစားချင်တယ်ဆိုရင်တော့ ကနေဒါနိုင်ငံရှိ Banff အမျိုးသား ဥယျာဥ်က စောင့်ကြိုနေပါလိမ့်မယ်။

အီတလီနိုင်ငံရှိ Venice

အီတလီနိုင်ငံရှိ Venice

အီတလီနိုင်ငံရှိ Venice မြို့သည်လည်း ခရီးသွားများအကြား ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ထိုမြို့ထဲတွင် တံတားပေါင်း ၁၁၈ စင်းရှိပြီး ထိုနေရာလေးမှာ ခြေချလိုက်တာနဲ့ လွန်ခဲ့တဲ့ ၅ ရာစု ခေတ်ကာလဆီသို့ ရောက်ရှိသွားသလို ခံစားသွားရမှာပဲ ဖြစ်ပါတယ်။ ရှေးဗိသုကာ လက်ရာများကို မြင်တွေ့ချင်တယ်ဆိုရင်တော့ အီတလီနိုင်ငံရှိ Venice မြို့လေးဆီသို့ အလည်သွားသင့်ပါတယ်။

Source: Theworldpursuit

Featured Image: Freepik