မျက်နှာပြင်ကြီးကြီးကို မှ ကြိုက်နှစ်သက်ပြီး အလုပ်အတွက် ၊ ဂိမ်းကစားဖို့အတွက် ၊ စာလေ့လာဖို့အတွက် ပေါ့ပါးသယ်ဆောင်ရတာလွယ်ကူတဲ့ Tablets ကိုရှာနေပါသလား။ Tablets တွေဟာ လက်ကိုင်ဖုန်းများထက် မျက်နှာပြင်ကြီးပြီး Laptops များထက် အလေးချိန်ပေါ့တာကြောင့် သယ်ဆောင်ရတာပေါ့ပါး လွယ်ကူတဲ့အတွက် ရွေးချယ်ကြပါတယ်။ ဒါကြောင့် ကွီးတို့ကို ဒီနှစ်အတွက် အကောင်းဆုံးသော Tablets တွေကို ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် ဝေမျှလိုက်ပါတယ်။
(၁) Apple iPad Air (2022)
Photo : The Verage
ဒီနှစ်အတွက် အကောင်းဆုံးသော Tablets ထဲတစ်ခုကို ပြပါဆိုရင် Appleရဲ့ iPad Air (2022) ကိုပြရမှာပါ။ သူ့ရဲ့ဒီဇိုင်းက ပါးလွှာပြီး အထက်တန်းကျပါတယ်။ Display အနေနဲ့က တော့ ၁၀.၉ လက်မရှိပါတယ်။ Storage ကတော့ 64 GB နဲ့ 256GB ဖြစ်ပါတယ်။ အလေးချိန်ကလည်း ၁ ပေါင်သာရှိတဲ့အတွက် တကယ်ကို ပေါ့ပါးပြီး အလွယ်တကူ သယ်ဆောင်သွားလို့ ရပါတယ်။ iOS ထဲက Tables ကို လိုချင်တဲ့ကွီးတွေအတွက် Apple iPad Air (2022) ကိုသာရွေးချယ်လိုက်ပါ။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၅၅၉ ကနေစတင်ကျသင့်မှာ ဖြစ်ပါတယ်။
(၂) Samsung Galaxy Tab S8
Photo : Teach Advisor
Samsung ရဲ့ Galaxy Tab S8 ဟာ Android Tablets တွေထဲမှာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒီ Tablet ဟာဆိုရင် အသံပိုင်းဆိုင်ရာ စွမ်းရည်လည်းကောင်းမွန်ပြီး ကင်မရာတွေကလည်း အတော်ကိုကောင်းမွန်ပါတယ်။ Display အနေနဲ့ကတော့ ၁၁ လက်မရှိပါတယ်။ Storage ကတော့ 128 GB နဲ့ 256GB ဆိုပြီး ၂ မျိုးရှိပါတယ်။ Memory အနေနဲ့ကတော့ 8GB Ram ပါရှိပါတယ်။ သူ့ရဲ့အလေးချိန်က ၁.၁ ပေါင်ပါ။ သူရဲ့ စျေးနှုန်း ကတော့ ဒေါ်လာ ၆၇၉ ကနေစတင်ပါတယ်။
(၃) Microsoft Surface Go 2
Photo : PCMag
ဒီနှစ်ထဲမှာပဲ Windows 10 ထဲက အကောင်းဆုံးသော Laptops များထဲက တစ်ခုဆိုရင်တော့ Microsoft Surface Go 2 ရှိပါတယ်။ သူ့ရဲ့ Display က တော့ ၁၀.၅ လက်မရှိပါတယ်။ Storage ကတော့ 64 GB၊ 128 GB ၊ 256 GB စသည်ဖြင့် ကွီးတို့ အဆင်ပြေရာရွေးချယ်လို့ ရပါတယ်။ အလေးချိန်အနေနဲ့ကတော့ ၁.၂၂ ပေါင် ရှိပါတယ်။ ဒီ Tablet ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ခန့်ကနေ ၅၀၀ အတွင်းကျသင့်မှာ ဖြစ်ပါတယ်။
(၄) Lenovo Yoga Tab 13
Photo : My Next Tablet
Tablet ကိုမှ Screen ပိုကြီးတာကို ကြိုက်ရင် Display ၁၃ လက်မရှိတဲ့ Lenovo ရဲ့ Yoga Tab 3 ကိုရွေးချယ်လိုက်ပါ။ သူရဲ့ Storage ကတော့ 128 GB ရှိပါတယ်။ အလေးချိန်အနေနဲ့ကတော့ ၁.၈၃ ပေါင် ရှိတာကြောင့် အခြားသော Tables တွေနဲ့ ယှဉ်ရင် အနည်းငယ်တော့ ပိုလေးပါတယ်။ သူ့ရဲ့စျေးနှုန်းကတော့ ဒေါ်လာ ၆၇၉.၉၉ ပဲ ဖြစ်ပါတယ်။
ကဲ ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ ဒီနှစ်အတွက် အကောင်းဆုံးသော Tablets တွေထဲက ဘယ်ဟာကို ကြိုက်နှစ်သက်ပါသလဲ။
Source : Tom’s Guide
Featured Photo : Techspot