မိုလ်ဘိုင်းဂိမ်း နယ်ပယ်ဟာ တစ်စထက် တစ်စ ကြီးထွားလာနေတာ ကွီးတို့ မျက်မြင်ပါပဲ။ တစ်နှစ်ထက် တစ်နှစ်လည်း ပိုမိုက်ပိုလန်းတဲ့ ဂိမ်းအသစ်သစ်တွေ အများကြီး ထွက်ပေါ်လာနေပါတယ်။ ပစ်ခတ်တိုက်ခိုက်ရတဲ့ Shooting ဂိမ်းတွေ ၊ Role-Playing ဂိမ်းတွေ ၊ ရင်ခုန်စိတ်လှုပ်ရှားစရာ Adventure ဂိမ်းတွေ ၊ Online Battle Arena ဂိမ်းတွေ ၊ Racing ဂိမ်းတွေအပြင် ပေါ့ပေါ့ပါးပါး ဆော့လို့ရတဲ့ ဂိမ်းလေးတွေနဲ့ Puzzle ဂိမ်းတွေ ရွေးချယ်စရာ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာ အခုနှစ် ၂၀၂၄ ထဲမှာ လူကြိုက်များ ဟစ်ဖြစ်နေတဲ့ အမိုက်စား ဂိမ်း တွေ ကို ဂိမ်းချစ်သူ ကွီးတို့အတွက် ပြောပြပေးချင်ပါတယ်။

(၁) The Room

Source : FireproofGames

The Room ဂိမ်း ကတော့ စီးရီးအလိုက်ကို ဖြုတ်ရမယ့် အကြမ်းဆုံး Puzzle ဂိမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ခေါင်းစားရတာကြိုက်သူတွေအတွက် လုံးဝကွက်တိကျစေမှာ ဖြစ်ပြီး တဆင့်ချင်း ပိုခက် ၊ ပိုနက်နဲလာတဲ့ ပဟေဋ္ဌိတွေကို အဖြေရှာရင်း စိတ်ဝင်စားဖွယ် ဆော့ကစားရမှာပါ။ သုံးထားတဲ့ Graphics တွေ ကြမ်းသလို ၊ နောက်ခံအသံစနစ်တွေ ၊ Control ပိုင်းတွေကလည်း လုံးဝမိုက်ပါတယ်။ Puzzle ဂိမ်းချစ်သူတစ်ယောက်ဆိုရင် The Room ဂိမ်းက မဆော့မဖြစ်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

(၂) Mini Metro

Source : GameTrailers

Mini Metro ကတော့ ပေါ့ပေါ့ပါးပါး ဆော့ရမယ့် Puzzle Strategy ဂိမ်း အမိုက်စားလေးပါ။ ဂိမ်းပုံစံလေးက မြို့ပြဆောက်လုပ်ရေး တစ်ပိုင်းတစ်ပိုင်းဖြစ်တဲ့ လမ်းကြောင်းတွေ Design ဆွဲ တာ ၊ Subway Systems တွေကို စီမံခန့်ခွဲပေးရတာတွေ လုပ်ရမှာပါ။ ဂိမ်းရဲ့ နောက်ခံ Soundtrack ၊ အသုံးပြုထားတဲ့ ကာလာတွေ ၊ ရိုးရှင်းတဲ့ ဂိမ်းဒီဇိုင်းတွေက တော်တော်လေး Relaxing ဖြစ်စေတဲ့ Experience ကို ရမှာ ဖြစ်တာကြောင့် ဟဲဗီး ဂိမ်းတွေ မဆော့ချင်ဘူး ဆိုရင်တော့ ဒီဂိမ်းလေးကို Try ကြည့်သင့်ပါတယ်။

(၃) Evoland

Source : Shiro Games | Unlimited

Evoland ဂိမ်း က ထွက်တာ တော်တော်ကြာပါပြီ။ ၂၀၁၅ လောက်မှာ Android နဲ့ iOS အတွက် စတင် မိတ်ဆက်လာခဲ့တာပါ။ ဆိုတော့ လူသိများပြီးသားဖြစ်တဲ့ ဂိမ်းတစ်ခုဆိုတာ ငြင်းလို့ မရသလို RPG ဂိမ်းအမျိုးအစားတွေထဲမှာ ဒီနေ့အထိ လူကြိုက် အများဆုံးနဲ့ အကောင်းဆုံး ဂိမ်းတစ်ခု ဖြစ်နေဆဲပါ။ ခေတ်ဟောင်းစတိုင် Graphics ကို သုံးထားပြီး Modern 3-D ဂိမ်း အတွေ့အကြုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၄) Genshin Impact

Source : IGN

Genshin Impact ကို ဂိမ်း ချစ်သူ အများစု သိကြမယ် ထင်ပါတယ်။ ဒီဂိမ်းက Open-World Action RPG ဂိမ်း အမျိုးအစား ဖြစ်ပြီး Free To Play ဆော့ကစားလို့ ရတဲ့အတွက် လူကြိုက်များပါတယ်။ မတူညီတဲ့ နေရာဒေသ အသစ်တွေဆီ စူးစမ်းရှာဖွေ ခရီးနှင်ရင်း မှော်ပညာတွေ ၊ ထူးခြားတဲ့ ပါဝါတွေကို သုံးပြီး ရန်သူတွေနဲ့ တိုက်ခိုက်တာ ၊ ပဟေဠိတွေ အဖြေရှာတာတွေ လုပ်ရမှာ ဖြစ်ပါတယ်။ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတစ်ခု ဖြစ်သလို အမိုက်စား Graphics တွေနဲ့ အထာကျကျ ဆော့ရမှာ ဖြစ်ပါတယ်။

(၅) GRID Autosport

Source : Game Spot

GRID Autosport ကတော့ ၂၀၁၉ ထဲမှာ ထွက်ခဲ့တာဖြစ်ပြီး တော်တော်မိုက်တဲ့ Racing ဂိမ်းတစ်ခုလို့ ပြောရမှာ ဖြစ်ပါတယ်။ မတူညီတဲ့ Rcing Styles တွေ ၊ ပြိုင်ကား အလန်းကြီးတွေ ပါသလို Graphics ၊ Control ပိုင်းတွေလည်း တော်တော်ကြမ်းပြီး ၊ Hardware Controller Support ပေးထားပါတယ်။ Online ရော Offline အနေနဲ့ပါ ကစားလို့ရတဲ့ အမိုက်စား ကားပြိုင်ပွဲ ဂိမ်းတစ်ခု ဖြစ်တာကြောင့် Racing ဂိမ်းတွေကြိုက်တဲ့ ကွီးတို့ လက်စွမ်းပြလိုက်ပါဦး။

ကွီးတို့ရော လက်ရှိမှာ ဘယ် မိုလ်ဘိုင်းဂိမ်းတွေ ဆော့ဖြစ်နေလဲ ? အကြိုက်ဆုံး ဂိမ်းတွေ ရှိရင် ကွန်းမန့်မှာ ပြောပြပေးခဲ့ပါဦး။

Source : Forbes

Featured Photo : Moddroid.io