ဈေးကွက်ထဲမှာ တန်ဖိုးအသင့်အတင့်ရှိပြီး သုံးလို့ကောင်းတဲ့ စမတ်ဖုန်း အများအပြားရှိပါတယ်။ တန်ဖိုးကြီးမားတဲ့ စမတ်ဖုန်းတွေက ပိုကောင်းတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်သော်လည်း နေ့စဉ်လူနေမှု ဘဝအတွက် အခြေခံ အသုံးဝင်ပုံမှုကိုတော့ တန်ဖိုးသင့် သို့မဟုတ် တန်ဖိုးနည်း စမတ်ဖုန်းတွေကလည်း ပေးစွမ်းနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ကို တန်ဖိုးအားဖြင့် ဒေါ်လာ ၂၀၀ အောက် ရှိပြီး အကောင်းဆုံး Android ဖုန်းများ ကိုဖော်ပြပေးချင်ပါတယ်။

Samsung Galaxy A13

ဒေါ်လာ ၂၀၀ Android

Photo : My TrendyPhone.eu

ပထမဆုံးဖော်ပြပေးချင်တဲ့ ဒေါ်လာ ၂၀၀ အောက် အကောင်းဆုံး Android ဖုန်းတစ်လုံးကတော့ Samsung Galaxy A13 ပဲဖြစ်ပါတယ်။ သူ့မှာ သေးငယ်တဲ့ ဘေးဘောင်နဲ့ ခေတ်မီတဲ့ မျက်နှာပြင်ပါရှိပါတယ်။ Storage ကိုလည်း တိုးချဲ့နိုင်ပါတယ်။ ဘတ်ထရီက 5,000mAh Battery ဖြစ်ပြီး အားသွင်းရာမှာလည်း မြန်ဆန်တာကြောင့် ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးပါ။

Nokia G20

ဒေါ်လာ ၂၀၀ Android

Photo : FoneXpress

ကွီးတို့ထဲမှာ Nokia ကို ကြိုက်နှစ်သက်ဖူးတဲ့ သူရှိပါသလား။ ဒါဆိုရင်‌တော့ Nokia G20 က ရွေးချယ်သင့်တဲ့ ဒေါ်လာ ၂၀၀ အောက် စမတ်ဖုန်းတစ်လုံးပါ။ သူ့မှာ ဘေးဘက်တွင် တပ်ဆင်ထားသော လက်ဗွေရာ စကင်နာပါရှိသော အရောင်နှစ်ရောင်ရရှိနိုင်ပါတယ်။ အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းမွန်သော 48MP ပင်မကင်မရာအပါအဝင် Quad-Camera စနစ်ထည့်သွင်းမှု လည်းပါဝင်ပါတယ်။ Storage အနေနဲ့ကတော့ 128GB ပါရှိပြီး၊ 512GB အထိတိုးချဲ့လို့ရပါတယ်။

Moto G Play

ဒေါ်လာ ၂၀၀ Android

Photo : Amazon.com

နောက်ထပ်ဖော်ပြချင်တဲ့ စမတ်ဖုန်း တစ်လုံးကတော့ Moto G Play ပဲ ဖြစ်ပါတယ်။ ဒီဖုန်းက ကျွန်တော်တို့နဲ့ နည်းနည်းစိမ်းနိုင်ပေမဲ့ ဒေါ်လာ ၂၀၀ အောက် ရွေးချယ်စရာများထဲမှာ တစ်ခု အဝင်ပါ။ သူ့မှာ ကြီးမားပြီး တောက်ပသော HD မျက်နှာပြင် ပါရှိတာကြောင့် ဗီဒီယို ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းတို့အတွက် တကယ်ကို ကောင်းမွန်ပါတယ်။ 13MP နဲ့ 2MP ကင်မရာနှစ်ခု ပါဝင်ပါတယ်။

TCL 20 SE

Smart phone

Photo : DLG ELECTRONICS

နောက်ထပ်ဖော်ပြချင်တဲ့ Android ဖုန်းတစ်လုံးကတော့ TCL 20 SE ပဲဖြစ်ပါတယ်။ သူ့မှာ တောက်ပတဲ့ Display နဲ့ အမြန်အားသွင်းစနစ်ပါရှိသော ဘက်ထရီ တို့ပါရှိပါတယ်။ Storage အနေနဲ့ ကတော့ 128GB ပါရှိပြီး 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ လှပတဲ့လက်ဗွေရာစကင်နာလည်း ပါရှိပါတယ်။ ကြံ့ခိုင်သော အတွင်းပိုင်းကလည်း ရွေးချယ်သင့်တဲ့ အချက်တစ်ခုပါ။

Moto G Power (2022)

Smart Phone

Photo : ebay

Moto G Power စမတ်ဖုန်းကတော့ ကောင်းမွန်တဲ့ ဘတ်ထရီသက်တမ်း ပါရှိပြီး microSD ကတ်ဖြင့် Storage ကို တိုးချဲ့နိုင်ပါတယ်။ ဒီဖုန်းနဲ့ ရိုက်နိုင်တဲ့ ကောင်းမွန်တဲ့ ကင်မရာစွမ်းဆောင်ရည်က ၎င်းကို ပေးရတဲ့ ဈေးနဲ့တန်စေပါတယ်။ မျက်နှာပြင်အကျယ်က ၆.၅ လက်မရှိတာကြောင့် မျက်နှာပြင်ကြီးကြီး ကြိုက်တဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုပါပဲ။

Source : Android Central

Featured Photo : Teachradar