၂၀၂၅ ခုနှစ်က ရုပ်ရှင်ချစ်သူတွေ ပျော်ရမယ့် နှစ်တစ်နှစ်ပါပဲ။ ဒီနှစ်ထဲမှာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ရုံတင်ကားတွေ ၊ ရုပ်ရှင်ကား ကောင်းတွေ အများကြီး ထွက်ရှိထားတာပါ။ ဒီဆောင်းပါးမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ကိုကြည့်ရမယ့် ဇာတ်ကားကောင်းတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Love Hurts (2025)

Photo : Universal Pictures UK

ရုပ်ရှင်ကား နာမည် Love Hurts ဆိုလို့ အချစ်ရိုမန့်တစ် ဇာတ်ကားလို့တော့ မထင်လိုက်ပါနဲ့။ လူမိုက်ဂိုဏ်းတွေ ပါဝင်ပတ်သတ်နေတဲ့ အမှန်အကန် ဖိုက်မယ့် ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။ Everything Everywhere All at Once ထဲက မင်းသား Ke Huy Quan က အဓိက ဇာတ်ကောင်နေရာကနေ ပါဝင်ထားပြီး မင်းသားချော Daniel Wu ၊ Cam Gigandet တို့လို နာမည်ကြီး အက်တာတွေ အများကြီး ဒီဇာတ်ကားထဲမှာ ဝန်းရံထားပါတယ်။

(၂) Together (2025)

Source : IGN Movie Trailers

ဒီဇာတ်ကားကတော့ ဂရိရှေးဟောင်း အယူအဆတွေနဲ့ ဆက်စပ်နေတဲ့ စိတ်ဝင်စားစရာ Horror ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဂရိအယူအဆအရ လူတွေဟာ မူလအစက ခေါင်းနှစ်လုံး ၊ ခြေလက်နှစ်စုံပါတဲ့ သတ္တဝါတွေ မွေးဖွားလာခဲ့ရာကနေ ဂရိနတ်ဘုရား ဇုစ်ရဲ့ အစွမ်းနဲ့ လူတွေကို တစ်ယောက်စီဖြစ်အောင် ခွဲထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။ ရှေးဟောင်းအယူအဆတွေနဲ့ သွေးပျက်ခြောက်ခြားဖွယ် Horror ပြကွက်တွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၃) Thunderbolts* (2025)

 

 

Source : Rotten Tomatoes Trailers

Marvel ဖန်တွေ ကြည့်ကို ကြည့်ရမယ့် Marvel Studios ရဲ့ နောက်ဆုံးထွက် လက်ရာသစ် ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Yelena Belova ၊ Bucky Barnes ၊ John Walker ၊ Ghost နဲ့ Red Guardian တို့လို Anti-Heroes ဇာတ်ကောင်တွေ ပါဝင်ပြီး Mission ကြီးတစ်ခုကို လုပ်ဆောင်ဖို့ လူဆိုးဆရာကြီးများကို Team တစ်ခုအဖြစ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Marvel ရဲ့ လူဟောင်း အက်တာတွေနဲ့ပဲ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် Marvel ဖန်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။

(၄) A Working Man (2025)

Source : Amazon MGM Studios

ကွီးတို့ အချစ်တော် အက်ရှင်ဆရာသမား ကတုံးမင်းသား Jason Statham ရဲ့ ပူပူနွေးနွေး ရုပ်ရှင်ကား အသစ် ဖြစ်ပါတယ်။ ထုံးစံအတိုင်း Jason Statham ရဲ့ ရှယ်ကြမ်းထားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပြီး ရုရှားမာဖီးယားတစ်ဖွဲ့လုံးနဲ့ တစ်ယောက်တည်း ခံဖြုတ်မယ့် Action / Thriller ဇာတ်ကား အမျိုးအစား ဖြစ်ပါတယ်။

(၅) F1 (2025)

 

 

Source : Warner Bros.

ဒီနှစ်ထဲက အကောင်းဆုံး Sport ရုပ်ရှင်ကား လို့ပြောရမယ့် F1 (2025) ကတော့ Formula 1 ကားပြိုင်ပွဲအကြောင်းတွေအကြောင်းကို အခြေခံပြီး တင်ဆက်ပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ မင်းသားကြီး Brad Pitt ကတော့ F1 ရဲ့ အတော်ဆုံး ကားပြိုင်သမား Sonny Hayes ဇာတ်ကောင်နေရာကနေ ပါဝင်ထားပြီး Formula 1 ကားပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ ၊ ပြိုင်ကားတွေအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။

Source : IMDb

Featured Photo : Forbes