ဖိနပ်အသစ်တွေ တစ်မျိုးပြီး တစ်ပြီး အသစ် အသစ်တွေ ထွက်ပေမယ့် ဒီဇိုင်း အလန်းစား ဖိနပ် ကိုမှ ဖိနပ်ရာသွင်းကြတဲ့ လူတွေက သပ်သပ်ကိုရှိပါတယ်။ ထိုအထဲမှာ ကွီးတို့ပါ ပါနေမယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကတော့ ကွီးတို့အတွက်ပါပဲ။

အခုဖော်ပြပေးမယ့် ဖိနပ်များကတော့ ဒီဇိုင်း က အမိုက်စားဖြစ်ပြီး အရည်အသွေးကလည်း ရှယ်မိမိုက်နေတဲ့ ဖိနပ် အကောင်းစားတွေပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ရွေးချယ်မှု အမှား မဖြစ်ရလေအောင် ဖိနပ် မဝယ်ခင်ကတည်းက သေသေချာချာ စုံစိနေအောင် လေ့လာပြီးမှ ဝယ်ယူသင့်ပါတယ်။

(၁) Air Jordan Legacy 312 Low PSG

Air Jordan Legacy 312 Low PSG

Photo: Nike

ဒီအမျိုးအစားလေးကတော့ ဖိနပ်ချစ်သူတွေအားလုံးရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း အလန်းစားဖြစ်ပြီး ဖိနပ်ကွာလတီကလည်း ပြောစရာမလိုအောင် ကောင်းပါတယ်။ ဈေးနှုန်းကတော့ ၁၄၅ ဒေါ်လာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။

(၂) Men’s Gucci Off The Grid High Top Sneaker

Men's Gucci Off The Grid High Top Sneaker

Photo: Gucci

ဒီဇိုင်းအလန်းစား၊ ကွာလတီကောင်းတာမျိုးကိုလည်း လိုချင်တယ်ဆိုရင်တော့ Men’s Gucci Off The Grid High Top Sneaker လေးကို ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၃၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။ ပွဲတက်အခမ်းအနားတွေ သွားလာတဲ့အခါမှာ ဒီဖိနပ်က ကွီးတို့ကို ပွဲလယ်တင့်စေမှာ အမှန်ပါပဲ။

(၃) Morgen Trainers – men’s

ဒီဇိုင်း ဖိနပ်

Photo: Beckettsimonon

ဒီအမျိုးအစားကတော့ ဒေါ်လာ ၂၅၀ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ဆင်တတ်တဲ့ ကွီးတို့နဲ့ လိုက်ဖက်တဲ့ ဖိနပ် အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဖိနပ်အရောင်ကလည်း အခြေခံ အရောင်တွေကို သေသေချာချာ ရောစပ်ထားပြီး ထုတ်လုပ်ထားတဲ့အပြင် စီးရတာကလည်း ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ဆင်လို့လည်း ကောင်းပါတယ်။

(၄) Kizik Men’s Athens

ဒီဇိုင်း ဖိနပ်

Photo: Kizik

အရောင်အသွေးစုံပြီး ဒီဇိုင်းဆန်းတဲ့ ဖိနပ်မျိုးလေးကိုလည်း လိုချင်တယ်၊ ဒါပေမဲ့ အရောင်တွေက ရှုပ်ယှက်ခတ်နေတာမျိုး မဟုတ်ဘဲ သူ့နေရာနဲ့သူ တစ်ခုနဲ့ တစ်ခု အချိတ်အဆက်မိမိ လိုက်ဖက်နေတာမျိုးကို လိုချင်တယ်ဆိုရင်တော့ Kizik Men’s Athens ကို ရွေးချယ်နိုင်ပါတယ်။ ဒီဖိနပ် ဒီဇိုင်းလေးကိုမှ ရွေးချယ်စရာ အမျိုးအစား ၁၃ မျိုးတောင် ရှိပါသေးတယ်။ အရောင်လည်း စုံ၊ ဒီဇိုင်းလည်း လန်းတာကြောင့် ကွီးတို့ ရွေးချယ်သင့်တဲ့ တစ်ခုပဲဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၃၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

(၅) Men’s Trailhead

ဒီဇိုင်း ဖိနပ်

Photo: Lemsshoes

အကြမ်းခံတဲ့ တောင်တက် ဖိနပ်မျိုးကိုလည်း လိုချင်တယ်၊ ဒီဇိုင်းလည်း အမိုက်စားထဲကဆိုရင်တော့ Men’s Trailhead ကို ရွေးချယ်သင့်ပါတယ်။ ဒီဇိုင်းလေးက Minimalist ဆန်ဆန်လေး ဖြစ်တဲ့အပြင် တောင်တက် တစ်ခုတည်းအတွက်လည်း မဟုတ်ပါဘူး။ မြို့လယ်ခေါင်အနှံ့ လျှောက်ပတ်ပြီး ရှိုးထုတ်မယ်ဆိုရင်လည်း ထုတ်လို့ရတဲ့ ဖိနပ်အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ ဖိနပ်က စီးရတာလည်း ပေါ့ပါးပြီး ဒီဇိုင်းလည်း မိမိုက်နေတာကြောင့် ကွီးတို့ အကြိုက်နဲ့ ကွက်တိကျမှာ အသေအချာပါပဲ။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၀ သာ ကုန်ကျမှာ ဖြစ်ပါတယ်။​

အခုဖော်ပြသွားတဲ့ ဒီဇိုင်းများကတော့ နောက်ဆုံးပေါ် ဒီဇိုင်းတွေဖြစ်ပြီး ကွီးတို့အားလုံးရဲ့ အကြိုက်နဲ့ ကိုက်မယ်လို့ မျှော်လင့်မိပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဖိနပ် အလန်းစားတွေထဲက ဘယ်အမျိုးအစားကို နှစ်သက်ပါသလဲ။

Source: Fashionbeans

Featured Image: Lifestyleasia.com