စမတ်ဖုန်းနဲ့ ပတ်သက်လာရင် ဒီဇိုင်း လန်းပြီး ကွာလတီလည်းကောင်းတဲ့ နောက်ဆုံးပေါ်တွေကိုသာ လူတိုင်း ကြွေ ကြတာပါ။ တစ်နှစ်ပြီး တစ်နှစ်လည်း ဖုန်းမော်ဒယ်တွေက အသစ်ပြီး အသစ် ထွက်ရှိနေတာ လိုက်မမီနိုင်အောင်ပါပဲ။ ကွီးတို့လည်း ဖုန်းဝယ်မယ်ဆိုရင် ဒီဇိုင်း လန်းပြီး ကြွေ ချင်စရာကောင်းတဲ့ ဖုန်းကို ရွေးချယ်သင့်ပြီး ထိုဖုန်းက ကွာလတီကောင်းဖို့လည်း လိုပါသေးတယ်။

အခုဖော်ပြမယ့် ဖုန်းကတော့ သြဂုတ်လအတွင်း ထွက်ရှိမယ်လို့ ကြေညာထားတဲ့ ဖုန်းမော်ဒယ်များပဲ ဖြစ်ပါတယ်။

Xiaomi Mix Fold 3

ဒီဇိုင်း ကြွေ

ကောလဟလ သတင်းအချို့ လအတော်ကြာ ထွက်ပြီးတဲ့နောက်နဲ့ Xiaomi ကိုယ်တိုင်က အမြည်းအချို့ ပေးပြီးသွားတဲ့နောက်မှာတော့ Xiaomi သည် သူ့ရဲ့ Mix Fold 3 ကို သြဂုတ်လ ၁၄ ရက်နေ့၊ တနင်္လာနေ့မှာ ထွက်ရှိမယ်လို့ ကြေညာလိုက်ပါပြီ။ ကင်မရာ လေးလုံး ပါရှိပြီး ခေါက်လို့လည်းရပါတယ်။ ဒီဇိုင်း လည်း ဆန်းပြီး ကြွေ ချင်စရာကောင်းတာတော့ မယုံမရှိပါနဲ့။

Vivo V29 Series

ဒီဇိုင်း ကြွေ

Vivo V29 ကိုတော့ သြဂုတ်လ ၁၅ ရက်နေ့မှာ Launch လုပ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ သူ့စီးရီးထဲမှာ မတူညီတဲ့ အရောင်အမျိုးမျိုးနဲ့ ထုတ်လုပ်လိမ့်မယ်လို့လည်း ကြားသိရပါတယ်။ ပါးလျတဲ့ ဒီဇိုင်းနဲ့ အမိုက်စား ကွာလတီဖြင့် ထုတ်လုပ်ထားမှာကတော့ အသေအချာပါပဲ။ ဖုန်းပြောင်းချင်နေတဲ့ ကွီးတို့ ထည့်သွင်းစဥ်းစားသင့်တဲ့ မော်ဒယ်အမျိုးအစားတစ်ခုဆိုလည်း မမှားပါဘူး။

Realme GT Neo 5

ဒီဇိုင်း ကြွေ

Realme GT Neo 5 ကတော့ သြဂုတ်လ ၁၂ ရက်နေ့မှာ ထွက်ရှိလိမ့်မယ်လို့ ကြားသိရပါတယ်။ သူ့မှာ 8GB Ram နဲ့ Internal Storage 256GB ပါရှိမှာဖြစ်ပြီး 10W Charger ပါရှိမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ကင်မရာ ထားသိုပုံဒီဇိုင်းကတော့ ကွီးတို့ သဘောကျမယ့် အနေအထားမျိုးပဲ ဖြစ်ပါတယ်။

Infinix GT 10 Pro

Infinix GT 10 Pro

Infinix ကတော့ မော်ဒယ်အသစ် ထွက်ရှိမယ့်ရက်ကို အတိအလင်းမကြေညာထားပေမယ့် ခန့်မှန်းခြေအားဖြင့်တော့ သြဂုတ်လ ၁၃ ရက်နေ့မှာ ထွက်ရှိလိမ့်မယ်လို့ ကြားသိရပါတယ်။ Dual Sim ထည့်ကာ အသုံးပြုနိုင်မှာဖြစ်ပြီး Android 13/ XOS 13 ဖြင့် ကိုက်အောင် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ အရွယ်အစားကတော့ ၆.၆၇ လက်မ ရှိမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ဖုန်းအသစ်ပြောင်းမယ်ဆိုရင် ဘယ်ဖုန်းမော်ဒယ် အမျိုးအစားကို ပြောင်းသုံးဖြစ်မယ်လို့ တွေးထားပါသလဲ။

Source: Livemint

Featured Image: Freepik