Libido သို့မဟုတ် Sex Drive လို့ခေါ်တဲ့ လိင်စိတ်ဟာ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး အမျိုးမျိုး ကွဲပြားပါတယ်။ လိင်စိတ်နည်းတာဟာ အစားအသောက် နေထိုင်မှုပုံစံ အမှားအယွင်းတွေနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အဓိကဖြစ်စေနိုင်ပြီး လိင်စိတ်နည်းပါးပါက လိင်မှုဘဝအပေါ်များစွာ ဆိုးကျိုးသက်ရောက် စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ယောကျာ်းတိုင်းအတွက် အရေးပါတဲ့ လိင်စိတ်ဆန္ဒ တက်ကြွစေဖို့ သဘာဝအတိုင်း နည်းလမ်းတွေကို မျှဝေပေးပါမယ်။

(၁) စိတ်ဖိစီးမှု ထိန်းညှိပါ

Meditating
Photo : MindJournal

Libido ကျဆင်းစေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကတော့ စိတ်ဖိစီးမှု များခြင်းပါ။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ကွီးတို့ရဲ့နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာ စွမ်းဆောင်ရည်နဲ့ အလုံးစုံကျန်းမာရေးအပေါ် ထိခိုက်စေနိုင်သလို လိင်မှုဘဝနဲ့ လိင်စိတ်အပေါ်မှာလည်း များစွာ ဆိုးကျိုးသက်ရောက် စေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ တစ်နေ့တာအတွင်းမှာ တက်နိုင်သမျှ စိတ်ဖိစီးမှု နည်းပါးအောင် နေထိုင်ဖို့ လိုအပ်ပြီး စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ကိုင်တွယ်ထိန်းညှိဖို့ လိုပါမယ်။

(၂) ပါတနာနဲ့ ဆက်ဆံရေး အရည်အသွေးကို မြှင့်တင်ပါ

relationship quality

Photo : The Scottish Sun

Relationship ဆက်ဆံရေး အခြေအနေပေါ်မူတည်ပြီးလည်း လိင်မှုဆိုင်ရာ စွမ်းဆောင်နဲ့ လိင်စိတ်ဆန္ဒတက်ကြွမှုဟာ သက်ရောက်မှု ရှိစေပါတယ်။ ပါတနာနဲ့သင့်ကြားမှာ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခု မရှိဘူး ဒါမှမဟုတ် အငြင်းပွားဖွယ်ရာ အခြေအနေတွေနဲ့ ပြဿနာတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုရင် လိင်မှုကိစ္စမှာပါ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် Relationship တစ်ခု အရေးကြီးဆုံးနဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ နှစ်ဦးသားဆက်ဆံရေးကို ကောင်းမွန်အောင်တည်ဆောက်ခြင်းဖြင့် သဘာဝအတိုင်း Libido ကို မြင့်တက်အောင် လုပ်ဆောင်နိုင်ပါတယ်။

(၃) သဘာဝ ဆေးဖက်ဝင်နည်းလမ်းတွေ စမ်းကြည့်ပါ

herbal remedies

Photo : FX Medicine

လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်လာစေဖို့ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက ကျင့်သုံးလာကြတဲ့ သဘာဝကုထုံးနည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဓိကအားဖြင့် ဆေးဖက်ဝင် သစ်ဥသစ်ဖုနဲ့ အပင်တွေကို အသုံးပြုပြီး လိင်မှုဆိုင်ရာစွမ်းဆောင်ရည်နဲ့ လိင်စိတ်တိုးပွားဖို့ လုပ်ဆောင်ကြတာပါ။ ဥပမာအားဖြင့် မကာအမြစ် ၊ ဆူးလေအမှုန့် ၊ Ginkgo Biloba အရွက် ၊ ဂျင်ဆင်းတို့လို အစွမ်းထက် သစ်ဥသစ်ဖုနဲ့ အပင်တွေဟာ အမျိုးသားတွေရဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း ( Testosterone ) ၊ လိင်စိတ် ( Libido ) နဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

Quit smoking

Photo : Makati Medical Center

ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကတော့ ထွေထွေထူးထူး ပြောစရာမလိုအောင် ကွီးတို့သိပြီးသား ဖြစ်ပါလိမ့်မယ်။ အဓိကအားဖြင့် ဆေးလိပ်သောက်တာဟာ နှလုံးသွေးကြောစနစ်အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှု ရှိစေပြီး နှလုံးကျန်းမာရေးဟာ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ လိင်မှုကျန်းမာရေးအပေါ် များစွာ ဆက်နွယ်နေတာ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ အားလုံးဟာ ပုံမှန်ပြန်လည်အလုပ်လုပ်လာနိုင်မှာ ဖြစ်ပြီး လိင်မှုကျန်းမာရေးနဲ့ပတ်သတ်တဲ့ လိင်တံထောင်မတ်နိုင်စွမ်း ၊ လိင်မှုစွမ်းဆောင်ရည် ၊ လိင်စိတ်ဆန္ဒ Libido စတာတွေကို တိုးတက်ကောင်းမွန်လာစေမှာပဲ ဖြစ်ပါတယ်။

အထက်ပါ အချက်တွေအပြင် ကျန်းမာရေးနဲ့အညီ အာဟာရပြည့်ဝစွာ စားသောက်မယ် ၊ တစ်ရက်ကို မိနစ် ၃၀ ကနေ ၄၅ မိနစ်လောက် လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်မယ် ၊ ကောင်းမွန်တဲ့ အိပ်စက်မှုပုံစံကို လိုက်နာမယ် ၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားမယ်ဆိုရင် လိင်စိတ်ဆန္ဒ Libido ဟာ သဘာဝအတိုင်း တိုးတက်လာစေမှာပဲ ဖြစ်ပါတယ်။

Source : Medical News Today

Featured Photo : The Dating Divas