ကွီးတို့ရေ နှစ်တစ်နှစ် ကုန်ဆုံးဖို့ ရက်ပိုင်းလေးသာ လိုတော့ပါတယ်။ မကြာခင်မှာ နှစ်သစ် တစ်နှစ်ကို စတင်တော့မှာပါ။ ဒီနှစ်မှာ ကွီးတို့တို့ မျှော်လင့်သလို ဖြတ်သန်းခဲ့ရပါသလား။ ကွီးတို့အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ အောင်မြင်မှုတွေ ရခဲ့တာရှိမယ်၊ ကျရှုံးမှုတွေ ရှိခဲ့မယ်၊ ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ စတာတွေ ကြုံတွေ့ခဲ့ရနိုင်ပါတယ်။ တချို့သူများအတွက်တော့ ဒီနှစ်က အကောင်းဆုံးနှစ် ဖြစ်ခဲ့နိုင်သလို၊ တချို့သူများအတွက်တော့ အဆိုးဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့နိုင်ပါတယ်။ ကွီးတို့ရော ဒီနှစ်တစ်နှစ်ပတ်လုံးကို ဖြတ်သန်းခဲ့ရတာ ကျေနပ်ပါရဲ့လား။

ဒီနှစ်မှာ ကြုံတွေဖြတ်သန်းခဲ့ရတာတွေကို ပြင်ဆင်လို့မရတော့ပေမယ့်၊ နောက်နှစ်အတွက် ပြင်ဆင်ပြီး အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့၊ အကောင်းမွန်ဆုံး နှစ်တစ်နှစ်ကို ပိုင်ဆိုင်ဖို့ ကိုယ်တိုင်ဖန်တီးလို့ ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အချိန်တွေကို ပြန်ကြည့်ပြီး ဘယ်အရာတွေမှန်တယ်၊ မှားခဲ့တယ်ဆိုတာ ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြပေးမယ့် မေးခွန်းလေးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ကြည့်ရအောင်။

အချိန်တွေကို အကျိုးရှိရှိ အသုံးချခဲ့လား

ဒီနှစ်တစ်နှစ်ပတ်လုံးကို

Photo : Jooinn

အချိန်က လူတိုင်း တန်းတူညီမျှရပြီး အဖိုးတန်ဆုံးသော အရင်းအမြစ် ဖြစ်ပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချသူနဲ့ အချိန်ကို တန်ဖိုးမထားသူတို့ရဲ့ ဘဝက ကွာခြားသွားပါတယ်။ ဒါ့ကြောင့် ဒီတစ်နှစ်ပတ်လုံး ကွီးတို့ရဲ့ အချိန်ကို ဘယ်လို ကုန်ဆုံးခဲ့သလဲဆိုတာ စဉ်းစားပါ။ မှန်ကန်သောနေရာတွင် အသုံးပြုခဲ့ပါသလား။ တကယ်လို့ ကွီးတို့က အချိန်ကို တန်ဖိုးထားပြီး ကောင်းကောင်း အသုံးမချခဲ့မိဘူးဆိုရင် ဒီအကျင့်ကို နောက်နှစ်ကို သယ်မသွားပါနဲ့။

အရာရာကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပါသလား

ဒီနှစ်တစ်နှစ်ပတ်လုံးကို

Photo : Think Marketing Magazine

ကွီးတို့ရေ ကိုယ်ရောက်နေတဲ့ နယ်ပယ်နဲ့ ကိုယ့်ရဲ့ တာဝန်တွေကို ပေါ့ပေါ့တန်တန် သဘောထားခဲ့မိပါသလား။ အချိန်တွေကိုရော ပေါ့ပေါ့တန်တန် သဘောထားခဲ့ပါသလား။ ဒီလို ပေါ့ပေါ့တန်တန် သဘောထားပြီး ဖြတ်သန်းခဲ့မိရင် ကွီးတို့အတွက် တိုးတက်မှုတွေ၊ အခွင့်အရေးတွေနဲ့ အောင်မြင်မှုတွေဆိုတာ အဝေးကြီးပါ။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ပေါ့ပေါ့တန်တန် သဘောထားမိတယ်ဆိုရင် အခုကတည်း ပြင်ဆင်ပါ။

ရည်မှန်ထားတာတွေ အောင်မြင်ခဲ့အောင်မြင်ခဲ့ပါသလား

ဒီနှစ်တစ်နှစ်ပတ်လုံးကို

Photo : Forbes

လူ‌တော်တော်များများက နှစ်တစ်နှစ်အတွက် ဘာဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒလေးတွေ၊ ရည်မှန်းချက်လေးတွေတော့ ထားတတ်ကြပါတယ်။ ဒါ့အပြင် ပန်းတိုင် အကြီးအသေးသာကွာမယ် လူတိုင်းလိုလို ရောက်ချင်တဲ့ ပန်းတိုင်တွေ ရှိကြမှာပါ။ သို့သော်လည်း ပန်းတိုင်ဆီ ပြီးဆုံး‌အောင် မလျှောက်နိုင်ကြာတာ များပါတယ်။ ကွီးတို့ရော မျှော်မှန်းထားတဲ့ ပန်းတိုင်တွေဆီ ရောက်ခဲ့ပါသလား။ ရောက်ဖို့ နီးစပ်ခဲ့ပါသလား။ လုံးဝကို ကျရှုံးခဲ့ပါသလား။ ဘယ်လိုပဲ ဖြစ်ဖြစ် လာမယ့်နှစ်မှာတော့ ကိုယ်သတ်မှတ်ထားတဲ့ ပန်းတိုင်တွေကို အကောင်အထည် ဖော်နိုင်အောင် ဒီနှစ်မှာ ရခဲ့တဲ့ သင်ခန်းစာတွေကို ယူပါ။

တိုးတက်မှု ရှိခဲ့ပါသလား

Photo : Vista Create

ကွီးတို့ရေ ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေကို ဒီနှစ်မှာ အရောက်မလှမ်းနိုင်ခဲ့ဘူးဆိုရင်တောင် တိုးတက်မှု ရှိနေဖို့လိုပါတယ်။ တိုးတက်မှုရှိနေသရွေ့ ပန်းတိုင်ဆိုတာ တစ်နေ့ကို ကျိန်းသေရောက်မှာပါ။ ဒါ့ကြောင့် တစ်နှစ်ထက် တစ်နှစ် ဘက်ပေါင်းစုံကနေ တိုးတက်မှုရှိအောင် ရှိအောင် ကြိုးစားပါ။

ကျန်းမာရေးကို ဂရုစိုက်ခဲ့ပါသလား

Photo : Vedical.in

ဘဝမှာ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ လုပ်နိုင်မှ နေရတာ ကျေနပ်စရာကောင်းတာပါ။ ရည်မှန်းချက်တွေ ဘယ်လိုပဲ ကြီးမားပါစေ၊ ကျန်းမာရေးမကောင်းရင် စိတ်သွားတိုင်း ကိုယ်မပါနိုင်ပါဘူး။ ဒါ့ကြောင့် ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ ကျန်းမာရေးကို ဂရုမစိုက်ဘဲ နေခဲ့မိရင်တောင် အခုအချိန်ကစပြီး ဘဝရဲ့ ကဏ္ဍအားလုံးကို သက်ရောက်မှုရှိတဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။

ကွီးတို့ရေ ဒီနှစ်တစ်နှစ်ပတ်လုံးကို အလေးမထားဘဲ ဖြတ်သန်းမိခဲ့လို့ ကျေနပ်မှု မရှိဘူးဖြစ်နေပါသလား။ ပြီးခဲ့တဲ့ အရာတွေကို ပြောင်းလဲလို့ မရ‌တော့ပေမယ့် အပေါ်မှာ ဖော်ပြပေးခဲ့တဲ့ အချက်တွေနဲ့ ကိုယ့်ကိုယ်ကို သုံးသပ်ပြီး လာမယ့် ၂၀၂၄ မှာ အကောင်းဆုံး ကြိုးစားနေထိုင်လိုက်ပါ။

Source : LinkedIn

Featured Photo : Vista Create