ရုပ်ရှင်ဆို ရှယ်ကြမ်းတဲ့ Action ခန်းတွေနဲ့ Thriller ဆန်ဆန် ၊ Crime ဆန်ဆန် ဇာတ်ကားတွေမှာ ကြိုက်တဲ့ ကွီးတို့အတွက် လက်မလွှတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း အချိုု့ကို ညွှန်းပေးပါမယ်။ အကြံအဖန်မဟုတ် အမှန်အကန်ဖြုတ်တဲ့ ခပ်ကြမ်းကြမ်း ဇာတ်ကားတွေ ကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ကား တွေကိုသာ ကွီးတို့ ကြည့်လိုက်ပါ။

(၁) Havoc (2025)

Source : Netflix

ဒီနှစ်ထဲမှာ ပူပူနွေးနွေး ထွက်ထားတဲ့ ရှယ်ကြမ်းတဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ Tom Hardy ရဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေနဲ့အတူ ရာဇဝတ်ဂိုဏ်း ၂ ခုကြားက အရှုပ်တော်ပုံတွေ ၊ အကျင့်ပျက် ချစားရဲတွေနဲ့ ပတ်လည်ဖြုတ်ကြမယ့် Action ၊ Crime ၊ Drama ရုပ်ရှင် ကား ဖြစ်ပါတယ်။

(၂) The Alto Knights (2025)

Source : Warner Bros.

လူဆိုးဂိုဏ်းတွေ ၊ မူးယစ်ဆေးတွေ ၊ အမှုအခင်းကိစ္စတွေကို စိတ်ဝင်စားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ ကြည့်သင့်တဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားက အမေရိကန်နိုင်ငံရဲ့ ဩဇာအကြီးမားဆုံး လူဆိုးဂိုဏ်း ခေါင်းဆောင် တစ်ယောက်အကြောင်း အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင် ကား ဖြစ်ပါတယ်။

(၃) Den of Thieves 2: Pantera (2025)

Source : Lionsgate Movies

၂၀၁၈ က ထွက်ခဲ့တဲ့ Den of Thieves ရဲ့ အဆက် Part 2 ရုပ်ရှင် ဖြစ်ပါတယ်။ သူခိုး Action ဇာတ်ကားလို့ပဲ အလွယ်ပြောရမှာပါပဲ။ ကမ္ဘာ့အကြီးဆုံး စိန်စင်တာကို ဝင်ဖောက်ကြမယ့် သူခိုးအဖွဲ့အနေနဲ့ ရဲတွေ ၊ စိန်နဲ့ဆက်စပ်နေတဲ့ မာဖီးယားတွေလက်ကနေ ဘယ်လိုလွှတ်အောင် ကြိုးပမ်းမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရမှာ ဖြစ်ပါတယ်။

(၄) Hit Man (2024)

Source : Rotten Tomatoes Trailers

ခပ်ကြမ်းကြမ်း Action ဇာတ်ကားတွေပဲ ညွှန်းနေတာဆိုတော့ ဟာသလေးနှောပြီး Action ခန်းတွေလည်းပါတဲ့ Hit Man (2023) ရုပ်ရှင် ကားကိုလည်း ထည့်ပေါင်းညွှန်း ပေးလိုက်ပါတယ်။ ဟာသဆိုပေမယ့် ပေါပေါပဲပဲ မဟုတ်ပဲ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်အိမ်ကို တည်ထားတာဖြစ်လို့ Comedy ကိုမှ Action / Crime ဆန်ဆန် ရိုက်ကူးထားတဲ့ အမိုက်စား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Source : Rotten Tomatoes

Featured Photo : Get Your Comic On